
မန်ချက်စတာယူနိုက်တက်စတားအန်တိုနီမာရှယ်ဟာလေ့ကျင့်ခန်းအပြည့်အဝပြန်လည်ဆင်းလာနိုင်ပြီဖြစ်ပါတယ်။
အန်တိုနီမာရှယ်ဟာလေ့ကျင့်ခန်းအပြည့်အဝဆင်းလာနိုင်မှုနဲ့အတူ ပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင်ပါ ပါဝင်နိုင်ရန်မျှော်လင့်နေပါတယ်။
အသက်၂၆နှစ်ရှိမာရှယ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆီဗီလာတွင်ရာသီဝက်အငှားဖြင့်သွားရောက်ကစားပြီးနောက် နွေရာသီတွင်ယူနိုက်တက်သို့ပြန်လည်ရောက်လာခဲ့သူဖြစ်ပါတယ်။
သူဟာနည်းပြသစ်အဲရစ်တန်ဟက်လက်အောက်မှာ ယူနိုက်တက်ရဲ့ရာသီကြိုခြေစမ်းပွဲများတွင်ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့သူဟာယခုရာသီမှာတော့ဒဏ်ရာပြဿနာကြောင့်ယူနိုက်တက်အတွက်လေးပွဲတည်းသာကစားထားနိုင်ပါတယ်။ဒါပေမဲ့သူဟာ၃ဂိုးအထိသွင်းထားနိုင်ပါတယ်။
မာရှယ်ဟာတံကောက်ကြော၊ဖနောင့်နှင့်ကျောဒဏ်ရာတို့ကြောင့်ရုန်းကန်ခဲ့ရပေမဲ့လေ့ကျင့်ခန်းအပြည့်အဝဆင်းလာနိုင်ပြီဖြစ်ပါတယ်။
သူဟာကြာသပတေးနေ့ဆိုစီဒက်နှင့်ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲတွင်အရန်အဖြစ်မပါဝင်နိုင်ပါကလည်းတနင်္ဂနွေနေ့တွင်အက်စတွန်ဗီလာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲတွင်ယူနိုက်တက်လူစာရင်းမှာပါဝင်လာဖို့ရှိပါတယ်။
ZawGyi
လေ့ကျင့်ခန်းအပြည့်အဝဆင်းလာနိုင်မှုနှင့်အတူ ပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်ရန်ပါ မျှော်လင့်လာတဲ့ ယူနိုက်တက်ရဲ့မာရှယ်