လေ့ကျင့်ရေးကွင်းတွင် လူငယ်ကစားသမားတစ်ဦးရဲ့ ကစားသမားဘဝဆုံးခန်းတိုင်နိုင်တဲ့ ဖျက်ထုတ်မှုမျိုး ကြုံခဲ့ရတဲ့ ပါတေး

အာဆင်နယ်စတားသောမတ်စ်ပါတေးဟာလေ့ကျင့်ရေးကွင်းတွင်လူငယ်ကစားသမားတမ်အကီနိုလာရဲ့ခြေနှစ်ချောင်းညှပ်ဆွဲလှဲဖျက်ထုတ်မှုရရှိပြီးနောက်အကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်းသိရပါတယ်။

ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ၂၀၂၀ခုနှစ်နွေရာသီတွင်အက်သလက်တီကိုမှရောက်လာပြီးနောက်အာဆင်နယ်တွင်ဒဏ်ရာပြဿနာများစွာနှင့်ရင်ဆိုင်လာခဲ့ရသူဖြစ်ပါတယ်။

သူဟာချဲလ်ဆီးနှင့်ရာသီကြိုခြေစမ်းပွဲတွင်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးရာသီအစပွဲလေးပွဲကိုလွဲခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာလေ့ကျင့်ရေးကွင်းတွင်အသက်၂၀နှစ်ရှိလူငယ်ကစားသမားတွမ်အကီနိုလာရဲ့ကြမ်းတမ်းလှတဲ့ဖျက်ထုတ်မှုရရှိပြီးနောက်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာတော့ပါတေးဟာဒေါသကိုဖြေလျှော့ပြီးလူငယ်ကစားသမားအား လေလံလျှော့ပြောခဲ့ပြီးအကီနိုလာကသူတွဲကစားခဲ့ဖူးတဲ့သူများထဲတွင်အသန်မာဆုံးကစားလို့ပါချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။

အသက်၂၀နှစ်ရှိအကီနိုလာဟာ၂၀၂၀ခုနှစ်တွင်ဟတ်ဒါဖီးလ်မှထွက်ခွာလာပြီးနောက်အာဆင်နယ်သို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့သူဖြစ်ပြီးအာဆင်နယ်တွင်ယူ-၂၃အသင်းတွင်ပုံမှန်ကစားခွင့်ရနေသူဖြစ်ပါတယ်။သူဟာအာဆင်နယ်ပထမအသင်းနှင့်လည်းအတူလေ့ကျင့်ခန်းဆင်းခွင့်ရနေသူဖြစ်ပါတယ်။

သူဟာမီတာ၁၀၀ကို၁၀.၄စက္ကန့်ဖြင့်ပြေးနိုင်တဲ့လျှင်မြန်တဲ့ကစားသမားလည်းဖြစ်ပါတယ်။

ZawGyi







