လေ့ကျင့်ခန်းကွင်တွင် အီဗရာရဲ့ဘရုစ္စလီကစ်ကြောင့် ဂယ်ရီနဗီးလ် သေလုမျောပါးအဖြစ်အပျက်ကြုံခဲ့

ပက်ထရစ်အီဗရာရဲ့ဘရုစ္စလီကန်ချက်ကြောင့်ဂယ်ရီနဗီးလ်တစ်ယောက် သေလောက်တဲ့အနေအထားအထိဖြစ်ခဲ့ကြောင်းသိရပါတယ်။အဆိုပါကစားသမားနှစ်ဦးတို့ဟာမန်ယူတွင်ကစားတုန်းကအဆိုပါမတော်တဆမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းဟာလေ့ကျင့်ရေးကွင်းပွဲမှာမန်ယူအသင်းခေါင်းဆောင်ဟောင်းဂယ်ရီနဗီးလ်ထံမှကြမ်းတမ်းစွာဖျက်ထုတ်မှုခံခဲ့ရပြီးနောက်ပြန်လည်တုံ့ပြန်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အီဗရာက “ဂယ်ရီနဲ့အရမ်းကောင်းတဲ့ဆက်ဆံရေးရှိပါတယ်။ကျွန်တော် ရောက်လာတော့သူ ချက်ချင်းရောက်လာပြီးအိမ်ငှားဖို့လိုက်ပြပေးတယ်။သူကတကယ့်အသင်းခေါင်းဆောင်ကောင်းပါ။ဒါပေမယ့်တစ်နေ့လေ့ကျင့်ရေးကွင်းမှာတော့ဖြစ်ကြရော။ကျွန်တော်ဘောလုံးရတော့သူကဖျက်ထုတ်တယ်။ကျွန်တော်လဲကျသွားချိန်မှာခြေထောက်ကိုတက်နင်းထားတယ်။နာလိုက်တာဆိုတာ။ကျုပ်ကလည်းသူ့ကို ‘ဟေ့ဂယ်ရီ ဘာလို့မတောင်းပန်တာလဲ?’လို့မေးလိုက်တယ်။သူက F ပါတဲ့စကားလုံးနဲ့တောင်ဆဲသွားသေးတယ်။ကျွန်တော်ကလည်းကောင်းပြီပေါ့။ပြန်စတယ်။စက္ကန့်၂၀လောက်အကြာမှာရခဲ့တာ။သူကဘောလုံးကိုရင်ဘတ်နဲ့ထိန်းလိုက်တယ်။ကျူပ်လည်းဘရုစ္စလီရဲ့အကွက်နဲ့ခုန်ကန်လိုက်တယ်။လည်မျိုသွားထိတယ်။သူနောက်ဂျွမ်းပြန်လုနီးပါးပဲ။လည်ပင်းရိုးကျိုးသွားနိုင်တယ်”လို့ပြောကြားသွားပါတယ်။

အီဗရာရဲ့ဘရုစ္စလီကွန်ဖူးကန်ချက်ကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်ပြီးဆာအဲလက်စ်ဖာဂူဆန်ကလေ့ကျင့်ရေးကွင်းအစီအစဉ်ကိုရပ်ဆိုင်းခဲ့ပါတယ်။ဝိန်းရွန်းနီဟာအီဗရာကိုယင်းဖျက်ထုတ်မှုအတွက်အပြစ်တင်ခဲ့ပါတယ်။

ယင်းသို့အဖြစ်အပျက်မျိုးဖြစ်ခဲ့ပေမယ့်အီဗရာနှင့်ဂယ်ရီနဗီးလ်တို့အကြားမှာဘာပြဿနာမှမရှိပါဘူး။

