လှောင်ပြောင်ခံရသော်လည်း ပွဲများမတိုင်မီ အင်္ဂလန်အသင်း ဆက်လက်ဒူးထောက်မည်

ဂရေမီဆောက်ဂိတ်ကပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ရင်ဆိုင်နေရသော်လည်းအင်္ဂလန်ကစားသမားများမှာပွဲများတွင်လည်းပွဲမတိုင်မီဒူးထောက်ကာလူမျိုးရေးခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးလှုပ်ရှားမှုဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းကရေးဗားဆိုက်ကွင်းတွင်ဩစတြီးယားနှင့်ခြေစမ်းပွဲမတိုင်မီအင်္ဂလန်ကစားသမားတို့ဟာဒူးထောက်မှုပြုလုပ်ခဲ့ရာပရိသတ်အချို့တို့ကလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်ကျန်ပရိသတ်များကလက်ခုပ်တီးကာအားပေးမှုပြုလုပ်ခဲ့ရာလှောင်ပြောင်မှုကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။

ယနေ့ညတွင်ကစားမယ့်ရိုမေးနီးယားနှင့်ပွဲမတိုင်မီဆောက်ဂိတ်က “ဖြစ်ပျက်ခဲ့တာတွေအတွက်အရမ်းစိတ်ပျက်ရပါတယ်။နိုင်ငံကိုကိုယ်စားပြုရတဲ့ကစားသမားဆိုတာတန်းတူညီမျှရေး၊ဘဝမှာကြုံရတဲ့အဖြစ်အပျက်တွေအတွက်ကစားဖော်တွေကိုအားပေးမှုပြုလုပ်ရပါမယ်။တချို့ကလှောင်ပြောင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒီလူတွေအနေနဲ့လူငယ်ကစားသမားတွေနေရာမှာဝင်ပြီးခံစားကြည့်သင့်တယ်။သူတို့မှာကလေးရှိရင်၊ကလေးရှိလာခဲ့တဲ့အခါသူတို့ကလေးတွေဒီလိုကြုံရရင်ဘယ်လိုခံစားရမလဲ။အရေးအကြီးဆုံးကတော့ကျွန်တော့်ကစားသမားတွေအနေနဲ့စည်းလုံးဖို့ကအဓိကဆိုတာသိထားဖို့ပါ။ကျွန်တော်တို့တစ်ဦးကိုတစ်ဦးအပြည့်အဝအားပေးရပါမယ်။အသင်းကိုအားပေးရပါမယ်။အခုဆိုရင်ကျွန်တော်တို့ဟာဒီပြိုင်ပွဲမှာဒူးထောက်ဖို့ပိုပြီးတော့ဆုံးဖြတ်ချက်ချထားလိုက်ပါပြီ”လို့ပြောကြားသွားပါတယ်။

အင်္ဂလိပ်ဘောလုံးလောကတွင်ဒူးထောက်ကာခွဲခြားဆက်ဆံမှုအားဆန့်ကျင်မှုပြုလုပ်ခြင်းမှာအမေရိကန်တွင်ဂျော့ဖလွိုက်အသတ်ခံရမှုနောက်ပိုင်းတွင်ဖြစ်ပျက်လာခဲ့တာဖြစ်ပါတယ်။

ZawGyi

ေလွာင္ေျပာင္ခံရေသာ္လည္း ပြဲမ်ားမတိုင္မီ အဂၤလန္အသင္း ဆက္လက္ဒူးေထာက္မည္

ဂေရမီေဆာက္ဂိတ္ကပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ရင္ဆိုင္ေနရေသာ္လည္းအဂၤလန္ကစားသမားမ်ားမွာပြဲမ်ားတြင္လည္းပြဲမတိုင္မီဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားဆက္ဆံမႈတိုက္ဖ်က္ေရးလႈပ္ရွားမႈဆက္လက္ျပဳလုပ္သြားမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔တုန္းကေရးဗားဆိုက္ကြင္းတြင္ဩစႀတီးယားႏွင့္ေျခစမ္းပြဲမတိုင္မီအဂၤလန္ကစားသမားတို႔ဟာဒူးေထာက္မႈျပဳလုပ္ခဲ့ရာပရိသတ္အခ်ိဳ႕တို႔ကေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေပမယ့္က်န္ပရိသတ္မ်ားကလက္ခုပ္တီးကာအားေပးမႈျပဳလုပ္ခဲ့ရာေလွာင္ေျပာင္မႈကိုလႊမ္းမိုးႏိုင္ခဲ့ပါတယ္။

ယေန႔ညတြင္ကစားမယ့္႐ိုေမးနီးယားႏွင့္ပြဲမတိုင္မီေဆာက္ဂိတ္က “ျဖစ္ပ်က္ခဲ့တာေတြအတြက္အရမ္းစိတ္ပ်က္ရပါတယ္။ႏိုင္ငံကိုကိုယ္စားျပဳရတဲ့ကစားသမားဆိုတာတန္းတူညီမွ်ေရး၊ဘဝမွာႀကဳံရတဲ့အျဖစ္အပ်က္ေတြအတြက္ကစားေဖာ္ေတြကိုအားေပးမႈျပဳလုပ္ရပါမယ္။တခ်ိဳ႕ကေလွာင္ေျပာင္ဖို႔ဆုံးျဖတ္ခဲ့ၾကတယ္။ဒီလူေတြအေနနဲ႔လူငယ္ကစားသမားေတြေနရာမွာဝင္ၿပီးခံစားၾကည့္သင့္တယ္။သူတို႔မွာကေလးရွိရင္၊ကေလးရွိလာခဲ့တဲ့အခါသူတို႔ကေလးေတြဒီလိုႀကဳံရရင္ဘယ္လိုခံစားရမလဲ။အေရးအႀကီးဆုံးကေတာ့ကြၽန္ေတာ့္ကစားသမားေတြအေနနဲ႔စည္းလုံးဖို႔ကအဓိကဆိုတာသိထားဖို႔ပါ။ကြၽန္ေတာ္တို႔တစ္ဦးကိုတစ္ဦးအျပည့္အဝအားေပးရပါမယ္။အသင္းကိုအားေပးရပါမယ္။အခုဆိုရင္ကြၽန္ေတာ္တို႔ဟာဒီၿပိဳင္ပြဲမွာဒူးေထာက္ဖို႔ပိုၿပီးေတာ့ဆုံးျဖတ္ခ်က္ခ်ထားလိုက္ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

အဂၤလိပ္ေဘာလုံးေလာကတြင္ဒူးေထာက္ကာခြဲျခားဆက္ဆံမႈအားဆန႔္က်င္မႈျပဳလုပ္ျခင္းမွာအေမရိကန္တြင္ေဂ်ာ့ဖလြိဳက္အသတ္ခံရမႈေနာက္ပိုင္းတြင္ျဖစ္ပ်က္လာခဲ့တာျဖစ္ပါတယ္။