လှောင်ပြောင်မှု ပြုလုပ်လာတဲ့ ဘာစီလိုနာပရိသတ်များကို ပီကေးဝေဖန်

ဂါရတ်ပီကေးဟာမနေ့ညတုန်းကဘိုင်ယန်မြူးနစ်အား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့ဘာစီလိုနာပရိသတ်များကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

နူးကမ့်တွင်ကစားတဲ့အဆိုပါပွဲစဉ်ကိုပရိသတ်၄၀၀၀၀လာရောက်ကြည့်ရှုခဲ့ကြပြီးဘာစီလိုနာပရိသတ်များဟာခြေစွမ်းပြနိုင်ခြင်းမရှိတဲ့အလယ်တန်းကစားသမားရောဘတ်ဆာဂျီယိုအားပစ်မှတ်ထားလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်စွန်းစွန်းကာလတုန်းကဘာစီလိုနာကို၈-၂ဂိုးဖြင့်အနိုင်ကျင့်ခဲ့ဖူးတဲ့ဘိုင်ယန်မြူးနစ်ဟာယခုတစ်ကြိမ်မှာလည်းဘာစီလိုနာကိုအဝေးကွင်းမှာသက်တောင့်သက်သာဖြင့်ကစားပြီး၃-၀ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ဘာစီလိုနာဟာဘိုင်ယန်မြူးနစ်ဘက်သို့ဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မျှမပြုလုပ်နိုင်ခဲ့ပါဘူး။

ဘာစီလိုနာဒုတိယအသင်းခေါင်းဆောင်ပီကေးက “ဆာဂျီရောဘတ်တိုကိုဝီစီမှုတ်မှုကအရမ်းကိုနာကျင်ရပါတယ်။သူကအလယ်တန်းကစားသမားတစ်ဦးပါ။တောင်ပံကစားသမားတစ်ဦးမဟုတ်ဘူးဆိုတာသတိပြုကြစေလိုပါတယ်။သူကကွင်းထဲမှာအံဝင်အောင်ရင်းနှီးပေးဆပ်ခဲ့တာပါ။လူတွေအနေနဲ့ကိုယ့်ခံစားချက်ကိုလွတ်လပ်စွာဖော်ထုတ်ခွင့်ရှိပါတယ်။ဒါပေမယ့်ဝီစီမှုတ်မှုကဘာအကူအညီမှမဖြစ်စေပါဘူး။သူလည်းဒီကလပ်ကိုအများကြီးအောင်မြင်စေချင်သူပါ။ကျွန်တော်လည်းဒီဖြစ်ရပ်ကြောင့်အများကြီးနာကျင်ရပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေလွာင္ေျပာင္မႈ ျပဳလုပ္လာတဲ့ ဘာစီလိုနာပရိသတ္မ်ားကို ပီေကးေဝဖန္

ဂါရတ္ပီေကးဟာမေန႔ညတုန္းကဘိုင္ယန္ျမဴးနစ္အား၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့တဲ့ဘာစီလိုနာပရိသတ္မ်ားကိုေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။

ႏူးကမ့္တြင္ကစားတဲ့အဆိုပါပြဲစဥ္ကိုပရိသတ္၄၀၀၀၀လာေရာက္ၾကည့္ရႈခဲ့ၾကၿပီးဘာစီလိုနာပရိသတ္မ်ားဟာေျခစြမ္းျပႏိုင္ျခင္းမရွိတဲ့အလယ္တန္းကစားသမားေရာဘတ္ဆာဂ်ီယိုအားပစ္မွတ္ထားေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

လြန္ခဲ့တဲ့တစ္ႏွစ္စြန္းစြန္းကာလတုန္းကဘာစီလိုနာကို၈-၂ဂိုးျဖင့္အႏိုင္က်င့္ခဲ့ဖူးတဲ့ဘိုင္ယန္ျမဴးနစ္ဟာယခုတစ္ႀကိမ္မွာလည္းဘာစီလိုနာကိုအေဝးကြင္းမွာသက္ေတာင့္သက္သာျဖင့္ကစားၿပီး၃-၀ဂိုးျဖင့္အႏိုင္ရယူႏိုင္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ဘာစီလိုနာဟာဘိုင္ယန္ျမဴးနစ္ဘက္သို႔ဂိုးေပါက္တည့္တဲ့ကန္ခ်က္တစ္ႀကိမ္မွ်မျပဳလုပ္ႏိုင္ခဲ့ပါဘူး။

ဘာစီလိုနာဒုတိယအသင္းေခါင္းေဆာင္ပီေကးက “ဆာဂ်ီေရာဘတ္တိုကိုဝီစီမႈတ္မႈကအရမ္းကိုနာက်င္ရပါတယ္။သူကအလယ္တန္းကစားသမားတစ္ဦးပါ။ေတာင္ပံကစားသမားတစ္ဦးမဟုတ္ဘူးဆိုတာသတိျပဳၾကေစလိုပါတယ္။သူကကြင္းထဲမွာအံဝင္ေအာင္ရင္းႏွီးေပးဆပ္ခဲ့တာပါ။လူေတြအေနနဲ႔ကိုယ့္ခံစားခ်က္ကိုလြတ္လပ္စြာေဖာ္ထုတ္ခြင့္ရွိပါတယ္။ဒါေပမယ့္ဝီစီမႈတ္မႈကဘာအကူအညီမွမျဖစ္ေစပါဘူး။သူလည္းဒီကလပ္ကိုအမ်ားႀကီးေအာင္ျမင္ေစခ်င္သူပါ။ကြၽန္ေတာ္လည္းဒီျဖစ္ရပ္ေၾကာင့္အမ်ားႀကီးနာက်င္ရပါတယ္”လို႔ေျပာၾကားသြားပါတယ္။