လဲကျနေတဲ့ပြိုင်ဘက်ကစားသမားခေါင်းကို တက်နင်းခဲ့တဲ့ ဘောလုံးသမား စုံစမ်းစစ်ဆေးခံနေရ

ဘောလုံးသမားတစ်ဦးဟာကွင်းအတွင်းလဲကျနေတဲ့ပြိုင်ဘက်ကကစားသမားတစ်ဦးကိုလူမဆန်စွာတက်နင်းမှုပြုလုပ်ခဲ့ပြီးနောက်စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

အထက်ပါလုပ်ရပ်ကြောင့်စီတာဒယ်လာအသင်းခေါင်းဆောင်ဆီမြွန်နီဘရန်ကာဟာ SPAL နှင့်ဂိုးမရှိသရေကျတဲ့စီးရီးဘီပွဲစဉ်တွင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အဆိုပါပွဲစဉ်ရဲ့ပွဲချိန်၉၆မိနစ်တွင်ဘရန်ကာဟာSPAL အလယ်တန်းကစားသမားဆယ်ဗာတော်အက်စ်ပိုဆီတိုနှင့် ခေါင်းချင်းဆိုင်တိုက်ခဲ့ပါတယ်။ယင်းနောက်သူဟာကွံင်းအတွင်းလဲကျနေတဲ့အက်စ်ပိုဆီတိုရဲ့ခေါင်းကိုတက်နင်းခဲ့တာလည်းဖြစ်ပါတယ်။

အထက်ပါဖြစ်ရပ်ဗီဒီယိုဖိုင်မှာအွန်လိုင်းတွင်ပျံ့နှံ့လျက်ရှိပြီးဘရန်ကာကိုပြင်းထန်စွာအရေးယူရန်ပရိသတ်များတောင်းဆိုလျက်ရှိကြပါတယ်။

အဆိုပါပွဲစဉ်မှာအီတလီနှင့်ရိုးမားဂန္ထဝင်ကွင်းလယ်ကစားသမားဒါနီရယ်ဒီရော့စီရဲ့SPAL အသင်းကိုကိုင်တွယ်တဲ့ပထမဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။

ZawGyi





