လေ့ကျင့်ရေးကွင်းတွင် ကစားဖော်ဂူယီကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင် ဘက်ပေး ပါဝင်ရန် မသေချာ

ကိုင်လီယန်ဘက်ပေးဟာပီအက်စ်ဂျီကစားဖော်ကြောင့်ရရှိတဲ့ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ကိုရင်ဆိုင်ကစားရမယ့်ပီအက်စ်ဂျီရဲ့အဝေးကွင်းပွဲစဉ်ကိုလွဲချော်ဖို့ရှိနေပါတယ်။

အသက်၂၃နှစ်ရှိတိုက်စစ်မှူးဟာတနင်္လာနေ့လေ့ကျင့်ရေးအစီအစဉ်တွင်ကစားဖော်အိုင်ဒရစ်ဆာဂူယီရဲ့နင်းခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဘက်ပေးဟာချက်ချင်းပင်နာကျင်စွာကွင်းမြက်ခင်းပေါ်သို့လဲကျသွားခဲ့ပြီးခြေထောက်ဒဏ်ရာပြင်းထန်စွာရရှိသွားမှာစိုးရိမ်ခဲ့ရပါတယ်။

ပြင်သစ်စူပါစတားဟာယင်းဒဏ်ရာကိုစစ်ဆေးမှုပြုလုပ်ခဲ့ရပြီးအရိုးအက်ခြင်းမရှိကြောင်းတွေ့ရပါတယ်။

ဒါပေမဲ့ပီအက်စ်ဂျီအနေဖြင့်ကိုင်လီယန်ဘက်ပေးရဲ့အခြေအနေကို၂၄နာရီကြာစောင့်ဆိုင်းကြည့်ရှုပြီးမှ ရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင်ကစားနိုင်/မကစားနိုင်ဆုံးဖြတ်ရပါမယ်။

ပီအက်စ်ဂျီဟာဗုဒ္ဓဟူးနေ့ညတွင်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်ဘာနေဗျူးသို့သွားရောက်ကာရီးရဲလ်မက်ဒရစ်ကိုရင်ဆိုင်ကစားရပါမယ်။ပီအက်စ်ဂျီဟာပဲရစ်တွင်ကစားခဲ့တဲ့ပထမအကျော့ပွဲစဉ်တုန်းကဘက်ပေးရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်ရီးရဲလ်မက်ဒရစ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင်ဆာဂျီယိုရာမို့စ်မှာလည်းဒဏ်ရာကြောင့်အသင်းဟောင်းရီးရဲလ်မက်ဒရစ်ကိုဘာနေဗျူးသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲမှာပါဝင်လာမှာမဟုတ်ပါဘူး။ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းဟာရီရာမှာလည်းလာမယ့်အပတ်တွင်မှလေ့ကျင့်ခန်းပြန်ဆင်းနိုင်မှာဖြစ်လို့ပါဝင်မှာမဟုတ်ပါဘူး။

ZawGyi

ေလ့က်င့္ေရးကြင္းတြင္ ကစားေဖာ္ဂူယီေၾကာင့္ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ႏွင့္ပြဲတြင္ ဘက္ေပး ပါဝင္ရန္ မေသခ်ာ

ကိုင္လီယန္ဘက္ေပးဟာပီအက္စ္ဂ်ီကစားေဖာ္ေၾကာင့္ရရွိတဲ့ဒဏ္ရာေၾကာင့္ ရီးရဲလ္မက္ဒရစ္ကိုရင္ဆိုင္ကစားရမယ့္ပီအက္စ္ဂ်ီရဲ႕အေဝးကြင္းပြဲစဥ္ကိုလြဲေခ်ာ္ဖို႔ရွိေနပါတယ္။

အသက္၂၃ႏွစ္ရွိတိုက္စစ္မႉးဟာတနလၤာေန႔ေလ့က်င့္ေရးအစီအစဥ္တြင္ကစားေဖာ္အိုင္ဒရစ္ဆာဂူယီရဲ႕နင္းျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဘက္ေပးဟာခ်က္ခ်င္းပင္နာက်င္စြာကြင္းျမက္ခင္းေပၚသို႔လဲက်သြားခဲ့ၿပီးေျခေထာက္ဒဏ္ရာျပင္းထန္စြာရရွိသြားမွာစိုးရိမ္ခဲ့ရပါတယ္။

ျပင္သစ္စူပါစတားဟာယင္းဒဏ္ရာကိုစစ္ေဆးမႈျပဳလုပ္ခဲ့ရၿပီးအ႐ိုးအက္ျခင္းမရွိေၾကာင္းေတြ႕ရပါတယ္။

ဒါေပမဲ့ပီအက္စ္ဂ်ီအေနျဖင့္ကိုင္လီယန္ဘက္ေပးရဲ႕အေျခအေနကို၂၄နာရီၾကာေစာင့္ဆိုင္းၾကည့္ရႈၿပီးမွ ရီးရဲလ္မက္ဒရစ္ႏွင့္ပြဲတြင္ကစားႏိုင္/မကစားႏိုင္ဆုံးျဖတ္ရပါမယ္။

ပီအက္စ္ဂ်ီဟာဗုဒၶဟူးေန႔ညတြင္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ဘာေနဗ်ဴးသို႔သြားေရာက္ကာရီးရဲလ္မက္ဒရစ္ကိုရင္ဆိုင္ကစားရပါမယ္။ပီအက္စ္ဂ်ီဟာပဲရစ္တြင္ကစားခဲ့တဲ့ပထမအေက်ာ့ပြဲစဥ္တုန္းကဘက္ေပးရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္ရီးရဲလ္မက္ဒရစ္ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဒါ့အျပင္ဆာဂ်ီယိုရာမို႔စ္မွာလည္းဒဏ္ရာေၾကာင့္အသင္းေဟာင္းရီးရဲလ္မက္ဒရစ္ကိုဘာေနဗ်ဴးသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲမွာပါဝင္လာမွာမဟုတ္ပါဘူး။ယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္းဟာရီရာမွာလည္းလာမယ့္အပတ္တြင္မွေလ့က်င့္ခန္းျပန္ဆင္းႏိုင္မွာျဖစ္လို႔ပါဝင္မွာမဟုတ္ပါဘူး။