
ဟိုဆေးမော်ရင်ဟိုဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းကဇာဘီးအလွန်ဆိုကိုထိပ်တန်းနည်းပြတစ်ဦးဖြစ်လာမယ့်သူအဖြစ်ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးပါတယ်။
ဆိုစီဒက်၊လီဗာပူး၊ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်တို့တွင်ကစားခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်းဟာ၂၀၁၇ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ပါတယ်။ဒါပေမဲ့သူဟာပထမဆုံးစီနီယာနည်းပြရာထူးအတွက်ကာလအတန်ကြာစောင့်ဆိုင်းခဲ့ရပါတယ်။
သူဟာပြီးခဲ့တဲ့အပတ်မှာတော့ဘွန်ဒက်စ်လီဂါထိပ်သီးလေဗာကူဆင်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။အလွန်ဆိုဟာသူ့ရဲ့ပထမဆုံးနည်းပြဘဝပွဲနှင့်ပထမဆုံးလေဗာကူဆင်ပွဲစဉ်မှာရှော်လ်ကေးကို၄-၀ဂိုးဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။
အလွန်ဆိုတစ်ယောက်ယင်းသို့အောင်မြင်တဲ့ခြေလှမ်းစတင်လာမှုအပေါ်မှာတော့ မော်ရင်ဟိုတစ်ယောက်အံ့ဩနေရာမှာတော့မဟုတ်ပါဘူး။မော်ရင်ဟိုဟာရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်တုန်းကအလွန်ဆိုနှင့်လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက Top Eleven သတင်းစာရှင်းလင်းပွဲတစ်ခုမှာမော်ရင်ဟိုကအလွန်ဆိုမှာတစ်နေ့တွင်ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာမယ့်သူအဖြစ် ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးပါတယ်။
မော်ရင်ဟိုက “သူ့အဖေကမန်နေဂျာတစ်ဦးပါ။ဒီတော့သူကြီးပြင်းလာပုံကကျွန်တော်နဲ့သွားတူနေတယ်။နောက်တော့သူကစားသမားတစ်ဦးဖြစ်ပါတယ်။ဒီအပိုင်းမှာတော့ကျွန်တော့်ထက်သူပိုကောင်းတယ်။သူဟာကစားသမားတစ်ဦးဖြစ်လာတယ်။ကွင်းထဲကသူ့နေရာမှာထိပ်တန်းကစားသမားတစ်ဦးဖြစ်လာတယ်။ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့သိရှိထားမှုကအရမ်းမြင့်တယ်။သူကစပိန်၊အင်္ဂလန်နဲ့ဂျာမနီတို့မှဦကစားခဲ့တယ်။ဘိုင်ယန်မှာတုန်းကဂွါဒီယိုလာလက်အောက်မှာကစားခဲ့တယ်။ရီးရဲလ်မက်ဒရစ်မှာကျွန်တော်နဲ့တွဲခဲ့တယ်။ပြီးတော့ရီးရဲလ်မက်ဒရစ်မှာပဲကာလိုအန်ဆယ်လော့တီနဲ့တွဲခဲ့တယ်။လီဗာပူးမှာဘင်နီတက်ဇ်နဲ့တွဲခဲ့တယ်။ဒီတော့ဗျာဒါတွေအားလုံးပေါင်းလိုက်ရင်ဇာဘီးမှာထိပ်တန်းမန်နေဂျာတစ်ဦးဖြစ်လာမယ့်အခြေအနေတွေရှိတယ်”လို့ပြောကြားသွားပါတယ်။
အလွန်ဆိုဟာလေဗာကူဆင်အတွက်ဒုတိယမြောက်ပွဲစဉ်အဖြစ်ယနေ့တွင် ပေါ်တိုနှင့်ချန်ပီယံလိဂ်ပွဲစဉ်အားကြီးကြပ်ရပါမယ်။သူဟာချန်ပီယံလိဂ်ဖလားကိုလီဗာပူး၊ရီးရဲလ်မက်ဒရစ်တို့နှင့်အတူဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
