လေ့ကျင့်ခန်းအစီအစဉ်တွင်ခြေစွမ်းပြနိုင်မှုကြောင့် ဗီလာနှင့်ပွဲတွင် ကစားသမားသစ်ဆောလ်နီဂူးဇ်ကို တူချယ်သုံးမည်

ဆောလ်နီဂူးဇ်ဟာချဲလ်ဆီးသို့စတင်ရောက်ရှိတဲ့တစ်ပတ်အတွင်းမှာဘဲနည်းပြသောမတ်စ်တူချယ်ကျေနပ်လောက်အောင်လုပ်ဆောင်ပြနိုင်မှုနဲ့အတူချဲလ်ဆီးအတွက်ပထမဆုံးပွဲကစားရေးအကြာကြီးစောင့်ဆိုင်းနေရမှာမဟုတ်ပါဘူး။

စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာအက်သလက်တီကိုမှငှားရမ်းခပေါင်၄.၅သန်းဖြင့်စတမ်းဖို့ဒ်ဘရစ်ချ်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။ချဲလ်ဆီးဟာဆောလ်နီဂူးဇ်ရဲ့အငှားစာချုပ်အတွင်းတွင်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းထားပါတယ်။

သူဟာလေ့ကျင့်ခန်းအစီအစဉ်မှာအကောင်းဆုံးလုပ်ပြနိုင်မှုနဲ့အတူချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ရဲ့ယုံကြည်မှုရရှိနေပြီဖြစ်ကြောင်းသိရပါတယ်။

ဆောလ်နီဂူးဇ်ဟာအက်သလက်တီကိုနှင့်အတူလာလီဂါဖလားတစ်ကြိမ်၊ယူရိုပါလိဂ်ဖလားနှစ်ကြိမ်၊ချန်ပီယံလိဂ်ဒုတိယတစ်ကြိမ်ရရှိဖူးရာအတွေ့အကြုံရင့်ကျက်သူလည်းဖြစ်ပါတယ်။

သူဟာနိုင်ငံတကာပွဲများကြောင့်ချဲလ်ဆီးစီနီယာကစားသမားများအဝေးသို့ရောက်နေချိန်တွင်အသင်းခေါင်းဆောင်ပီသတဲ့အပြုအမူမျိုးဖြင့်အသင်းကိုဦးဆောင်နိုင်မှုမှာလည်းတူချယ်ကျေနပ်နေတဲ့အချက်ထဲမှာပါဝင်ပါတယ်။

ဒါကြောင့်သူဟာမကြာမီကာလအတွင်းမှာချဲလ်ဆီးရဲ့အဓိကကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့အန်ဂိုလိုကန်တီ(သို့မဟုတ်)ဂျော်ဂျင်ဟိုကိုအရန်ခုံမှာထိုင်ရအောင်လုပ်ဆောင်လာနိုင်ဖို့ရှိနေပါတယ်။

သူဟာယခုအပတ်မှာကစားရမယ့်ဗီလာနှင့်ပွဲစဉ်မှာချဲလ်ဆီးရဲ့ပွဲထွက်လူစာရင်းမှာမပါဝင်နိုင်လျှင်လည်းအရန်စာရင်းမှာပါဝင်လာဖို့သေချာနေပါတယ်။

ZawGyi

ေလ့က်င့္ခန္းအစီအစဥ္တြင္ေျခစြမ္းျပႏိုင္မႈေၾကာင့္ ဗီလာႏွင့္ပြဲတြင္ ကစားသမားသစ္ေဆာလ္နီဂူးဇ္ကို တူခ်ယ္သုံးမည္

ေဆာလ္နီဂူးဇ္ဟာခ်ဲလ္ဆီးသို႔စတင္ေရာက္ရွိတဲ့တစ္ပတ္အတြင္းမွာဘဲနည္းျပေသာမတ္စ္တူခ်ယ္ေက်နပ္ေလာက္ေအာင္လုပ္ေဆာင္ျပႏိုင္မႈနဲ႔အတူခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲကစားေရးအၾကာႀကီးေစာင့္ဆိုင္းေနရမွာမဟုတ္ပါဘူး။

စပိန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာအက္သလက္တီကိုမွငွားရမ္းခေပါင္၄.၅သန္းျဖင့္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာေဆာလ္နီဂူးဇ္ရဲ႕အငွားစာခ်ဳပ္အတြင္းတြင္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းထားပါတယ္။

သူဟာေလ့က်င့္ခန္းအစီအစဥ္မွာအေကာင္းဆုံးလုပ္ျပႏိုင္မႈနဲ႔အတူခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ရဲ႕ယုံၾကည္မႈရရွိေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေဆာလ္နီဂူးဇ္ဟာအက္သလက္တီကိုႏွင့္အတူလာလီဂါဖလားတစ္ႀကိမ္၊ယူ႐ိုပါလိဂ္ဖလားႏွစ္ႀကိမ္၊ခ်န္ပီယံလိဂ္ဒုတိယတစ္ႀကိမ္ရရွိဖူးရာအေတြ႕အႀကဳံရင့္က်က္သူလည္းျဖစ္ပါတယ္။

သူဟာႏိုင္ငံတကာပြဲမ်ားေၾကာင့္ခ်ဲလ္ဆီးစီနီယာကစားသမားမ်ားအေဝးသို႔ေရာက္ေနခ်ိန္တြင္အသင္းေခါင္းေဆာင္ပီသတဲ့အျပဳအမူမ်ိဳးျဖင့္အသင္းကိုဦးေဆာင္ႏိုင္မႈမွာလည္းတူခ်ယ္ေက်နပ္ေနတဲ့အခ်က္ထဲမွာပါဝင္ပါတယ္။

ဒါေၾကာင့္သူဟာမၾကာမီကာလအတြင္းမွာခ်ဲလ္ဆီးရဲ႕အဓိကကြင္းလယ္ကစားသမားႏွစ္ဦးျဖစ္တဲ့အန္ဂိုလိုကန္တီ(သို႔မဟုတ္)ေဂ်ာ္ဂ်င္ဟိုကိုအရန္ခုံမွာထိုင္ရေအာင္လုပ္ေဆာင္လာႏိုင္ဖို႔ရွိေနပါတယ္။

သူဟာယခုအပတ္မွာကစားရမယ့္ဗီလာႏွင့္ပြဲစဥ္မွာခ်ဲလ္ဆီးရဲ႕ပြဲထြက္လူစာရင္းမွာမပါဝင္ႏိုင္လွ်င္လည္းအရန္စာရင္းမွာပါဝင္လာဖို႔ေသခ်ာေနပါတယ္။