လေ့ကျင့်ရေးကွင်းတွင် ဆာအဲလက်စ်ဖာဂူဆန်နှင့် အကျေအလည်ဆွေးနွေးခဲ့ရကြောင်း ဆိုးလ်ရှားဝန်ခံ

အိုလီဂန်းနားဆိုးလ်ရှားကယခုအပတ်အစောပိုင်းတုန်းကမန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းအတည်ပြုသွားပါတယ်။

ယူနိုက်တက်နည်းပြဟာတနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်ခါးသီးလှတဲ့ပြိုင်ဘက်လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အနာဂတ်မရေမရာဖြစ်လာခဲ့ပါတယ်။

ပရိသတ်များ၊ဘောလုံးဝေဖန်ရေးသမားများကဆိုးလ်ရှားအားထုတ်ပယ်ရန်တောင်းဆိုခဲ့ကြသလိုမန်ယူဘုတ်အဖွဲ့တွင်လည်းထုတ်ပယ်လိုတဲ့သူများရှိလာခဲ့ပါတယ်။

ဒါပေမယ့်မန်ယူဘုတ်အဖွဲ့ဟာဆိုးလ်ရှားကိုယနေ့ညစပါးစ်နှင့်ပွဲအားကိုင်တွယ်ရန်အခွင့်အရေးပေးထားတုန်းဖြစ်ပါတယ်။

ဆိုးလ်ရှားက”ဆာအဲလက်စ်ကကြော်ငြာကိစ္စတစ်ချို့အတွက်ရောက်လာခဲ့တာပါ။အဲဒါပြီးတော့သူနဲ့တွေ့ခဲ့တယ်။သူနဲ့ခဏတဖြုတ်စကားပြောဖြစ်ပါတယ်။ကျွန်တော်ဟာကစားသမားတစ်ဦးအဖြစ်ဒီမှာဆိုးရွားတဲ့ကာလတစ်ချို့ကြုံခဲ့ဖူးပါတယ်။နည်းပြတစ်ဦးဖြစ်လာချိန်မှာလည်းကြုံရပါတယ်။ဒါတွေကိုကိုင်တွယ်ဖြေရှင်းသွားပါတယ်။ဒီမှာနည်းပြဖြစ်လာပြီးတဲ့နောက်အခက်အခဲအကြပ်အတည်းနှစ်ကြိမ်သုံးကြိမ်လောက်ကြုံခဲ့ပြီးပါပြီ။ကျွန်တော်ပြောနိုင်တာတစ်ခုကတော့အစွမ်းကုန်ပြန်လည်တိုက်ပြီးအကောင်းဆုံးတုံ့ပြန်သွားမယ်ဆိုတာပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားကတိုင်ဆန်ဖူရီကဲ့သို့အလဲထိုးခံရချိန်တွင်ပြန်လည်ရုန်းထပြီးပြိုင်ဘက်ကိုအလဲထိုးကြရန်မန်ယူကစားသမားများကိုတိုက်တွန်းသွားပါတယ်။

တိုင်ဆန်ဖူရီဟာဒီယွန်တေးဝိုင်ဒါနှင့်ပွဲစဉ်များတွင်နှစ်ကြိမ်တိုင်တိုင်အလဲထိုးခံခဲ့ရပေမယ့်လည်းပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။

ZawGyi

ေလ့က်င့္ေရးကြင္းတြင္ ဆာအဲလက္စ္ဖာဂူဆန္ႏွင့္ အေက်အလည္ေဆြးေႏြးခဲ့ရေၾကာင္း ဆိုးလ္ရွားဝန္ခံ

အိုလီဂန္းနားဆိုးလ္ရွားကယခုအပတ္အေစာပိုင္းတုန္းကမန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္းအတည္ျပဳသြားပါတယ္။

ယူႏိုက္တက္နည္းျပဟာတနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္တြင္ခါးသီးလွတဲ့ၿပိဳင္ဘက္လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အနာဂတ္မေရမရာျဖစ္လာခဲ့ပါတယ္။

ပရိသတ္မ်ား၊ေဘာလုံးေဝဖန္ေရးသမားမ်ားကဆိုးလ္ရွားအားထုတ္ပယ္ရန္ေတာင္းဆိုခဲ့ၾကသလိုမန္ယူဘုတ္အဖြဲ႕တြင္လည္းထုတ္ပယ္လိုတဲ့သူမ်ားရွိလာခဲ့ပါတယ္။

ဒါေပမယ့္မန္ယူဘုတ္အဖြဲ႕ဟာဆိုးလ္ရွားကိုယေန႔ညစပါးစ္ႏွင့္ပြဲအားကိုင္တြယ္ရန္အခြင့္အေရးေပးထားတုန္းျဖစ္ပါတယ္။

ဆိုးလ္ရွားက”ဆာအဲလက္စ္ကေၾကာ္ျငာကိစၥတစ္ခ်ိဳ႕အတြက္ေရာက္လာခဲ့တာပါ။အဲဒါၿပီးေတာ့သူနဲ႔ေတြ႕ခဲ့တယ္။သူနဲ႔ခဏတျဖဳတ္စကားေျပာျဖစ္ပါတယ္။ကြၽန္ေတာ္ဟာကစားသမားတစ္ဦးအျဖစ္ဒီမွာဆိုး႐ြားတဲ့ကာလတစ္ခ်ိဳ႕ႀကဳံခဲ့ဖူးပါတယ္။နည္းျပတစ္ဦးျဖစ္လာခ်ိန္မွာလည္းႀကဳံရပါတယ္။ဒါေတြကိုကိုင္တြယ္ေျဖရွင္းသြားပါတယ္။ဒီမွာနည္းျပျဖစ္လာၿပီးတဲ့ေနာက္အခက္အခဲအၾကပ္အတည္းႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ႀကဳံခဲ့ၿပီးပါၿပီ။ကြၽန္ေတာ္ေျပာႏိုင္တာတစ္ခုကေတာ့အစြမ္းကုန္ျပန္လည္တိုက္ၿပီးအေကာင္းဆုံးတုံ႔ျပန္သြားမယ္ဆိုတာပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားကတိုင္ဆန္ဖူရီကဲ့သို႔အလဲထိုးခံရခ်ိန္တြင္ျပန္လည္႐ုန္းထၿပီးၿပိဳင္ဘက္ကိုအလဲထိုးၾကရန္မန္ယူကစားသမားမ်ားကိုတိုက္တြန္းသြားပါတယ္။

တိုင္ဆန္ဖူရီဟာဒီယြန္ေတးဝိုင္ဒါႏွင့္ပြဲစဥ္မ်ားတြင္ႏွစ္ႀကိမ္တိုင္တိုင္အလဲထိုးခံခဲ့ရေပမယ့္လည္းျပန္လည္အႏိုင္ယူႏိုင္ခဲ့ပါတယ္။