ဝက်စ်ဘရွန်းမှ ထွက်ခွာမည်ဟု နည်းပြဆမ်အလာဒွိုက်အတည်ပြု

ဆမ်အလာဒွိုက်ကရာသီအကုန်တွင်ဝက်စ်ဘရွန်းနည်းပြရာထူးမှထွက်ခွာမည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဒါ့အပြင်ဆမ်အလာဒွိုက်ဟာသူ့ရဲ့နည်းပြစတိုင်ကိုလည်းကာကွယ်ပြောကြားမှုပြုလုပ်သွားပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုကဆမ်အလာဒွိုက်မှာLong-Ball အသုံးပြုကာလူကောင်ကြီးမားတဲ့ကစားသမားများကိုအားကိုးအသုံးပြုသူဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဆမ်အလာဒွိုက်ကဝက်စ်ဟမ်းတိုက်စစ်မှူးရဲ့ပြောဆိုမှုမှာသူ့ကိုမလေးမစားပြောဆိုခြင်းဖြစ်ကြောင်းလည်းဝေဖန်ပြောကြားသွားပါတယ်။

ဝက်စ်ဟမ်းကို၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာဆမ်အလာဒွိုက်က “သူ(အန်တိုနီယို)ဟာကျွန်တော်နဲ့အသင်းကိုစော်ကားပြောဆိုလိုက်တာပါ။သူကလူရည်မွန်လေးဆိုတာကျွန်တော်သိပါတယ်။ဒါပေမယ့်သူပြောတာကလက်ခံနိုင်စရာမရှိပါဘူး။သူ့အနေနဲ့ပွဲကိုဘယ်လိုကစားခဲ့သလဲဆိုတာပြန်ကြည့်သင့်တယ်။ကျွန်တော်တို့ရဲ့ရှေ့တန်းကစားသမားနှစ်ဦးမှာတစ်ဦးက၅ပေ၊၁၀လက်မ၊တစ်ဦးက၅ပေ၊၉လက်မပါ။တိုက်စစ်မှာလူကောင်းကြီးကြီးတွေပြေးနေတယ်ဆိုတာသူဘာကိုဆိုလိုတာလဲ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဆမ်အလာဒွိုက်ကဝက်စ်ဘရွန်းအားချန်ပီယံရှစ်တွင်ဆက်လက်ကိုင်တွယ်ရန်ကမ်းလှမ်းမှုရရှိခဲ့သော်လည်းရာသီအကုန်တွင်ထွက်ခွာတော့မှာဖြစ်ကြောင်းပြောကြားသွားပါတယ်။ဝက်စ်ဘရွန်းဟာယခုလအစောပိုင်းကတည်းကချန်ပီယံရှစ်သို့တန်းဆင်းရရန်သေချာသွားခဲ့ပါတယ်။

ZawGyi

ဝက္စ္ဘ႐ြန္းမွ ထြက္ခြာမည္ဟု နည္းျပဆမ္အလာဒြိဳက္အတည္ျပဳ

ဆမ္အလာဒြိဳက္ကရာသီအကုန္တြင္ဝက္စ္ဘ႐ြန္းနည္းျပရာထူးမွထြက္ခြာမည္ျဖစ္ေၾကာင္းအတည္ျပဳလိုက္ပါတယ္။ဒါ့အျပင္ဆမ္အလာဒြိဳက္ဟာသူ႔ရဲ႕နည္းျပစတိုင္ကိုလည္းကာကြယ္ေျပာၾကားမႈျပဳလုပ္သြားပါတယ္။

ဝက္စ္ဟမ္းတိုက္စစ္မႉးအန္တိုနီယိုကဆမ္အလာဒြိဳက္မွာLong-Ball အသုံးျပဳကာလူေကာင္ႀကီးမားတဲ့ကစားသမားမ်ားကိုအားကိုးအသုံးျပဳသူျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဆမ္အလာဒြိဳက္ကဝက္စ္ဟမ္းတိုက္စစ္မႉးရဲ႕ေျပာဆိုမႈမွာသူ႔ကိုမေလးမစားေျပာဆိုျခင္းျဖစ္ေၾကာင္းလည္းေဝဖန္ေျပာၾကားသြားပါတယ္။

ဝက္စ္ဟမ္းကို၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲအၿပီးမွာဆမ္အလာဒြိဳက္က “သူ(အန္တိုနီယို)ဟာကြၽန္ေတာ္နဲ႔အသင္းကိုေစာ္ကားေျပာဆိုလိုက္တာပါ။သူကလူရည္မြန္ေလးဆိုတာကြၽန္ေတာ္သိပါတယ္။ဒါေပမယ့္သူေျပာတာကလက္ခံႏိုင္စရာမရွိပါဘူး။သူ႔အေနနဲ႔ပြဲကိုဘယ္လိုကစားခဲ့သလဲဆိုတာျပန္ၾကည့္သင့္တယ္။ကြၽန္ေတာ္တို႔ရဲ႕ေရွ႕တန္းကစားသမားႏွစ္ဦးမွာတစ္ဦးက၅ေပ၊၁၀လက္မ၊တစ္ဦးက၅ေပ၊၉လက္မပါ။တိုက္စစ္မွာလူေကာင္းႀကီးႀကီးေတြေျပးေနတယ္ဆိုတာသူဘာကိုဆိုလိုတာလဲ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဆမ္အလာဒြိဳက္ကဝက္စ္ဘ႐ြန္းအားခ်န္ပီယံရွစ္တြင္ဆက္လက္ကိုင္တြယ္ရန္ကမ္းလွမ္းမႈရရွိခဲ့ေသာ္လည္းရာသီအကုန္တြင္ထြက္ခြာေတာ့မွာျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။ဝက္စ္ဘ႐ြန္းဟာယခုလအေစာပိုင္းကတည္းကခ်န္ပီယံရွစ္သို႔တန္းဆင္းရရန္ေသခ်ာသြားခဲ့ပါတယ္။