လေးနှစ်နီးပါး ကိုင်တွယ်လာတဲ့ ဟတ်ဆန်ဟတ်တဲလ်ကို ဆောက်သမ်တန် ထုတ်ပယ်

ဆောက်သမ်တန်ဟာနည်းပြရေးဖ်ဟတ်ဆန်ဟက်တဲလ်ကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ဆောက်သမ်တန်ဟာတနင်္ဂနွေနေ့တုန်းကအိမ်ကွင်းတွင်နယူးကာဆယ်ကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တစ်ရက်အကြာတွင်နည်းပြဟတ်ဆန်ဟက်တဲလ်ကိုထုတ်ပယ်လာတာလည်းဖြစ်ပါတယ်။

ဟတ်ဆန်ဟက်တဲလ်ဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းကဆောက်သမ်တန်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးယခုရာသီတွင်၁၄ပွဲကိုင်တွယ်ရာမှာ၁၂မှတ်တည်းသာရရှိမှုနှင့်အတူတန်းဆင်းဇုန်အတွင်းမှာရပ်တည်နေပါတယ်။

ဆောက်သမ်တန်တို့နောက်ဆုံးနိုင်ပွဲနှင့်ယခုရာသီတစ်ပွဲတည်းသောနိုင်ပွဲရရှိခဲ့တာကတော့အောက်တိုဘာလ၁၉ရက်နေ့တုန်းကဘုန်းမောက်ကိုအနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာပထမအသင်းနည်းပြရူဘင်ဆဲလ်လက်စ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။ဆဲလ်လက်စ်ဟာဗုဒ္ဓဟူးနေ့တွင်ရှက်ဖီးလ်ဝင်းနက်စ်ဒေးကိုဧည့်ခံကစားရမယ့်ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်ကိုကြီးကြပ်သွားပါမယ်။

ဟတ်ဆန်ဟက်တဲလ်ဟာယခုရာသီတွင်ထုတ်ပယ်ခြင်းခံရတဲ့ပဥ္စမြောက်ပရီးမီးယားလိဂ်နည်းပြဖြစ်လာပါတယ်။၎င်းမတိုင်မီစကော့ပါကား၊ဘရူနိုလာ့၊သောမတ်စ်တူချယ်နှင့်စတီဗင်ဂျရတ်တို့ထုတ်ပယ်ခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။

ZawGyi

ေလးႏွစ္နီးပါး ကိုင္တြယ္လာတဲ့ ဟတ္ဆန္ဟတ္တဲလ္ကို ေဆာက္သမ္တန္ ထုတ္ပယ္

ေဆာက္သမ္တန္ဟာနည္းျပေရးဖ္ဟတ္ဆန္ဟက္တဲလ္ကိုရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။ေဆာက္သမ္တန္ဟာတနဂၤေႏြေန႔တုန္းကအိမ္ကြင္းတြင္နယူးကာဆယ္ကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တစ္ရက္အၾကာတြင္နည္းျပဟတ္ဆန္ဟက္တဲလ္ကိုထုတ္ပယ္လာတာလည္းျဖစ္ပါတယ္။

ဟတ္ဆန္ဟက္တဲလ္ဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတုန္းကေဆာက္သမ္တန္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီးယခုရာသီတြင္၁၄ပြဲကိုင္တြယ္ရာမွာ၁၂မွတ္တည္းသာရရွိမႈႏွင့္အတူတန္းဆင္းဇုန္အတြင္းမွာရပ္တည္ေနပါတယ္။

ေဆာက္သမ္တန္တို႔ေနာက္ဆုံးႏိုင္ပြဲႏွင့္ယခုရာသီတစ္ပြဲတည္းေသာႏိုင္ပြဲရရွိခဲ့တာကေတာ့ေအာက္တိုဘာလ၁၉ရက္ေန႔တုန္းကဘုန္းေမာက္ကိုအႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။

ေဆာက္သမ္တန္ဟာပထမအသင္းနည္းျပ႐ူဘင္ဆဲလ္လက္စ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။ဆဲလ္လက္စ္ဟာဗုဒၶဟူးေန႔တြင္ရွက္ဖီးလ္ဝင္းနက္စ္ေဒးကိုဧည့္ခံကစားရမယ့္ခါရာေဘာင္ဖလားတတိယအဆင့္ပြဲစဥ္ကိုႀကီးၾကပ္သြားပါမယ္။

ဟတ္ဆန္ဟက္တဲလ္ဟာယခုရာသီတြင္ထုတ္ပယ္ျခင္းခံရတဲ့ပၪၥေျမာက္ပရီးမီးယားလိဂ္နည္းျပျဖစ္လာပါတယ္။၎မတိုင္မီစေကာ့ပါကား၊ဘ႐ူႏိုလာ့၊ေသာမတ္စ္တူခ်ယ္ႏွင့္စတီဗင္ဂ်ရတ္တို႔ထုတ္ပယ္ျခင္းခံခဲ့ရၿပီးျဖစ္ပါတယ္။