လြန္ခဲ့တဲ့သုံးႏွစ္ကတည္းက အလြန္ဆိုကို ထိပ္တန္းနည္းျပျဖစ္လာမယ့္သူအျဖစ္ ေဟာကိန္းထုတ္ခဲ့ဖူးတဲ့ ေမာ္ရင္ဟို
ဟိုေဆးေမာ္ရင္ဟိုဟာလြန္ခဲ့တဲ့သုံးႏွစ္တုန္းကဇာဘီးအလြန္ဆိုကိုထိပ္တန္းနည္းျပတစ္ဦးျဖစ္လာမယ့္သူအျဖစ္ႀကိဳတင္ေဟာကိန္းထုတ္ခဲ့ဖူးပါတယ္။
ဆိုစီဒက္၊လီဗာပူး၊ရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္တို႔တြင္ကစားခဲ့တဲ့ ကြင္းလယ္ကစားသမားေဟာင္းဟာ၂၀၁၇ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ပါတယ္။ဒါေပမဲ့သူဟာပထမဆုံးစီနီယာနည္းျပရာထူးအတြက္ကာလအတန္ၾကာေစာင့္ဆိုင္းခဲ့ရပါတယ္။
သူဟာၿပီးခဲ့တဲ့အပတ္မွာေတာ့ဘြန္ဒက္စ္လီဂါထိပ္သီးေလဗာကူဆင္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။အလြန္ဆိုဟာသူ႔ရဲ႕ပထမဆုံးနည္းျပဘဝပြဲႏွင့္ပထမဆုံးေလဗာကူဆင္ပြဲစဥ္မွာေရွာ္လ္ေကးကို၄-၀ဂိုးျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။
အလြန္ဆိုတစ္ေယာက္ယင္းသို႔ေအာင္ျမင္တဲ့ေျခလွမ္းစတင္လာမႈအေပၚမွာေတာ့ ေမာ္ရင္ဟိုတစ္ေယာက္အံ့ဩေနရာမွာေတာ့မဟုတ္ပါဘူး။ေမာ္ရင္ဟိုဟာရီးရဲလ္မက္ဒရစ္ကိုကိုင္တြယ္တုန္းကအလြန္ဆိုႏွင့္လက္တြဲခဲ့ဖူးသူျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္တုန္းက Top Eleven သတင္းစာရွင္းလင္းပြဲတစ္ခုမွာေမာ္ရင္ဟိုကအလြန္ဆိုမွာတစ္ေန႔တြင္ထိပ္တန္းနည္းျပတစ္ဦးျဖစ္လာမယ့္သူအျဖစ္ ႀကိဳတင္ေဟာကိန္းထုတ္ခဲ့ဖူးပါတယ္။
ေမာ္ရင္ဟိုက “သူ႔အေဖကမန္ေနဂ်ာတစ္ဦးပါ။ဒီေတာ့သူႀကီးျပင္းလာပုံကကြၽန္ေတာ္နဲ႔သြားတူေနတယ္။ေနာက္ေတာ့သူကစားသမားတစ္ဦးျဖစ္ပါတယ္။ဒီအပိုင္းမွာေတာ့ကြၽန္ေတာ့္ထက္သူပိုေကာင္းတယ္။သူဟာကစားသမားတစ္ဦးျဖစ္လာတယ္။ကြင္းထဲကသူ႔ေနရာမွာထိပ္တန္းကစားသမားတစ္ဦးျဖစ္လာတယ္။ပြဲနဲ႔ပတ္သက္ၿပီးသူ႔ရဲ႕သိရွိထားမႈကအရမ္းျမင့္တယ္။သူကစပိန္၊အဂၤလန္နဲ႔ဂ်ာမနီတို႔မွဦကစားခဲ့တယ္။ဘိုင္ယန္မွာတုန္းကဂြါဒီယိုလာလက္ေအာက္မွာကစားခဲ့တယ္။ရီးရဲလ္မက္ဒရစ္မွာကြၽန္ေတာ္နဲ႔တြဲခဲ့တယ္။ၿပီးေတာ့ရီးရဲလ္မက္ဒရစ္မွာပဲကာလိုအန္ဆယ္ေလာ့တီနဲ႔တြဲခဲ့တယ္။လီဗာပူးမွာဘင္နီတက္ဇ္နဲ႔တြဲခဲ့တယ္။ဒီေတာ့ဗ်ာဒါေတြအားလုံးေပါင္းလိုက္ရင္ဇာဘီးမွာထိပ္တန္းမန္ေနဂ်ာတစ္ဦးျဖစ္လာမယ့္အေျခအေနေတြရွိတယ္”လို႔ေျပာၾကားသြားပါတယ္။
အလြန္ဆိုဟာေလဗာကူဆင္အတြက္ဒုတိယေျမာက္ပြဲစဥ္အျဖစ္ယေန႔တြင္ ေပၚတိုႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္အားႀကီးၾကပ္ရပါမယ္။သူဟာခ်န္ပီယံလိဂ္ဖလားကိုလီဗာပူး၊ရီးရဲလ္မက္ဒရစ္တို႔ႏွင့္အတူဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။