လေ့ကျင့်ခန်းလုပ်လွန်းမှုကြောင့် ဖာဂူဆန်ရဲ့နှင်ထုတ်ခြင်းခံခဲ့ရတဲ့ စီရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာလေ့ကျင့်ရေးကွင်းတွင်အချိန်အကြာကြီးလေ့ကျင့်ခန်းလုပ်နေမှုကြောင့်ဆာအဲလက်စ်ဖာဂူဆန်ကပွဲနီးနေမှုကြောင့်နှင်ထုတ်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

မန်ယူဂန္ထဝင်နည်းပြဟာခရစ္စတီယာနိုရော်နယ်ဒိုကိုဘောလုံးလိမ်ခေါက်မှု၊ကျွမ်းကျင်မှုတို့ လေ့ကျင့်ခန်းလွန်းကာပင်ပန်းလာမှာစိုးတာကြောင့်လေ့ကျင့်ရေးကွင်းကနေနှင်ထုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

၂၀၀၃ခုနှစ်တုန်းကမန်ယူအတွက်ခရစ္စတီယာနိုရော်နယ်ဒို ပထမဆုံးပွဲကစားစဉ် လူစားလဲခြင်းခံခဲ့ရတဲ့နစ်ကီဘတ်ဟာ Viva Ronaldo အမည်ရှိစာအုပ်တွင် အထက်ပါအတိုင်း ရေးသားသွားခဲ့တာဖြစ်ပါတယ်။

နစ်ကီဘတ်က “ရော်နယ်ဒိုဟာပါရမီရှင်တစ်ဦးအနေနဲ့ပေါ်ထွန်းလာတဲ့သူပါ။ဒါပေမယ့် သူ့ကိုထိပ်ဆုံးသို့ရောက်အောင်လုပ်တာပါရမီကြောင့်ချည်းမဟုတ်ပါဘူး။တော်တဲ့ကစားသမားတွေကအမြဲအလုပ်ကြိုးစားတယ်။လေ့ကျင့်ရေးကွင်းကနေနောက်ကျပြီးမှပြန်ပြီးသူတို့ရဲ့နည်းစနစ်တွေကိုလေ့ကျင့်နေလေ့ရှိပါတယ်။ဒါပေမယ့်ရော်နယ်ဒိုကတော့ပိုပြီးတော့ပေးဆပ်ရင်းနှီးတဲ့သူပါ။အရမ်းကိုအလုပ်ကြိုးစားတယ်။သူ့မှာဘုရားပေးတဲ့ ကြံ့ခိုင်မှုပိုင်းမရှိခဲ့ဘူး။ဒီအတွက်သူအလုပ်ကြိုးစားခဲ့တယ်။အရင်တုန်းကသူကပိန်ပိန်ပါးပါးလေးတစ်ဦးပါ။နှစ်ပေါင်းများစွာကြိုးစားလာတဲ့အခါသူဟာတောင့်တင်းလာခဲ့ပါတယ်။ပရီးမီးယားလိဂ်ရဲ့တောင်းဆိုမှုကြောင့်သူဟာကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်။လေ့ကျင့်ရေးကွင်းမှာလည်းရွိုင်ကိန်းတို့၊ဂျပ်စတန်းတို့လိုမျိုး ကစားသမားမျိုးတွေနဲ့ဆုံခဲ့ရတယ်။ဖရီးကစ်ကန်မှုအပိုင်းကိုလည်းမနားတမ်းလေ့ကျင့်တယ်။ဘယ်နေရာမှာဘယ်လိုကောင်းအောင်လုပ်ချင်တယ်ဆိုတာကျွန်တော်တို့ကိုပြောပြလေ့ရှိတယ်။ဖြစ်လာတဲ့အထိလည်းလုပ်တယ်။ကစားသမားတစ်ချို့ကအလုပ်ကြိုးစားတယ်။လေ့ကျင့်ခန်းအပိုဆင်းတာနဲ့ပြောကြတယ်။ဒါပေမယ့်ဘယ်လောက်များ လေ့ကျင့်ကြလဲ။အားလုံးကအိမ်ကိုစောစောပြန်ပြီးတစ်ခုခုစားချင်နေကြသူတွေချည်းပါ။၂၄/၇ အလုပ်ကြိုးစားတဲ့သူကရှားတယ်။ဒါပေမယ့်ရော်နယ်ဒိုကအဲဒီလိုလူမျိုးတွေထဲကတစ်ဦးပါ။ရည်းစားလည်းမရှိခဲ့ဘူး။အခြားဘာကိုမှလည်းစိတ်မဝင်စားဘူး။ဇနီးရောကလေးရောမရှိဘူး။တစ်ယောက်တည်းနေတယ်။သူကလေ့ကျင့်ရေးကွင်းကနေ နောက်ဆုံးမှပြန်တဲ့သူပါ။သူ့ကိုလေ့ကျင့်ရေးကွင်းကနေပြန်အောင်လည်းလုပ်လို့မရဘူး။ကျွန်တော်တို့အားလုံးပြန်သွားချိန်မှာသူတစ်ယောက်တည်းနည်းစနစ်တွေလေ့ကျင့် ကျန်ခဲ့တယ်။ကျွန်တော်တို့တတွေကန်တိန်းမှာစားသောက်ပြီးအိမ်သို့ပြန်ဖို့အသင့်ဖြစ်နေပြီ။နှစ်နာရီ၊သုံးနာရီလောက်ဆိုရင် ဆာအဲလက်စ်ကလေ့ကျင့်ရေးကွင်းတစ်ခုလုံးလွှမ်းအောင်ရော်နယ်ဒိုကိုအော်ပြီး နောက်နှစ်ရက်ဆိုပွဲရှိတယ်တော်တော့အိမ်ပြန်တော့လိုပြောတာကြားရလေ့ရှိတယ်”လို့ဆိုသွားပါတယ်။

