လွန်ခဲ့တဲ့၈နှစ်ကတည်းက ယူရို၂၀၂၀ ဗိုလ်လုပွဲတွင် အီတလီကို အင်္ဂလန် ပင်နယ်တီဖြင့် ရှုံးနိမ့်မယ်လို့ ပရိသတ်တစ်ဦးခန့်မှန်းခဲ့

ပရိသတ်တစ်ဦးဟာလွန်ခဲ့တဲ့၈နှစ်ကတည်းကယူရို၂၀၂၀ဗိုလ်လုပွဲတွင်အင်္ဂလန်အသင်းမှာအီတလီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်မယ်လို့တိကျမှန်ကန်စွာဟောကိန်းထားခဲ့ကြောင်းသိရပါတယ်။

၂၀၁၃ခုနှစ်တုန်းက @lawseyitfc အကောင့်ပိုင်ရှင်ဟာ ဖေဖော်ဝါရီလ၂၂ရက်နေ့ ည၁၁း၄၈နာရီအချိန်တွင်ယူရို၂၀၂၀ဗိုလ်လုပွဲမှာအင်္ဂလန်ဟာအီတလီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်မယ်ဆိုပြီးဟောကိန်းထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

အစ်ဝှစ်ချ်ပရိသတ်တစ်ဦးဖြစ်တဲ့ ကင်မရွန်းရဲ့ပို့စ်ကို Like ပေးသူ၂သိန်းခွဲအထိရှိပြီးဆွေးနွေးသူပေါင်း၁သိန်းနီးပါးအထိရှိနေပါတယ်။

ကင်မရာဟာအင်္ဂလန်နှင့်အီတလီပွဲမတိုင်ခင်မှာ အရှုံးအစားအနိုင်ဆိုပြီး ပြောင်းလဲရေးသားကာဆုတောင်းမှုပြုလုပ်ခဲ့ပါသေးတယ်။

ကံဆိုးစွာဘဲအင်္ဂလန်ဟာအီတလီကိုပင်နယ််တီဖြင့်ပင်ရှုံးနိမ့်ကာ၅၅နှစ်ကြာဆုဖလားလက်မဲ့ဖြစ်ပြီးသက်ဆိုးရှည်ခဲ့ရပြန်ပါတယ်။

အင်္ဂလန်ဟာပွဲအစပိုင်းမှာလုခ်ရှောသွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ဒုတိယပိုင်းမှာဘိုနုချီကအီတလီအတွက်ပြန်လည်ချေပခဲ့ပါတယ်။ပွဲကစားချိန်အတွင်းသရေကျနေတာကြောင့်အချိန်ကစားခဲ့ရာမှာလည်း၁၂၀မိနစ်အတွင်းဂိုးထပ်မသွင်းနိုင်လို့ပင်နယ်တီအဆုံးအဖြတ်ခံခဲ့ရပါတယ်။ပင်နယ်တီအဆုံးအဖြတ်မှာအင်္ဂလန်ဟာအီတလီကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

လြန္ခဲ့တဲ့၈ႏွစ္ကတည္းက ယူ႐ို၂၀၂၀ ဗိုလ္လုပြဲတြင္ အီတလီကို အဂၤလန္ ပင္နယ္တီျဖင့္ ရႈံးနိမ့္မယ္လို႔ ပရိသတ္တစ္ဦးခန႔္မွန္းခဲ့

ပရိသတ္တစ္ဦးဟာလြန္ခဲ့တဲ့၈ႏွစ္ကတည္းကယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္အဂၤလန္အသင္းမွာအီတလီကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္မယ္လို႔တိက်မွန္ကန္စြာေဟာကိန္းထားခဲ့ေၾကာင္းသိရပါတယ္။

၂၀၁၃ခုႏွစ္တုန္းက @lawseyitfc အေကာင့္ပိုင္ရွင္ဟာ ေဖေဖာ္ဝါရီလ၂၂ရက္ေန႔ ည၁၁း၄၈နာရီအခ်ိန္တြင္ယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာအဂၤလန္ဟာအီတလီကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္မယ္ဆိုၿပီးေဟာကိန္းထုတ္ခဲ့တာလည္းျဖစ္ပါတယ္။

အစ္ဝွစ္ခ်္ပရိသတ္တစ္ဦးျဖစ္တဲ့ ကင္မ႐ြန္းရဲ႕ပို႔စ္ကို Like ေပးသူ၂သိန္းခြဲအထိရွိၿပီးေဆြးေႏြးသူေပါင္း၁သိန္းနီးပါးအထိရွိေနပါတယ္။

ကင္မရာဟာအဂၤလန္ႏွင့္အီတလီပြဲမတိုင္ခင္မွာ အရႈံးအစားအႏိုင္ဆိုၿပီး ေျပာင္းလဲေရးသားကာဆုေတာင္းမႈျပဳလုပ္ခဲ့ပါေသးတယ္။

ကံဆိုးစြာဘဲအဂၤလန္ဟာအီတလီကိုပင္နယ္္တီျဖင့္ပင္ရႈံးနိမ့္ကာ၅၅ႏွစ္ၾကာဆုဖလားလက္မဲ့ျဖစ္ၿပီးသက္ဆိုးရွည္ခဲ့ရျပန္ပါတယ္။

အဂၤလန္ဟာပြဲအစပိုင္းမွာလုခ္ေရွာသြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ဒုတိယပိုင္းမွာဘိုႏုခ်ီကအီတလီအတြက္ျပန္လည္ေခ်ပခဲ့ပါတယ္။ပြဲကစားခ်ိန္အတြင္းသေရက်ေနတာေၾကာင့္အခ်ိန္ကစားခဲ့ရာမွာလည္း၁၂၀မိနစ္အတြင္းဂိုးထပ္မသြင္းႏိုင္လို႔ပင္နယ္တီအဆုံးအျဖတ္ခံခဲ့ရပါတယ္။ပင္နယ္တီအဆုံးအျဖတ္မွာအဂၤလန္ဟာအီတလီကို၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။