လေးသင်းမြောက် ပရီးမီးယားလိဂ်ကလပ်အဖြစ် ဝက်ဖို့ဒ်ကို ကိုင်တွယ်ရန် လေ့ကျင့်ရေးကွင်းသို့ ရေနီယာရီသွားရောက်ခဲ့ပြီးပြီ

ကလော်ဒီယိုရေနီယာရီဟာလေးသင်းမြောက်ပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ်ဝက်ဖို့ဒ်ကိုကိုင်တွယ်ရန်သဘောတူညီမှုသွားခဲ့ပြီဖြစ်ပါတယ်။အီတလီလူမျိုးနည်းပြဟာဝက်ဖို့ဒ်အသင်းနည်းပြအဖြစ်မကြေညာမီယနေ့အစောပိုင်းတုန်းကဝက်ဖို့ဒ်အသင်းလေ့ကျင့်ရေးကွင်းသို့သွားရောက်ခဲ့ပါတယ်။

ဝက်ဖို့ဒ်ဟာမနေ့တုန်းကနည်းပြဆစ်ကိုမူနော့ဇ်ကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။မူနော့ဇ်ဟာဝက်ဖို့ဒ်ကိုပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်ပရီးမီးယားလိဂ်တွင်ရလဒ်မကောင်းမှုနဲ့အတူယခုရာသီပရီးမီးယားလိဂ်ရဲ့ပထမဆုံးထုတ်ပယ်ခြင်းခံရတဲ့နည်းပြဖြစ်လာခဲ့ပါတယ်။

ရေနီယာရီဟာချဲလ်ဆီး၊ဖူလ်ဟမ်နှင့်လက်စတာတို့ကိုကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီးလက်စတာနှင့်အတူသမိုင်းဝင်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ရေနီယာရီဟာဆမ်ဒိုးရီးယားကိုနှစ်ရာသီကြာကိုင်တွယ်ပြီးနောက်ပြီးခဲ့တဲ့နွေရာသီတုန်းကထွက်ခွာလာခဲ့သူဖြစ်ပါတယ်။

‌ရေနီယာရီဟာချဲလ်ဆီး၊အက်သလက်တီကို၊ဗလင်စီယာ၊အင်တာမီလန်၊ရိုးမားတို့ကိုလည်းကိုင်တွယ်ခဲ့ဖူးကာအတွေ့အကြုံရင့်ကျက်တဲ့နည်းပြဖြစ်ပါတယ်။

ရေနီယာရီဟာသူ့ရဲ့ပထမဆုံးဝက်ဖို့ဒ်ပွဲအဖြစ်အောက်တိုဘာလ၁၆ရက်နေ့မှာဂျာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ေလးသင္းေျမာက္ ပရီးမီးယားလိဂ္ကလပ္အျဖစ္ ဝက္ဖို႔ဒ္ကို ကိုင္တြယ္ရန္ ေလ့က်င့္ေရးကြင္းသို႔ ေရနီယာရီသြားေရာက္ခဲ့ၿပီးၿပီ

ကေလာ္ဒီယိုေရနီယာရီဟာေလးသင္းေျမာက္ပရီးမီးယားလိဂ္ကလပ္အသင္းအျဖစ္ဝက္ဖို႔ဒ္ကိုကိုင္တြယ္ရန္သေဘာတူညီမႈသြားခဲ့ၿပီျဖစ္ပါတယ္။အီတလီလူမ်ိဳးနည္းျပဟာဝက္ဖို႔ဒ္အသင္းနည္းျပအျဖစ္မေၾကညာမီယေန႔အေစာပိုင္းတုန္းကဝက္ဖို႔ဒ္အသင္းေလ့က်င့္ေရးကြင္းသို႔သြားေရာက္ခဲ့ပါတယ္။

ဝက္ဖို႔ဒ္ဟာမေန႔တုန္းကနည္းျပဆစ္ကိုမူေနာ့ဇ္ကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။မူေနာ့ဇ္ဟာဝက္ဖို႔ဒ္ကိုပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ပရီးမီးယားလိဂ္တြင္ရလဒ္မေကာင္းမႈနဲ႔အတူယခုရာသီပရီးမီးယားလိဂ္ရဲ႕ပထမဆုံးထုတ္ပယ္ျခင္းခံရတဲ့နည္းျပျဖစ္လာခဲ့ပါတယ္။

ေရနီယာရီဟာခ်ဲလ္ဆီး၊ဖူလ္ဟမ္ႏွင့္လက္စတာတို႔ကိုကိုင္တြယ္ခဲ့ဖူးသူျဖစ္ၿပီးလက္စတာႏွင့္အတူသမိုင္းဝင္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ေရနီယာရီဟာဆမ္ဒိုးရီးယားကိုႏွစ္ရာသီၾကာကိုင္တြယ္ၿပီးေနာက္ၿပီးခဲ့တဲ့ေႏြရာသီတုန္းကထြက္ခြာလာခဲ့သူျဖစ္ပါတယ္။

‌ေရနီယာရီဟာခ်ဲလ္ဆီး၊အက္သလက္တီကို၊ဗလင္စီယာ၊အင္တာမီလန္၊႐ိုးမားတို႔ကိုလည္းကိုင္တြယ္ခဲ့ဖူးကာအေတြ႕အႀကဳံရင့္က်က္တဲ့နည္းျပျဖစ္ပါတယ္။

ေရနီယာရီဟာသူ႔ရဲ႕ပထမဆုံးဝက္ဖို႔ဒ္ပြဲအျဖစ္ေအာက္တိုဘာလ၁၆ရက္ေန႔မွာဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးအသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။