ZawGyi

ေလ့က်င့္ခန္းလုပ္လြန္းမႈေၾကာင့္ ဖာဂူဆန္ရဲ႕ႏွင္ထုတ္ျခင္းခံခဲ့ရတဲ့ စီေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေလ့က်င့္ေရးကြင္းတြင္အခ်ိန္အၾကာႀကီးေလ့က်င့္ခန္းလုပ္ေနမႈေၾကာင့္ဆာအဲလက္စ္ဖာဂူဆန္ကပြဲနီးေနမႈေၾကာင့္ႏွင္ထုတ္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

မန္ယူဂႏၴဝင္နည္းျပဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေဘာလုံးလိမ္ေခါက္မႈ၊ကြၽမ္းက်င္မႈတို႔ ေလ့က်င့္ခန္းလြန္းကာပင္ပန္းလာမွာစိုးတာေၾကာင့္ေလ့က်င့္ေရးကြင္းကေနႏွင္ထုတ္ခဲ့ရတာလည္းျဖစ္ပါတယ္။

၂၀၀၃ခုႏွစ္တုန္းကမန္ယူအတြက္ခရစၥတီယာႏိုေရာ္နယ္ဒို ပထမဆုံးပြဲကစားစဥ္ လူစားလဲျခင္းခံခဲ့ရတဲ့နစ္ကီဘတ္ဟာ Viva Ronaldo အမည္ရွိစာအုပ္တြင္ အထက္ပါအတိုင္း ေရးသားသြားခဲ့တာျဖစ္ပါတယ္။

