လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက အဖမ်းခံရပြီးနောက် အမှုအားလုံးမှ လွတ်မြောက်လာတဲ့ မေဆင်ဂရင်းဝုဒ်

မေဆင်ဂရင်းဝုဒ်ဟာဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊တိုက်ခိုက်မှု၊ထိန်းချုပ်ရန်ကြိုးပမ်းမှုတို့ဖြင့်စွဲချက်တင်ခြင်းခံထားခဲ့ရာမှလုံးဝလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိမန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ယင်းနောက်နိုဝင်ဘာလတွင်ဂရင်းဝုဒ်ဟာဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊တိုက်ခိုက်မှု၊ထိန်းချုပ်မှုတို့ဖြင့်ရုံးတင်စစ်ဆေးခြင်းခံခဲ့ရပါတယ်။

ယခုအခါမှာတော့The Crown Prosecution မေဆင်ဂရင်းဝုဒ်အပေါ်စွဲချက်တင်ထားမှုအားလုံးမှ လွတ်ပေးလိုက်ပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ဂရင်းဝုဒ်ဟာ၂၀၁၈ခုနှစ်၊နိုဝင်ဘာလ၁ရက်နေ့မှ၂၀၂၂ခုနှစ်၊အောက်တိုဘာလလ၁၅ရက်အတွင်းတို့တွင်အမျိုးသမီးတစ်ဦးကိုကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာယင်းကာလအတွင်းတွင်ယင်းအမျိုးသမီးကိုထိန်းချုပ်ခြင်း၊ခြိမ်းခြောက်ခြင်းတို့ပြုလုပ်ခဲ့တယ်လို့စွပ်စွဲခြင်းခံခဲ့ရတဲ့အပြင်၂၀၂၁ခုနှစ်၊အောက်တိုဘာလ၂၁ရက်နေ့တွင်ဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းတယ်လို့စွပ်စွဲခံခဲ့ရပါတယ်။ဒါအပြင်၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ၁၂ရက်နေ့နှင့်၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ၃၁ရက်တို့အတွင်းတွင်ဒဏ်ရာအနာတရာဖြစ်အောင်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဂရင်းဝုဒ်ဟာဖမ်းဆီးခြင်းခံ့ခဲ့ရပြီးနောက်အချုပ်ခန်းအတွင်းတွင်နေခဲ့ရပေမဲ့လည်းနောက်ပိုင်းတွင်အာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သူဟာအမှုစစ်ဆေးခြင်းခံရစဉ်အတွင်းယူနိုက်တက်အသင်းနှင့်ပတ်သက်ခွင့်ရပ်ဆိုင်းခံထားရပေမဲ့လည်းသူ့ရဲ့တစ်ပတ်လုပ်ခပေါင်၇၅၀၀၀ကပုံမှန်ရရှိနေခဲ့ပါတယ်။

သူဟာယင်းဖြစ်ရပ်များကြောင့် FIFA22 မှဖယ်ရှားခံခဲ့ရသလို Nike နှင့်စပွန်ဆာစာချုပ်လည်းဖျက်သိမ်းခံခဲ့ရပါတယ်။သူဟာ Football Manager 2022 တွင်ပါဝင်ခွင့်မရသလို ယူနိုက်တက်ရဲ့အမှတ်တရပစ္စည်းဆိုင်မှလည်းဖယ်ရှားခံခဲ့ရပါတယ်။

ဂရင်းဝုဒ်ဟာယူနိုက်တက်သို့အသက်၆နှစ်အရွယ်ကတည်းကရောက်လာသူဖြစ်ပြီးလူငယ်အသင်းအဆင့်ဆင့်ကစားလာခဲ့ကာ၁၂၉ပွဲကစားခွင့်ရထားပြီး၃၅ဂိုးသွင်းထားပါတယ်။

သူဟာအမှုမှလွတ်မြောက်လာမှုနဲ့အတူမန်ချက်စတာယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်လူစာရင်းတွင်ပြန်လည်ပါဝင်လာပါတယ်။

ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ဟာမေဆင်ဂရင်းဝုဒ်အားအသင်းတွင်ပြန်လည်ကစားခွင့်မပေးမီအသင်းအတွင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

ZawGyi

လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္တုန္းက အဖမ္းခံရၿပီးေနာက္ အမႈအားလုံးမွ လြတ္ေျမာက္လာတဲ့ ေမဆင္ဂရင္းဝုဒ္

