လေးနှစ်အတွင်းပထမဆုံးပင်နယ်တီလွဲကာ ကြီးကျယ်ခမ်းနားတဲ့ မှတ်တမ်းအဆုံးသတ်ခဲ့ရတဲ့ ဆာလက်

မိုဟာမက်ဆာလက်ဟာမနေ့ညတုန်းကအေစီမီလန်အားအနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်လေးနှစ်အတွင်းလီဗာပူးအတွက်ပထမဆုံးပင်နယ်တီလွဲချော်ခဲ့ပါတယ်။

အီဂျစ်စတားဟာပွဲချိန်၁၄မိနစ်မှာလီဗာပူးကို၂-၀ဂိုးဖြင့်ဦးဆောင်နိုင်စေမယ့်ပင်နယ်တီအခွင့်အရေးရရှိခဲ့ပါတယ်။ဒါပေမယ့်ဆာလက်ရဲ့ကန်ချက်မဝင်ခဲ့ဘဲသူ့ရဲ့ကြီးမားတဲ့မှတ်တမ်းကောင်းဟာလည်းအဆုံးသတ်သွားခဲ့ပါတယ်။

အေစီမီလန်နှင့်ပွဲစဉ်မှာလီဗာပူးဟာပွဲအစ၁၀မိနစ်မှာဘဲထရန်းအလက်ဇန္ဒားအာနိုးရဲ့ဖြတ်တင်ဘော ချဲလ်ဆီးနောက်ခံလူဟောင်းတိုမိုရီနဲ့ထိကာလမ်းကြောင်းပြောင်းဂိုးသွင်းခဲ့ရာမှဦးဆောင်ဂိုးရခဲ့ပါတယ်။

ယင်းနောက်ငါးမိနစ်အကြာမှာဘန်နာကာလက်ထိဘောဖြစ်ရာမှလီဗာပူးတို့ပင်နယ်တီရရှိခဲ့ပါတယ်။ယင်းပင်နယ်တီကိုဆာလက်ကကန်ခဲ့ရာမှာအေစီမီလန်ဂိုးသမားမိုင်နန်ကကာကွယ်ပုတ်ထုတ်ခဲ့ပါတယ်။ပြန်အံထွက်လာတဲ့ဘောလုံးကိုဆာလက်ထပ်ကန်ခဲ့ပေမယ့်မိုင်နန်ကဘဲထပ်ဆင့်ကာကွယ်ခဲ့ပါတယ်။

မိုဟာမက်ဆာလက်ဟာ၂၀၁၇ခုနှစ်၊အောက်တိုဘာလ၂၈ရက်နေ့တုန်းကဟက်ဒါဖီးလ်နှင့်ပွဲတွင်နောက်ဆုံးအကြိမ်ပင်နယ်တီလွဲခဲ့တာဖြစ်ပါတယ်။ယင်းနောက်ပိုင်းတွင်ဆာလက်ဟာပင်နယ်တီ၁၇ကြိမ်ဆက်တိုက်ကန်ခဲ့ရာမှာအားလုံးဝင်ခဲ့ပြီးယခုနောက်ဆုံးမီလန်နှင့်ပွဲတွင်မှလွဲခဲ့ပါတယ်။

သူဟာလီဗာပူးမှာကစားစဉ်အတွင်းပင်နယ်တီလွဲချော်မှု၂ကြိမ်ရှိထားကာပင်နယ်တီကန်သွင်းမှု၈၈.၈ရာခိုင်နှုန်းအောင်မြင်မှုရရှိထားပါတယ်။

လီဗာပူးဟာ တိုမိုရီရဲ့OG နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်ပထမပိုင်းမပြီးခင်ရီဘစ်နှင့်ဒိုင်ယက်ဇ်တို့ကမီလန်အတွက်ဂိုးသွင်းယူခဲ့လို့၂-၁ဖြင့်ဦးဆောင်ခံခဲ့ရပါတယ်။

ပင်နယ်တီလွဲခဲ့တဲ့ဆာလက်ဟာဒုတိယပိုင်း၄၈မိနစ်မှာလီဗာပူးအတွက်အရေးပါတဲ့ချေပဂိုးသွင်းခဲ့ပြီးပွဲချိန်၆၉မိနစ်မှာဟင်ဒါဆင်ကအနိုင်ဂိုးသွင်းခဲ့ပါတယ်။

