လွန်ခဲ့တဲ့ ၉ နှစ်ကမှ တည်ထောင်တဲ့ ဆလိုဗေးနီးယားအသင်းငယ်လေးကို ရှုံးနိမ့်ခဲ့တဲ့ စပါးစ်

စပါးစ်ဟာမနေ့ညတုန်းကယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်မှာဆလိုဗေးနီးယားအသင်းငယ်လေးအန်အာမူရာကိုအံ့ဩသင့်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။စပါးစ်ဟာယင်းပွဲအရှုံးကြောင့်နောက်တစ်ဆင့်တက်ဖို့အုပ်စုနောက်ဆုံးပွဲမှာအစွမ်းကုန်ရုန်းကန်ရတော့မှာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်ဟာပွဲအစ၁၁မိနစ်မှာဘဲဦးဆောင်ဂိုးပေးခဲ့ရပြီးပထမပိုင်း၃၁မိနစ်မှာရိုင်ယန်ဆက်စ်ဆီဂနွန်အထုတ်ခံရလို့တစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။ဆက်စ်ဆီဂနွန်ဟာကွန်တီလက်အောက်မှာပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်၇၂မိနစ်မှာဟယ်ရီကိန်းကချေပဂိုးသွင်းခဲ့ပေမယ့်နာကျင်အချိန်ပိုမှာမာရိုဆာကမူရာအတွက်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။မူရာဟာလွန်ခဲ့တဲ့၉နှစ်ကမှတည်ထောင်တဲ့အသင်းတစ်သင်းဖြစ်ပြီးစပါးစ်ပွဲမတိုင်မီအုပ်စုပွဲအားလုံးရှုံးနိမ့်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။

မူရာဟာဆလိုဗေးနီးယားအရှေ့မြောက်ပိုင်းမော်ဆကာဆိုဘိုတာမှာအခြေစိုက်တာဖြစ်ပြီးမြို့ရဲ့လူဦးရေက၁၁၀၀၀တည်းသာရှိပါတယ်။

တစ်ပွဲကျန်အနေအထားမှာစပါးစ်းဟာဒတ်ချ်ကလပ်ဗီတက်စ်ဆီနှင့်ရမှတ်၇မှတ်တူညီနေပါတယ်။

၎င်းတို့ဟာဒီဇင်ဘာလ၉ရက်နေ့အုပ်စုဗိုလ်ဖြစ်တဲ့ရှုံးပွဲမရှိရန်းနက်စ်နှင့်ပွဲမှာအနိုင်ရရှိမှသာလျှင်နောက်တစ်ဆင့်သို့တက်မယ့်အနေအထားသို့ရောက်သွားပါတယ်။

မူရာအားအံ့ဩသင့်ဖွယ်ရှုံးနိမ့်ပြီးနောက်စပါးစ်နည်းပြကွန်တီကမိမိမှာမှော်ဆရာမဟုတ်ကြောင်းပြောကြားသွားပါတယ်။

ကွန်တီက “ရက်သတ္တပတ်သုံးပတ်ကြာပြီးတဲ့နောက်အခြေအနေကိုစတင်နားလည်လာပါပြီ။မရိုးရှင်းပါဘူး။အခုအခြေအနေမှာစပါးစ်ကမမြင့်ပါဘူး။ဒီမှာနေရတာပျော်ပါတယ်။ဒါပေမယ့်အသင်းရဲ့အရည်အသွေးကိုမြှင့်တင်ဖို့အများကြီးအလုပ်လုပ်ရပါမယ်။ကျွန်တော်တို့ကတော့တင်ဟမ်ပါ။ဒါပေမယ့်ထိပ်တန်းအသင်းတွေနဲ့အရေးပါတဲ့ကွာဟချက်ရှိတယ်။ဒါပေမယ့်မကြောက်ပါဘူး။အရေးအကြီးဆုံးကအခြေအနေကိုနားလည်ဖို့ပါ။ကျွန်တော်ကမှော်ဆရာမဟုတ်ပါဘူး။သုံးပတ်ပြီးတဲ့နောက်မှာအလုပ်လုပ်ချင်တဲ့ကစားသမားတွေ၊အသင်းအတွက်ပေးဆပ်တဲ့ကစားသမားတွေကိုနားလည်လာပါတယ်။ဒါပေမယ့်တစ်ခါတစ်လေမလုံလောက်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

လြန္ခဲ့တဲ့ ၉ ႏွစ္ကမွ တည္ေထာင္တဲ့ ဆလိုေဗးနီးယားအသင္းငယ္ေလးကို ရႈံးနိမ့္ခဲ့တဲ့ စပါးစ္