အီဗရာက “ဖာဂူဆန်ကလေ့ကျင့်ရေးအစီအစဉ်ကိုရပ်လိုက်တယ်။အားလုံးလည်းရှိနေတယ်။ ဝိန်းရွန်းနီက ‘မင်းရူးနေလား။သူလဲသွားပုံနဲ့ဆိုတစ်ခါတည်းတောင်သေသွားနိုင်တယ်’လို့အပြစ်တင်ပါတယ်။ကျူပ်ကလည်း ‘နောက်တကြိမ်ကျရင် သူ ‘sorry’လို့ပြောမှာပါလို့။နောက်တော့ဂယ်ရီအဝတ်အစားလဲခန်းထဲဝင်လာတယ်။ ‘မင်းရူးနေလားဟေ့ကောင်’လို့ပြောပါတယ်။ကျူပ်ကလည်း ‘ဟေ့ဂယ်ရီ နောက်တကြိမ်ကျရင် ‘sorry’ ဆိုပြီးတောင်းပန်ကွာ”လို့ပြောလိုက်တယ်။သူလည်းအေးဆေးပါ။သူတို့အားလုံးကဒီလိုချည်းပဲ။ ‘ဒီကောင်က အရမ်းငြိမ်တယ်။အရမ်းအန္တရာယ်များတယ်”နောက်ပိုင်းကတော့ကျွန်တော့်ကိုတလေးတစားဆက်ဆံလာကြတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ဂယ်ရီကိုချစ်တယ်။သူလည်းကျွန်တော့်ကိုချစ်တယ်။ဂယ်ရီကလူရိုးပါ။တကယ်လို့ခင်ဗျားသာမန်ချက်စတာယူနိုက်တက်ကိုချစ်ရင်သူ့ကိုလည်းချစ်လာမှာပါ”လို့ပြောကြားခဲ့ပါတယ်။

အီဗရာဟာမန်ချက်စတာဒါဘီပွဲမတိုင်မီ ပရိသတ်များနှင့်အမေးအဖြေအစီအစဉ်အတွက်အိုးထရက်ဖို့ဒ်ကွင်းသို့ပြန်လာစဉ်အိုးထရက်ဖို့ဒ်ကွင်းမြက်ခင်းမှမြက်အရအသာကိုမြည်းစမ်းစားခဲ့တာတွေ့ရပါတယ်။

ZawGyi

ေလ့က်င့္ခန္းကြင္တြင္ အီဗရာရဲ႕ဘ႐ုစၥလီကစ္ေၾကာင့္ ဂယ္ရီနဗီးလ္ ေသလုေမ်ာပါးအျဖစ္အပ်က္ႀကဳံခဲ့

ပက္ထရစ္အီဗရာရဲ႕ဘ႐ုစၥလီကန္ခ်က္ေၾကာင့္ဂယ္ရီနဗီးလ္တစ္ေယာက္ ေသေလာက္တဲ့အေနအထားအထိျဖစ္ခဲ့ေၾကာင္းသိရပါတယ္။အဆိုပါကစားသမားႏွစ္ဦးတို႔ဟာမန္ယူတြင္ကစားတုန္းကအဆိုပါမေတာ္တဆမႈျဖစ္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမားေဟာင္းဟာေလ့က်င့္ေရးကြင္းပြဲမွာမန္ယူအသင္းေခါင္းေဆာင္ေဟာင္းဂယ္ရီနဗီးလ္ထံမွၾကမ္းတမ္းစြာဖ်က္ထုတ္မႈခံခဲ့ရၿပီးေနာက္ျပန္လည္တုံ႔ျပန္မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

အီဗရာက “ဂယ္ရီနဲ႔အရမ္းေကာင္းတဲ့ဆက္ဆံေရးရွိပါတယ္။ကြၽန္ေတာ္ ေရာက္လာေတာ့သူ ခ်က္ခ်င္းေရာက္လာၿပီးအိမ္ငွားဖို႔လိုက္ျပေပးတယ္။သူကတကယ့္အသင္းေခါင္းေဆာင္ေကာင္းပါ။ဒါေပမယ့္တစ္ေန႔ေလ့က်င့္ေရးကြင္းမွာေတာ့ျဖစ္ၾကေရာ။ကြၽန္ေတာ္ေဘာလုံးရေတာ့သူကဖ်က္ထုတ္တယ္။ကြၽန္ေတာ္လဲက်သြားခ်ိန္မွာေျခေထာက္ကိုတက္နင္းထားတယ္။နာလိုက္တာဆိုတာ။က်ဳပ္ကလည္းသူ႔ကို ‘ေဟ့ဂယ္ရီ ဘာလို႔မေတာင္းပန္တာလဲ?’လို႔ေမးလိုက္တယ္။သူက F ပါတဲ့စကားလုံးနဲ႔ေတာင္ဆဲသြားေသးတယ္။ကြၽန္ေတာ္ကလည္းေကာင္းၿပီေပါ့။ျပန္စတယ္။စကၠန႔္၂၀ေလာက္အၾကာမွာရခဲ့တာ။သူကေဘာလုံးကိုရင္ဘတ္နဲ႔ထိန္းလိုက္တယ္။က်ဴပ္လည္းဘ႐ုစၥလီရဲ႕အကြက္နဲ႔ခုန္ကန္လိုက္တယ္။လည္မ်ိဳသြားထိတယ္။သူေနာက္ဂြၽမ္းျပန္လုနီးပါးပဲ။လည္ပင္း႐ိုးက်ိဳးသြားႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။