ေမဆင္ဂရင္းဝုဒ္ဟာဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊တိုက္ခိုက္မႈ၊ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းမႈတို႔ျဖင့္စြဲခ်က္တင္ျခင္းခံထားခဲ့ရာမွလုံးဝလြတ္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိမန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ယင္းေနာက္ႏိုဝင္ဘာလတြင္ဂရင္းဝုဒ္ဟာဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊တိုက္ခိုက္မႈ၊ထိန္းခ်ဳပ္မႈတို႔ျဖင့္႐ုံးတင္စစ္ေဆးျခင္းခံခဲ့ရပါတယ္။

ယခုအခါမွာေတာ့The Crown Prosecution ေမဆင္ဂရင္းဝုဒ္အေပၚစြဲခ်က္တင္ထားမႈအားလုံးမွ လြတ္ေပးလိုက္ၿပီျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ဂရင္းဝုဒ္ဟာ၂၀၁၈ခုႏွစ္၊ႏိုဝင္ဘာလ၁ရက္ေန႔မွ၂၀၂၂ခုႏွစ္၊ေအာက္တိုဘာလလ၁၅ရက္အတြင္းတို႔တြင္အမ်ိဳးသမီးတစ္ဦးကိုက်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

ဂရင္းဝုဒ္ဟာယင္းကာလအတြင္းတြင္ယင္းအမ်ိဳးသမီးကိုထိန္းခ်ဳပ္ျခင္း၊ၿခိမ္းေျခာက္ျခင္းတို႔ျပဳလုပ္ခဲ့တယ္လို႔စြပ္စြဲျခင္းခံခဲ့ရတဲ့အျပင္၂၀၂၁ခုႏွစ္၊ေအာက္တိုဘာလ၂၁ရက္ေန႔တြင္ဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းတယ္လို႔စြပ္စြဲခံခဲ့ရပါတယ္။ဒါအျပင္၂၀၂၁ခုႏွစ္၊ဒီဇင္ဘာလ၁၂ရက္ေန႔ႏွင့္၂၀၂၁ခုႏွစ္၊ဒီဇင္ဘာလ၃၁ရက္တို႔အတြင္းတြင္ဒဏ္ရာအနာတရာျဖစ္ေအာင္တိုက္ခိုက္ခဲ့ပါေသးတယ္။

ဂရင္းဝုဒ္ဟာဖမ္းဆီးျခင္းခံ့ခဲ့ရၿပီးေနာက္အခ်ဳပ္ခန္းအတြင္းတြင္ေနခဲ့ရေပမဲ့လည္းေနာက္ပိုင္းတြင္အာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

သူဟာအမႈစစ္ေဆးျခင္းခံရစဥ္အတြင္းယူႏိုက္တက္အသင္းႏွင့္ပတ္သက္ခြင့္ရပ္ဆိုင္းခံထားရေပမဲ့လည္းသူ႔ရဲ႕တစ္ပတ္လုပ္ခေပါင္၇၅၀၀၀ကပုံမွန္ရရွိေနခဲ့ပါတယ္။

သူဟာယင္းျဖစ္ရပ္မ်ားေၾကာင့္ FIFA22 မွဖယ္ရွားခံခဲ့ရသလို Nike ႏွင့္စပြန္ဆာစာခ်ဳပ္လည္းဖ်က္သိမ္းခံခဲ့ရပါတယ္။သူဟာ Football Manager 2022 တြင္ပါဝင္ခြင့္မရသလို ယူႏိုက္တက္ရဲ႕အမွတ္တရပစၥည္းဆိုင္မွလည္းဖယ္ရွားခံခဲ့ရပါတယ္။

ဂရင္းဝုဒ္ဟာယူႏိုက္တက္သို႔အသက္၆ႏွစ္အ႐ြယ္ကတည္းကေရာက္လာသူျဖစ္ၿပီးလူငယ္အသင္းအဆင့္ဆင့္ကစားလာခဲ့ကာ၁၂၉ပြဲကစားခြင့္ရထားၿပီး၃၅ဂိုးသြင္းထားပါတယ္။

သူဟာအမႈမွလြတ္ေျမာက္လာမႈနဲ႔အတူမန္ခ်က္စတာယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္လူစာရင္းတြင္ျပန္လည္ပါဝင္လာပါတယ္။

ဒါေပမဲ့မန္ခ်က္စတာယူႏိုက္တက္ဟာေမဆင္ဂရင္းဝုဒ္အားအသင္းတြင္ျပန္လည္ကစားခြင့္မေပးမီအသင္းအတြင္းစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္သြားဦးမွာျဖစ္ပါတယ္။