နစ္ကီဘတ္က “ေရာ္နယ္ဒိုဟာပါရမီရွင္တစ္ဦးအေနနဲ႔ေပၚထြန္းလာတဲ့သူပါ။ဒါေပမယ့္ သူ႔ကိုထိပ္ဆုံးသို႔ေရာက္ေအာင္လုပ္တာပါရမီေၾကာင့္ခ်ည္းမဟုတ္ပါဘူး။ေတာ္တဲ့ကစားသမားေတြကအၿမဲအလုပ္ႀကိဳးစားတယ္။ေလ့က်င့္ေရးကြင္းကေနေနာက္က်ၿပီးမွျပန္ၿပီးသူတို႔ရဲ႕နည္းစနစ္ေတြကိုေလ့က်င့္ေနေလ့ရွိပါတယ္။ဒါေပမယ့္ေရာ္နယ္ဒိုကေတာ့ပိုၿပီးေတာ့ေပးဆပ္ရင္းႏွီးတဲ့သူပါ။အရမ္းကိုအလုပ္ႀကိဳးစားတယ္။သူ႔မွာဘုရားေပးတဲ့ ႀကံ့ခိုင္မႈပိုင္းမရွိခဲ့ဘူး။ဒီအတြက္သူအလုပ္ႀကိဳးစားခဲ့တယ္။အရင္တုန္းကသူကပိန္ပိန္ပါးပါးေလးတစ္ဦးပါ။ႏွစ္ေပါင္းမ်ားစြာႀကိဳးစားလာတဲ့အခါသူဟာေတာင့္တင္းလာခဲ့ပါတယ္။ပရီးမီးယားလိဂ္ရဲ႕ေတာင္းဆိုမႈေၾကာင့္သူဟာႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးျဖစ္ေအာင္လုပ္ခဲ့တယ္။ေလ့က်င့္ေရးကြင္းမွာလည္း႐ြိဳင္ကိန္းတို႔၊ဂ်ပ္စတန္းတို႔လိုမ်ိဳး ကစားသမားမ်ိဳးေတြနဲ႔ဆုံခဲ့ရတယ္။ဖရီးကစ္ကန္မႈအပိုင္းကိုလည္းမနားတမ္းေလ့က်င့္တယ္။ဘယ္ေနရာမွာဘယ္လိုေကာင္းေအာင္လုပ္ခ်င္တယ္ဆိုတာကြၽန္ေတာ္တို႔ကိုေျပာျပေလ့ရွိတယ္။ျဖစ္လာတဲ့အထိလည္းလုပ္တယ္။ကစားသမားတစ္ခ်ိဳ႕ကအလုပ္ႀကိဳးစားတယ္။ေလ့က်င့္ခန္းအပိုဆင္းတာနဲ႔ေျပာၾကတယ္။ဒါေပမယ့္ဘယ္ေလာက္မ်ား ေလ့က်င့္ၾကလဲ။အားလုံးကအိမ္ကိုေစာေစာျပန္ၿပီးတစ္ခုခုစားခ်င္ေနၾကသူေတြခ်ည္းပါ။၂၄/၇ အလုပ္ႀကိဳးစားတဲ့သူကရွားတယ္။ဒါေပမယ့္ေရာ္နယ္ဒိုကအဲဒီလိုလူမ်ိဳးေတြထဲကတစ္ဦးပါ။ရည္းစားလည္းမရွိခဲ့ဘူး။အျခားဘာကိုမွလည္းစိတ္မဝင္စားဘူး။ဇနီးေရာကေလးေရာမရွိဘူး။တစ္ေယာက္တည္းေနတယ္။သူကေလ့က်င့္ေရးကြင္းကေန ေနာက္ဆုံးမွျပန္တဲ့သူပါ။သူ႔ကိုေလ့က်င့္ေရးကြင္းကေနျပန္ေအာင္လည္းလုပ္လို႔မရဘူး။ကြၽန္ေတာ္တို႔အားလုံးျပန္သြားခ်ိန္မွာသူတစ္ေယာက္တည္းနည္းစနစ္ေတြေလ့က်င့္ က်န္ခဲ့တယ္။ကြၽန္ေတာ္တို႔တေတြကန္တိန္းမွာစားေသာက္ၿပီးအိမ္သို႔ျပန္ဖို႔အသင့္ျဖစ္ေနၿပီ။ႏွစ္နာရီ၊သုံးနာရီေလာက္ဆိုရင္ ဆာအဲလက္စ္ကေလ့က်င့္ေရးကြင္းတစ္ခုလုံးလႊမ္းေအာင္ေရာ္နယ္ဒိုကိုေအာ္ၿပီး ေနာက္ႏွစ္ရက္ဆိုပြဲရွိတယ္ေတာ္ေတာ့အိမ္ျပန္ေတာ့လိုေျပာတာၾကားရေလ့ရွိတယ္”လို႔ဆိုသြားပါတယ္။