လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိသွားမှုကြောင့် ဖီယင်နုသို့ ဒီရယ်လိုရဲ့အပြောင်းအရွှေ့ပျက်ပြယ်

မန်ယူလူငယ်စတားအာမက်ဒီရယ်လိုရဲ့ဖီယင်နုသို့အပြောင်းအရွှေ့မှာပျက်ပြယ်သွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။အိုင်ဗရီကို့စ်တောင်ပံကစားသမားဟာလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိသွားခဲ့မှုကြောင့်အနားယူရတော့မှာဖြစ်တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အသက်၁၉နှစ်ရှိအာမက်ဒီရယ်လိုရဲ့ဒဏ်ရာအခြေအနေအတိမ်အနက်ကိုမသိရသေးပါဘူး။သူဘယ်လောက်အထိအနားယူရမလဲဆိုတာကိုလည်းမသိရသေးပါဘူး။

ဒါပေမယ့်ဖီယင်နုနည်းစနစ်ဒါရိုက်တာဖရန့်အာနီဆင်က “သူဒဏ်ရာရခဲ့ပါတယ်။ပျက်ပြယ်သွားခဲ့ပါပြီ။အရမ်းဆိုးတယ်။အားလုံးပြီးသွားပါပြီ။မန်ယူကလူတွေနဲ့စကားတွေလည်းအများကြီးပြောခဲ့ပြီးသားပါ။သူပြန်ကစားနိုင်ဖို့နည်းနည်းစောင့်ရဖို့ရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒီရယ်လိုဟာဇန်နဝါရီလတုန်းကမန်ယူသို့ရောက်လာပြီးနောက်မန်ယူအတွက်၈ပွဲကစားခွင့်ရရှိထားသူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာခရစ္စတီယာနိုရော်နယ်ဒို၊ဆန်ချိုတို့ရောက်လာမှုနဲ့အတူမန်ယူတွင်အခွင့်အရေးနည်းပါးလာတော့မှာဖြစ်ပါတယ်။

ZawGyi

ေလ့က်င့္ခန္းအစီအစဥ္တြင္ ဒဏ္ရာရရွိသြားမႈေၾကာင့္ ဖီယင္ႏုသို႔ ဒီရယ္လိုရဲ႕အေျပာင္းအေ႐ႊ႕ပ်က္ျပယ္

မန္ယူလူငယ္စတားအာမက္ဒီရယ္လိုရဲ႕ဖီယင္ႏုသို႔အေျပာင္းအေ႐ႊ႕မွာပ်က္ျပယ္သြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။အိုင္ဗရီကို႔စ္ေတာင္ပံကစားသမားဟာေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိသြားခဲ့မႈေၾကာင့္အနားယူရေတာ့မွာျဖစ္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္သြားခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္အသက္၁၉ႏွစ္ရွိအာမက္ဒီရယ္လိုရဲ႕ဒဏ္ရာအေျခအေနအတိမ္အနက္ကိုမသိရေသးပါဘူး။သူဘယ္ေလာက္အထိအနားယူရမလဲဆိုတာကိုလည္းမသိရေသးပါဘူး။

ဒါေပမယ့္ဖီယင္ႏုနည္းစနစ္ဒါ႐ိုက္တာဖရန႔္အာနီဆင္က “သူဒဏ္ရာရခဲ့ပါတယ္။ပ်က္ျပယ္သြားခဲ့ပါၿပီ။အရမ္းဆိုးတယ္။အားလုံးၿပီးသြားပါၿပီ။မန္ယူကလူေတြနဲ႔စကားေတြလည္းအမ်ားႀကီးေျပာခဲ့ၿပီးသားပါ။သူျပန္ကစားႏိုင္ဖို႔နည္းနည္းေစာင့္ရဖို႔ရွိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒီရယ္လိုဟာဇန္နဝါရီလတုန္းကမန္ယူသို႔ေရာက္လာၿပီးေနာက္မန္ယူအတြက္၈ပြဲကစားခြင့္ရရွိထားသူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာခရစၥတီယာႏိုေရာ္နယ္ဒို၊ဆန္ခ်ိဳတို႔ေရာက္လာမႈနဲ႔အတူမန္ယူတြင္အခြင့္အေရးနည္းပါးလာေတာ့မွာျဖစ္ပါတယ္။