လှောင်အိမ်ထဲတွင် ယူနိုက်တက်ကစားသမားများကို ထည့်ထားမယ့် အဲရစ်တန်ဟက်

အဲရစ်တန်ဟက်ဟာမန်ချက်စတာယူနိုက်တက်အသင်းကိုပြန်လည်တည်ဆောက်မှုအစိတ်အပိုင်းတစ်ရပ်အနေဖြင့်ကစားသမားများကို လှောင်အိမ်ထဲတွင်ထည့်သွင်းလာမှာဖြစ်ကြောင်းသိရပါတယ်။

ယူနိုက်တက်နည်းပြသစ်ဟာနွေရာသီတွင်ယူနိုက်တက်အားစတင်ကိုင်တွယ်ချိန်တွင်အဆင်သင့်ဖြစ်စေရန်အတွက်ယူနိုက်တက်လေ့ကျင့်ရေးကွင်းဝန်ထမ်းများအားသူလိုချင်တဲ့ပုံစံများကိုပြောကြားထားပြီးဖြစ်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ညွှန်ကြားမှုများထဲတွင် ငါးယောက်တစ်သင်းကစားရတဲ့ သံလှောင်အိမ်ကွင်းလည်းပါဝင်ပါတယ်။ဒတ်ချ်လူမျိုးနည်းပြဟာကစားသမားများရဲ့ယုံကြည်မှုမြင့်မားလာစေရန်လှောင်အိမ်ကွင်းထဲတွင်ကစားလာစေမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းဝန်ထမ်းများဟာငါးယောက်တစ်သင်းကစားရတဲ့ဘောလုံးကွင်းငယ်ကိုသံဇကာလှောင်အိမ်ပြုလုပ်ထားပြီးလည်းဖြစ်ပါတယ်။

ယူနိုက်တက်အတွင်းလူတစ်ဦးက “နည်းပြသစ်ဟာနည်းစနစ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုပြောပြထားပြီးဖြစ်ပါတယ်။ဝန်ထမ်းတွေကလည်းအသင့်ဖြစ်အောင်အလုပ်ကြိုးစားလုပ်နေကြတယ်။ငါးယောက်တစ်သင်းကစားရတဲ့ကွင်းကို Adidas Predator Zone လို့အမည်ပေးထားတယ်။ကစားသမားတွေအပျော်သက်သက်ပဲဖြစ်ဖြစ်ပွဲကစားရင်ပဲဖြစ်ဖြစ်သုံးရမယ်။ဒါပေမဲ့အဲဒီကွင်းကအဲရစ်တန်ဟက်ရဲ့နေ့စဉ်လုပ်ဆောင်မှုထဲမှာပါဝင်ပါမယ်။သူကကစားသမားတွေကအဲဒီထဲမှာလှောင်ပိတ်ထားမယ်။သက်တောင့်သက်သာဖြစ်လာတဲ့အနေအထားရောက်အောင်လုပ်သွားမယ်။သူကအဲဒီကွင်းကိုအသင့်ဖြစ်စေချင်နေတယ်။ကလပ်ကလည်းသူတောင်းဆိုသမျှလုပ်ဆောင်ပေးသွားဖို့အသင့်ပါ”လို့ပြောကြားသွားပါတယ်။

အဲရစ်တန်ဟက်ဟာအေဂျက်စ်တွင်သူ့ရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်လာတဲ့မစ်ချဲလ်ဗန်ဂက်ကိုလည်းယူနိုက်တက်သို့ခေါ်ဆောင်လာပါမယ်။ဒါ့အပြင်ဆာအဲလက်စ်ဖာဂူဆန်ရဲ့တပည့်ဟောင်းဖြစ်တဲ့အပြင် အဲရစ်တန်ဟက်ရဲ့ဆရာဟောင်းဖြစ်တဲ့စတိဗ်မက္ကလာရင်ဟာလည်းယူနိုက်တက်နည်းပြအဖွဲ့မှာတာဝန်ထမ်းဆောင်သွားပါမယ်။