အီဗရာရဲ႕ဘ႐ုစၥလီကြန္ဖူးကန္ခ်က္ေၾကာင့္႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီးဆာအဲလက္စ္ဖာဂူဆန္ကေလ့က်င့္ေရးကြင္းအစီအစဥ္ကိုရပ္ဆိုင္းခဲ့ပါတယ္။ဝိန္း႐ြန္းနီဟာအီဗရာကိုယင္းဖ်က္ထုတ္မႈအတြက္အျပစ္တင္ခဲ့ပါတယ္။

ယင္းသို႔အျဖစ္အပ်က္မ်ိဳးျဖစ္ခဲ့ေပမယ့္အီဗရာႏွင့္ဂယ္ရီနဗီးလ္တို႔အၾကားမွာဘာျပႆနာမွမရွိပါဘူး။

အီဗရာက “ဖာဂူဆန္ကေလ့က်င့္ေရးအစီအစဥ္ကိုရပ္လိုက္တယ္။အားလုံးလည္းရွိေနတယ္။ ဝိန္း႐ြန္းနီက ‘မင္း႐ူးေနလား။သူလဲသြားပုံနဲ႔ဆိုတစ္ခါတည္းေတာင္ေသသြားႏိုင္တယ္’လို႔အျပစ္တင္ပါတယ္။က်ဴပ္ကလည္း ‘ေနာက္တႀကိမ္က်ရင္ သူ ‘sorry’လို႔ေျပာမွာပါလို႔။ေနာက္ေတာ့ဂယ္ရီအဝတ္အစားလဲခန္းထဲဝင္လာတယ္။ ‘မင္း႐ူးေနလားေဟ့ေကာင္’လို႔ေျပာပါတယ္။က်ဴပ္ကလည္း ‘ေဟ့ဂယ္ရီ ေနာက္တႀကိမ္က်ရင္ ‘sorry’ ဆိုၿပီးေတာင္းပန္ကြာ”လို႔ေျပာလိုက္တယ္။သူလည္းေအးေဆးပါ။သူတို႔အားလုံးကဒီလိုခ်ည္းပဲ။ ‘ဒီေကာင္က အရမ္းၿငိမ္တယ္။အရမ္းအႏၲရာယ္မ်ားတယ္”ေနာက္ပိုင္းကေတာ့ကြၽန္ေတာ့္ကိုတေလးတစားဆက္ဆံလာၾကတယ္။ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္ဂယ္ရီကိုခ်စ္တယ္။သူလည္းကြၽန္ေတာ့္ကိုခ်စ္တယ္။ဂယ္ရီကလူ႐ိုးပါ။တကယ္လို႔ခင္ဗ်ားသာမန္ခ်က္စတာယူႏိုက္တက္ကိုခ်စ္ရင္သူ႔ကိုလည္းခ်စ္လာမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

အီဗရာဟာမန္ခ်က္စတာဒါဘီပြဲမတိုင္မီ ပရိသတ္မ်ားႏွင့္အေမးအေျဖအစီအစဥ္အတြက္အိုးထရက္ဖို႔ဒ္ကြင္းသို႔ျပန္လာစဥ္အိုးထရက္ဖို႔ဒ္ကြင္းျမက္ခင္းမွျမက္အရအသာကိုျမည္းစမ္းစားခဲ့တာေတြ႕ရပါတယ္။