လျို့ဝှက်ချစ်သူကို ငွေပေးပြီး နှုတ်ပိတ်ထားတဲ့ လက်ထပ်ပြီးသား အင်္ဂလန်စတား

လက်ထပ်ထားပြီးဖြစ်တဲ့အင်္ဂလန်ဘောလုံးကစားသမားတစ်ဦးဟာလျို့ဝှက်ချစ်သူကိုအငြင်းပွားဖွယ်စာချုပ်ချုပ်ဆိုစေပြီးနှုတ်ပိတ်ထားကြောင်းသိရပါတယ်။

အဆိုပါပရီးမီးယားလိဂ်စတားဟာယင်းလုပ်ရပ်ကြောင့်အမျိုးသမီးများရဲ့အပြင်းအထန်ဝေဖန်ခြင်းခံနေရပါတယ်။

အမည်ဖော်ပြထားတဲ့မရှိတဲ့လက်ထပ်ထားပြီးအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ Single Mum ကိုပေါင်၂၀၀၀၀ပေးပြီး၎င်းတို့ရဲ့လျို့ဝှက်ချစ်ဇာတ်လမ်းကိုလူသိရှင်ကြားမဖြစ်စေရေးနှုတ်ပိတ်ထားတာလည်းဖြစ်ပါတယ်။

အဆိုပါအင်္ဂလန်လက်ရွေးစင်ကစားသမားဟာယင်းအမျိုးသမီးနှင့်ဟိုတယ်ပေါင်းများစွာသို့သွားရောက်ကာအတူအိပ်ခဲ့ပြီးတဲ့နောက်လက်ရှိအမျိုးသမီးနှင့်လက်ထပ်လိုက်တာလည်းဖြစ်ပါတယ်။

ငွေကြေးချမ်းသာကြွယ်ဝတဲ့အင်္ဂလန်စတားဟာယင်းအမျိုးသမီးကိုနှုတ်ပိတ်ခပေးပြီးစာချုပ်တွင်အတင်းအကြပ်လက်မှတ်ရေးထိုးစေခဲ့ပါတယ်။သူဟာရှေ့နေတစ်ဦးကိုပေါင်၅၀၀ပေးငှားရမ်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်အင်္ဂလန်စတားဟာယင်းအမျိုးသမီးကိုဖုန်းအတွင်းရှိ၎င်းတို့အပြန်အလှန်ပြောဆိုထားတဲ့မက်ဆေ့ချ်များ၊အတူရိုက်ကူးထားတဲ့ဓာတ်ပုံများကိုလည်းဖျက်စီးစေခဲ့ကြောင်းလည်းသိရပါတယ်။

အင်္ဂလန်စတားနှင့်ယင်းအမျိုးသမီးတို့ဟာ၂၀၁၉ခုနှစ်တွင်စတင်တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီးယခုတိုင်အဆက်အသွယ်ရှိနေကြတုန်းဖြစ်ပါတယ်။