လျို့ဝှက်ခြေစမ်းပွဲတွင် ဘရန့်ဖို့ဒ်ကို ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့တဲ့ အာဆင်နယ် အလှောင်ခံနေရ

နောက်ဆုံးမှာတော့အာဆင်နယ်ဟာပရီးမီးယားလိဂ်ကလပ်တစ်သင်းအားယခုရာသီမှာပထမဆုံးအကြိမ်အဖြစ်အနိုင်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ဒါပေမယ့်အာဆင်နယ်ဟာဘရန့်ဖို့ဒ်ကလေးအသင်းနှင့်ခြေစမ်းပွဲမှာအနိုင်ယူလိုက်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာကြာသပတေးနေ့တုန်းက London Colney တွင်ဘရန့်ဖို့ဒ်နှင့်တံခါးပိတ်ခြေစမ်းပွဲတွင်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာယင်းသို့ဖရန့်ဖို့ဒ်အားတံခါးပိတ်ပွဲမှာအနိုင်ရရှိမှုနဲ့အတူပရိသတ်များရဲ့အကြီးအကျယ်လှောင်ပြောင်ခြင်းခံနေရပါတယ်။

အာဆင်နယ်ဟာယင်းတံခါးပိတ်ပွဲမှာခံစစ်မှာဂါဘရီရယ်မာဂယ်ဟက်စ်နှင့်ဘင်ဝှိုက်တို့ကိုခံစစ်မှာအသုံးပြုသွားခဲ့ပါတယ်။၎င်းတို့နှစ်ဦးဟာပါဘလိုမာရီနှင့်အတူသုံးယောက်တန်းခံစစ်မှာကစားခဲ့တာဖြစ်ပါတယ်။

ယင်းပွဲတွင်ကယ်လမ်ချမ်ဘား၊ဆိုအာရက်စ်၊ရမ်ဒဲလ်၊မာတင်နယ်လီ၊လာကာဇက်တီ၊မိုင်လန်းနေးလ်တို့လည်းပါဝင်ခဲ့ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်တန်းတက်ဘရန့်ဖို့ဒ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းအာဆင်နယ်ပရိသတ်တစ်ဦးက “ဒီတော့ကျုပ်တို့ကနှစ်ကျော့ပေါင်းရလဒ်၄-၂နဲ့အနိုင်ရတယ်ပေါ့”လို့ရေးသားသွားပါတယ်။

ဘရန့်ဖို့ဒ်ပရိသတ်က “စိတ်မကောင်းပါဘူးကောင်လေးတို့ရေ။ဒီပွဲရလဒ်ကထည့်မတွက်ဘူးဗျ”လို့ပြန်တုံ့ပြန်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တစ်ဦးက “တံခါးဖွင့်ပွဲတုန်းက၂-၀ဂိုးနဲ့ရှုံးခဲ့တာတောင်အရှက်မရှိဘဲဒီပို့စ်(ဘရန့်ဖို့ဒ်နိုင်ပွဲပို့စ်)ကိုတင်ရဲသေးတယ်နော်”လို့ရေးသားခဲ့ပါတယ်။

ZawGyi

လ်ိဳ႕ဝွက္ေျခစမ္းပြဲတြင္ ဘရန႔္ဖို႔ဒ္ကို ၄-၀ ဂိုးျဖင့္အႏိုင္ရခဲ့တဲ့ အာဆင္နယ္ အေလွာင္ခံေနရ

ေနာက္ဆုံးမွာေတာ့အာဆင္နယ္ဟာပရီးမီးယားလိဂ္ကလပ္တစ္သင္းအားယခုရာသီမွာပထမဆုံးအႀကိမ္အျဖစ္အႏိုင္ယူလိုက္ႏိုင္ၿပီျဖစ္ပါတယ္။ဒါေပမယ့္အာဆင္နယ္ဟာဘရန႔္ဖို႔ဒ္ကေလးအသင္းႏွင့္ေျခစမ္းပြဲမွာအႏိုင္ယူလိုက္တာျဖစ္ပါတယ္။

အာဆင္နယ္ဟာၾကာသပေတးေန႔တုန္းက London Colney တြင္ဘရန႔္ဖို႔ဒ္ႏွင့္တံခါးပိတ္ေျခစမ္းပြဲတြင္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာယင္းသို႔ဖရန႔္ဖို႔ဒ္အားတံခါးပိတ္ပြဲမွာအႏိုင္ရရွိမႈနဲ႔အတူပရိသတ္မ်ားရဲ႕အႀကီးအက်ယ္ေလွာင္ေျပာင္ျခင္းခံေနရပါတယ္။

အာဆင္နယ္ဟာယင္းတံခါးပိတ္ပြဲမွာခံစစ္မွာဂါဘရီရယ္မာဂယ္ဟက္စ္ႏွင့္ဘင္ဝႈိက္တို႔ကိုခံစစ္မွာအသုံးျပဳသြားခဲ့ပါတယ္။၎တို႔ႏွစ္ဦးဟာပါဘလိုမာရီႏွင့္အတူသုံးေယာက္တန္းခံစစ္မွာကစားခဲ့တာျဖစ္ပါတယ္။

ယင္းပြဲတြင္ကယ္လမ္ခ်မ္ဘား၊ဆိုအာရက္စ္၊ရမ္ဒဲလ္၊မာတင္နယ္လီ၊လာကာဇက္တီ၊မိုင္လန္းေနးလ္တို႔လည္းပါဝင္ခဲ့ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္တန္းတက္ဘရန႔္ဖို႔ဒ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းအာဆင္နယ္ပရိသတ္တစ္ဦးက “ဒီေတာ့က်ဳပ္တို႔ကႏွစ္ေက်ာ့ေပါင္းရလဒ္၄-၂နဲ႔အႏိုင္ရတယ္ေပါ့”လို႔ေရးသားသြားပါတယ္။

ဘရန႔္ဖို႔ဒ္ပရိသတ္က “စိတ္မေကာင္းပါဘူးေကာင္ေလးတို႔ေရ။ဒီပြဲရလဒ္ကထည့္မတြက္ဘူးဗ်”လို႔ျပန္တုံ႔ျပန္ခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္တစ္ဦးက “တံခါးဖြင့္ပြဲတုန္းက၂-၀ဂိုးနဲ႔ရႈံးခဲ့တာေတာင္အရွက္မရွိဘဲဒီပို႔စ္(ဘရန႔္ဖို႔ဒ္ႏိုင္ပြဲပို႔စ္)ကိုတင္ရဲေသးတယ္ေနာ္”လို႔ေရးသားခဲ့ပါတယ္။