စပါးစ္ဟာမေန႔ညတုန္းကယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္မွာဆလိုေဗးနီးယားအသင္းငယ္ေလးအန္အာမူရာကိုအံ့ဩသင့္ဖြယ္ရႈံးနိမ့္ခဲ့ပါတယ္။စပါးစ္ဟာယင္းပြဲအရႈံးေၾကာင့္ေနာက္တစ္ဆင့္တက္ဖို႔အုပ္စုေနာက္ဆုံးပြဲမွာအစြမ္းကုန္႐ုန္းကန္ရေတာ့မွာျဖစ္ပါတယ္။

ေျမာက္လန္ဒန္ကလပ္ဟာပြဲအစ၁၁မိနစ္မွာဘဲဦးေဆာင္ဂိုးေပးခဲ့ရၿပီးပထမပိုင္း၃၁မိနစ္မွာ႐ိုင္ယန္ဆက္စ္ဆီဂႏြန္အထုတ္ခံရလို႔တစ္ေယာက္အေလွ်ာ့နဲ႔ကစားခဲ့ရပါတယ္။ဆက္စ္ဆီဂႏြန္ဟာကြန္တီလက္ေအာက္မွာပထမဆုံးအႀကိမ္ပြဲထြက္ကစားခြင့္ရခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္၇၂မိနစ္မွာဟယ္ရီကိန္းကေခ်ပဂိုးသြင္းခဲ့ေပမယ့္နာက်င္အခ်ိန္ပိုမွာမာ႐ိုဆာကမူရာအတြက္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။မူရာဟာလြန္ခဲ့တဲ့၉ႏွစ္ကမွတည္ေထာင္တဲ့အသင္းတစ္သင္းျဖစ္ၿပီးစပါးစ္ပြဲမတိုင္မီအုပ္စုပြဲအားလုံးရႈံးနိမ့္ထားတဲ့အသင္းလည္းျဖစ္ပါတယ္။

မူရာဟာဆလိုေဗးနီးယားအေရွ႕ေျမာက္ပိုင္းေမာ္ဆကာဆိုဘိုတာမွာအေျခစိုက္တာျဖစ္ၿပီးၿမိဳ႕ရဲ႕လူဦးေရက၁၁၀၀၀တည္းသာရွိပါတယ္။

တစ္ပြဲက်န္အေနအထားမွာစပါးစ္းဟာဒတ္ခ်္ကလပ္ဗီတက္စ္ဆီႏွင့္ရမွတ္၇မွတ္တူညီေနပါတယ္။

၎တို႔ဟာဒီဇင္ဘာလ၉ရက္ေန႔အုပ္စုဗိုလ္ျဖစ္တဲ့ရႈံးပြဲမရွိရန္းနက္စ္ႏွင့္ပြဲမွာအႏိုင္ရရွိမွသာလွ်င္ေနာက္တစ္ဆင့္သို႔တက္မယ့္အေနအထားသို႔ေရာက္သြားပါတယ္။

မူရာအားအံ့ဩသင့္ဖြယ္ရႈံးနိမ့္ၿပီးေနာက္စပါးစ္နည္းျပကြန္တီကမိမိမွာေမွာ္ဆရာမဟုတ္ေၾကာင္းေျပာၾကားသြားပါတယ္။

ကြန္တီက “ရက္သတၱပတ္သုံးပတ္ၾကာၿပီးတဲ့ေနာက္အေျခအေနကိုစတင္နားလည္လာပါၿပီ။မ႐ိုးရွင္းပါဘူး။အခုအေျခအေနမွာစပါးစ္ကမျမင့္ပါဘူး။ဒီမွာေနရတာေပ်ာ္ပါတယ္။ဒါေပမယ့္အသင္းရဲ႕အရည္အေသြးကိုျမႇင့္တင္ဖို႔အမ်ားႀကီးအလုပ္လုပ္ရပါမယ္။ကြၽန္ေတာ္တို႔ကေတာ့တင္ဟမ္ပါ။ဒါေပမယ့္ထိပ္တန္းအသင္းေတြနဲ႔အေရးပါတဲ့ကြာဟခ်က္ရွိတယ္။ဒါေပမယ့္မေၾကာက္ပါဘူး။အေရးအႀကီးဆုံးကအေျခအေနကိုနားလည္ဖို႔ပါ။ကြၽန္ေတာ္ကေမွာ္ဆရာမဟုတ္ပါဘူး။သုံးပတ္ၿပီးတဲ့ေနာက္မွာအလုပ္လုပ္ခ်င္တဲ့ကစားသမားေတြ၊အသင္းအတြက္ေပးဆပ္တဲ့ကစားသမားေတြကိုနားလည္လာပါတယ္။ဒါေပမယ့္တစ္ခါတစ္ေလမလုံေလာက္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။