Zawgyi

ေလွာင္အိမ္ထဲတြင္ ယူႏိုက္တက္ကစားသမားမ်ားကို ထည့္ထားမယ့္ အဲရစ္တန္ဟက္

အဲရစ္တန္ဟက္ဟာမန္ခ်က္စတာယူႏိုက္တက္အသင္းကိုျပန္လည္တည္ေဆာက္မႈအစိတ္အပိုင္းတစ္ရပ္အေနျဖင့္ကစားသမားမ်ားကို ေလွာင္အိမ္ထဲတြင္ထည့္သြင္းလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္နည္းျပသစ္ဟာေႏြရာသီတြင္ယူႏိုက္တက္အားစတင္ကိုင္တြယ္ခ်ိန္တြင္အဆင္သင့္ျဖစ္ေစရန္အတြက္ယူႏိုက္တက္ေလ့က်င့္ေရးကြင္းဝန္ထမ္းမ်ားအားသူလိုခ်င္တဲ့ပုံစံမ်ားကိုေျပာၾကားထားၿပီးျဖစ္ပါတယ္။

အဲရစ္တန္ဟက္ရဲ႕ၫႊန္ၾကားမႈမ်ားထဲတြင္ ငါးေယာက္တစ္သင္းကစားရတဲ့ သံေလွာင္အိမ္ကြင္းလည္းပါဝင္ပါတယ္။ဒတ္ခ်္လူမ်ိဳးနည္းျပဟာကစားသမားမ်ားရဲ႕ယုံၾကည္မႈျမင့္မားလာေစရန္ေလွာင္အိမ္ကြင္းထဲတြင္ကစားလာေစမွာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းဝန္ထမ္းမ်ားဟာငါးေယာက္တစ္သင္းကစားရတဲ့ေဘာလုံးကြင္းငယ္ကိုသံဇကာေလွာင္အိမ္ျပဳလုပ္ထားၿပီးလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အတြင္းလူတစ္ဦးက “နည္းျပသစ္ဟာနည္းစနစ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ကိုေျပာျပထားၿပီးျဖစ္ပါတယ္။ဝန္ထမ္းေတြကလည္းအသင့္ျဖစ္ေအာင္အလုပ္ႀကိဳးစားလုပ္ေနၾကတယ္။ငါးေယာက္တစ္သင္းကစားရတဲ့ကြင္းကို Adidas Predator Zone လို႔အမည္ေပးထားတယ္။ကစားသမားေတြအေပ်ာ္သက္သက္ပဲျဖစ္ျဖစ္ပြဲကစားရင္ပဲျဖစ္ျဖစ္သုံးရမယ္။ဒါေပမဲ့အဲဒီကြင္းကအဲရစ္တန္ဟက္ရဲ႕ေန႔စဥ္လုပ္ေဆာင္မႈထဲမွာပါဝင္ပါမယ္။သူကကစားသမားေတြကအဲဒီထဲမွာေလွာင္ပိတ္ထားမယ္။သက္ေတာင့္သက္သာျဖစ္လာတဲ့အေနအထားေရာက္ေအာင္လုပ္သြားမယ္။သူကအဲဒီကြင္းကိုအသင့္ျဖစ္ေစခ်င္ေနတယ္။ကလပ္ကလည္းသူေတာင္းဆိုသမွ်လုပ္ေဆာင္ေပးသြားဖို႔အသင့္ပါ”လို႔ေျပာၾကားသြားပါတယ္။

အဲရစ္တန္ဟက္ဟာေအဂ်က္စ္တြင္သူ႔ရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္လာတဲ့မစ္ခ်ဲလ္ဗန္ဂက္ကိုလည္းယူႏိုက္တက္သို႔ေခၚေဆာင္လာပါမယ္။ဒါ့အျပင္ဆာအဲလက္စ္ဖာဂူဆန္ရဲ႕တပည့္ေဟာင္းျဖစ္တဲ့အျပင္ အဲရစ္တန္ဟက္ရဲ႕ဆရာေဟာင္းျဖစ္တဲ့စတိဗ္မကၠလာရင္ဟာလည္းယူႏိုက္တက္နည္းျပအဖြဲ႕မွာတာဝန္ထမ္းေဆာင္သြားပါမယ္။