လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေစွမ်းပြနိုင်မှုကြောင့် မကြာမီ မန်ယူအတွက် ပွဲထွက်ကစားခွင့်ရတော့မယ့် ဒီရယ်လို

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကအေမက်ဒီရယ်လိုမှာလေ့ကျင့်ခန်းအစီအစဉ်များတွင်အကောင်းဆုံးလုပ်ပြ နိုင်မှုနဲ့အတူယခုရက်သတ္တပတ်များအတွင်းတွင်မန်ယူအတွက်ပွဲဦးထွက်ကစားလာနိုင်ကြောင်းပြောကြားလာပါတယ်။

အသက်၁၈နှစ်ရှိဒီရယ်လိုဟာယခုလအစောပိုင်းတုန်းကအတ္တလန္တာမှမန်ယူသို့ပေါင်၃၇သန်းပြောင်းလာခဲ့သူဖြစ်ပါတယ်။

ဒီရယ်လိုဟာပထမရာသီဝက်တွင်အတ္တလန္တာအတွက်အရန်အဖြစ်နှစ်ပွဲတည်းသာကစားခွင့်ရရှိခဲ့ပေမယ့်အနှေးနှင့် အမြန်ဆိုသလိုမန်ယူအတွက်ကစားခွင့်ရလာဖို့ရှိပါတယ်။

သတင်းထောက်ကနောက်လေးပတ်(သို့မဟုတ်)ငါးပတ်အတွင်းမန်ယူအတွက်ဒီရယ်လိုကစားခွင့်ရလာနိုင်သလားဟုမေးမြန်းမှုအားဆိုးလ်ရှားက “အဲဒီထက်မြန်နိုင်ပါတယ်။အသင်းမှာသူပါဝင်လာဖို့သိပ်မကြာတော့ဘူးထင်ပါ တယ်။ဒီမှာသူအားလုံးအဆင်ပြေပြေနဲ့အထိုင်ကျပါတယ်။ကစားသမားတွေကလည်းသူ့ကိုဂရုစိုက်ကြတယ်။သူကလည်းအလုပ်အရမ်းကြိုးစားပြီးပြုုံးနေတတ်တဲ့ကောင်လေးဖြစ်သလိုလိုက်လျောညီထွေနေနိုင်စွမ်းရှိပါတယ်။အထိုင်ချဖို့အချိန်လိုတယ်ဆိုပေမယ့်သူအားလုံးအဆင်ပြေချောမွေ့နေပါတယ်။လေ့ကျင့်ခန်းအစီအစဉ်တွေမှာသူကောင်း ကောင်းလုပ်နိုင်သလိုလေ့ကျင့်ရေးပွဲတွေမှာလည်းကွဲပြားအောင်လုပ်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာယနေ့မှာဖူလ်ဟမ်နှင့်ကစားရမှာဖြစ်ပြီးရှက်ဖီးလ်ယူနိုက်တက်၊ဆောက်သမ်တန်တို့နှင့်ကစားရပါမယ်။ဒါ့အပြင်၎င်းတို့ဟာအက်ဖ်အေဖလားပဥ္စမအဆင့်ကစားရဦးမှာဖြစ်သလိုဖေဖော်ဝါရီလမှာယူရိုပါလိဂ်ကစားရပါဦးမယ်။

ZawGyi

ေလ့က်င့္ခန္းအစီအစဥ္မွာ ေျခစြမ္းျပႏိုင္မႈေၾကာင့္ မၾကာမီ မန္ယူအတြက္ ပြဲထြက္ကစားခြင့္ရေတာ့မယ့္ ဒီရယ္လို

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကေအမက္ဒီရယ္လိုမွာေလ့က်င့္ခန္းအစီအစဥ္မ်ားတြင္အေကာင္းဆုံးလုပ္ျပ ႏိုင္မႈနဲ႔အတူယခုရက္သတၱပတ္မ်ားအတြင္းတြင္မန္ယူအတြက္ပြဲဦးထြက္ကစားလာႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၁၈ႏွစ္ရွိဒီရယ္လိုဟာယခုလအေစာပိုင္းတုန္းကအတၱလႏၲာမွမန္ယူသို႔ေပါင္၃၇သန္းေျပာင္းလာခဲ့သူျဖစ္ပါတယ္။

ဒီရယ္လိုဟာပထမရာသီဝက္တြင္အတၱလႏၲာအတြက္အရန္အျဖစ္ႏွစ္ပြဲတည္းသာကစားခြင့္ရရွိခဲ့ေပမယ့္အေႏွးႏွင့္ အျမန္ဆိုသလိုမန္ယူအတြက္ကစားခြင့္ရလာဖို႔ရွိပါတယ္။

သတင္းေထာက္ကေနာက္ေလးပတ္(သို႔မဟုတ္)ငါးပတ္အတြင္းမန္ယူအတြက္ဒီရယ္လိုကစားခြင့္ရလာႏိုင္သလားဟုေမးျမန္းမႈအားဆိုးလ္ရွားက “အဲဒီထက္ျမန္ႏိုင္ပါတယ္။အသင္းမွာသူပါဝင္လာဖို႔သိပ္မၾကာေတာ့ဘူးထင္ပါ တယ္။ဒီမွာသူအားလုံးအဆင္ေျပေျပနဲ႔အထိုင္က်ပါတယ္။ကစားသမားေတြကလည္းသူ႔ကိုဂ႐ုစိုက္ၾကတယ္။သူကလည္းအလုပ္အရမ္းႀကိဳးစားၿပီးျပဳုံးေနတတ္တဲ့ေကာင္ေလးျဖစ္သလိုလိုက္ေလ်ာညီေထြေနႏိုင္စြမ္းရွိပါတယ္။အထိုင္ခ်ဖို႔အခ်ိန္လိုတယ္ဆိုေပမယ့္သူအားလုံးအဆင္ေျပေခ်ာေမြ႕ေနပါတယ္။ေလ့က်င့္ခန္းအစီအစဥ္ေတြမွာသူေကာင္း ေကာင္းလုပ္ႏိုင္သလိုေလ့က်င့္ေရးပြဲေတြမွာလည္းကြဲျပားေအာင္လုပ္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာယေန႔မွာဖူလ္ဟမ္ႏွင့္ကစားရမွာျဖစ္ၿပီးရွက္ဖီးလ္ယူႏိုက္တက္၊ေဆာက္သမ္တန္တို႔ႏွင့္ကစားရပါမယ္။ဒါ့အျပင္၎တို႔ဟာအက္ဖ္ေအဖလားပၪၥမအဆင့္ကစားရဦးမွာျဖစ္သလိုေဖေဖာ္ဝါရီလမွာယူ႐ိုပါလိဂ္ကစားရပါဦးမယ္။