ZawGyi

ေလးႏွစ္အတြင္းပထမဆုံးပင္နယ္တီလြဲကာ ႀကီးက်ယ္ခမ္းနားတဲ့ မွတ္တမ္းအဆုံးသတ္ခဲ့ရတဲ့ ဆာလက္

မိုဟာမက္ဆာလက္ဟာမေန႔ညတုန္းကေအစီမီလန္အားအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ေလးႏွစ္အတြင္းလီဗာပူးအတြက္ပထမဆုံးပင္နယ္တီလြဲေခ်ာ္ခဲ့ပါတယ္။

အီဂ်စ္စတားဟာပြဲခ်ိန္၁၄မိနစ္မွာလီဗာပူးကို၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ေစမယ့္ပင္နယ္တီအခြင့္အေရးရရွိခဲ့ပါတယ္။ဒါေပမယ့္ဆာလက္ရဲ႕ကန္ခ်က္မဝင္ခဲ့ဘဲသူ႔ရဲ႕ႀကီးမားတဲ့မွတ္တမ္းေကာင္းဟာလည္းအဆုံးသတ္သြားခဲ့ပါတယ္။

ေအစီမီလန္ႏွင့္ပြဲစဥ္မွာလီဗာပူးဟာပြဲအစ၁၀မိနစ္မွာဘဲထရန္းအလက္ဇႏၵားအာႏိုးရဲ႕ျဖတ္တင္ေဘာ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္းတိုမိုရီနဲ႔ထိကာလမ္းေၾကာင္းေျပာင္းဂိုးသြင္းခဲ့ရာမွဦးေဆာင္ဂိုးရခဲ့ပါတယ္။

ယင္းေနာက္ငါးမိနစ္အၾကာမွာဘန္နာကာလက္ထိေဘာျဖစ္ရာမွလီဗာပူးတို႔ပင္နယ္တီရရွိခဲ့ပါတယ္။ယင္းပင္နယ္တီကိုဆာလက္ကကန္ခဲ့ရာမွာေအစီမီလန္ဂိုးသမားမိုင္နန္ကကာကြယ္ပုတ္ထုတ္ခဲ့ပါတယ္။ျပန္အံထြက္လာတဲ့ေဘာလုံးကိုဆာလက္ထပ္ကန္ခဲ့ေပမယ့္မိုင္နန္ကဘဲထပ္ဆင့္ကာကြယ္ခဲ့ပါတယ္။

မိုဟာမက္ဆာလက္ဟာ၂၀၁၇ခုႏွစ္၊ေအာက္တိုဘာလ၂၈ရက္ေန႔တုန္းကဟက္ဒါဖီးလ္ႏွင့္ပြဲတြင္ေနာက္ဆုံးအႀကိမ္ပင္နယ္တီလြဲခဲ့တာျဖစ္ပါတယ္။ယင္းေနာက္ပိုင္းတြင္ဆာလက္ဟာပင္နယ္တီ၁၇ႀကိမ္ဆက္တိုက္ကန္ခဲ့ရာမွာအားလုံးဝင္ခဲ့ၿပီးယခုေနာက္ဆုံးမီလန္ႏွင့္ပြဲတြင္မွလြဲခဲ့ပါတယ္။

သူဟာလီဗာပူးမွာကစားစဥ္အတြင္းပင္နယ္တီလြဲေခ်ာ္မႈ၂ႀကိမ္ရွိထားကာပင္နယ္တီကန္သြင္းမႈ၈၈.၈ရာခိုင္ႏႈန္းေအာင္ျမင္မႈရရွိထားပါတယ္။

လီဗာပူးဟာ တိုမိုရီရဲ႕OG နဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ပထမပိုင္းမၿပီးခင္ရီဘစ္ႏွင့္ဒိုင္ယက္ဇ္တို႔ကမီလန္အတြက္ဂိုးသြင္းယူခဲ့လို႔၂-၁ျဖင့္ဦးေဆာင္ခံခဲ့ရပါတယ္။

ပင္နယ္တီလြဲခဲ့တဲ့ဆာလက္ဟာဒုတိယပိုင္း၄၈မိနစ္မွာလီဗာပူးအတြက္အေရးပါတဲ့ေခ်ပဂိုးသြင္းခဲ့ၿပီးပြဲခ်ိန္၆၉မိနစ္မွာဟင္ဒါဆင္ကအႏိုင္ဂိုးသြင္းခဲ့ပါတယ္။