ဝက်စ်ဟမ်းကို ကျော်ဖြတ်ကာ မီလန်ကိုဗစ်ကို ခေါ်ယူရန် စပါးစ် သဘောတူညီမှုရရှိ

စပါးစ်ဟာဝက်စ်ဟမ်းအားကျော်ဖြတ်ကာဖီအိုရင်တီးနားနောက်ခံလူနီကိုလာမီလန်ကိုဗစ်အားခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ကြောင်းသိရပါတယ်။

စပါးစ်ဟာယခုတစ်နွေလုံးဖီအိုရင်တီးနားနောက်ခံလူအားခေါ်ယူရန်စောင့်ကြည့်လာခဲ့တာလည်းဖြစ်ပါတယ်။

စပါးစ်ရဲ့အားကစားဒါရိုက်တာဖေဘီယိုပါရာတီကာဟာဖီအိုရင်တီးနားနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အပြင်ဝက်စ်ဟမ်းမှပေးတဲ့ပြောင်းရွှေ့ကြေးထက်ပိုပေးလာမှုကြောင့်မီလန်ကိုဗစ်အားခေါ်ယူရန်သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းကမီလန်ကိုဗစ်အားပေါင်၁၂.၇သန်းသာပေးသော်လည်းစပါးစ်ကအသက်၂၃နှစ်ရှိနောက်ခံလူအတွက်ပေါင်၁၅ဝန်းကျင်ဖြင့်ကမ်းလှမ်းမှုကြောင့်သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပါရာတီကာဟာဂျူဗင်တပ်တွင်အားကစားဒါရိုက်တာအဖြစ်လုပ်ဆောင်ခဲ့သူဖြစ်ရာအီတလီဘောလုံးလောကအကြောင်းကျွမ်းကျင်သူလည်းဖြစ်ပါတယ်။သူဟာအတ္တလန္တာမှအာဂျင်တီးနားနောက်ခံလူခရစ္စတီယန်ရိုမဲရိုးကိုလည်းခေါ်ယူပေးထားပြီးဖြစ်ပါတယ်။

ဒါ့အပြင်စပါးစ်ဟာဘိုလော့ဂ်နာမှဂျပန်လက်ရွေးစင်ဗဟိုနောက်ခံလူတာကီဟီရိုတိုမီယာဆူကိုလည်းခေါ်ယူရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။

စပါးစ်ဟာကက်ဂလီယာရီမှဥရုဂွေးအလယ်တန်းကစားသမားနာဟီတာနာဒက်ဇ်ကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ZawGyi

ဝက္စ္ဟမ္းကို ေက်ာ္ျဖတ္ကာ မီလန္ကိုဗစ္ကို ေခၚယူရန္ စပါးစ္ သေဘာတူညီမႈရရွိ

စပါးစ္ဟာဝက္စ္ဟမ္းအားေက်ာ္ျဖတ္ကာဖီအိုရင္တီးနားေနာက္ခံလူနီကိုလာမီလန္ကိုဗစ္အားေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ေၾကာင္းသိရပါတယ္။

စပါးစ္ဟာယခုတစ္ေႏြလုံးဖီအိုရင္တီးနားေနာက္ခံလူအားေခၚယူရန္ေစာင့္ၾကည့္လာခဲ့တာလည္းျဖစ္ပါတယ္။

စပါးစ္ရဲ႕အားကစားဒါ႐ိုက္တာေဖဘီယိုပါရာတီကာဟာဖီအိုရင္တီးနားႏွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးရွိတဲ့အျပင္ဝက္စ္ဟမ္းမွေပးတဲ့ေျပာင္းေ႐ႊ႕ေၾကးထက္ပိုေပးလာမႈေၾကာင့္မီလန္ကိုဗစ္အားေခၚယူရန္သေဘာတူညီမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းကမီလန္ကိုဗစ္အားေပါင္၁၂.၇သန္းသာေပးေသာ္လည္းစပါးစ္ကအသက္၂၃ႏွစ္ရွိေနာက္ခံလူအတြက္ေပါင္၁၅ဝန္းက်င္ျဖင့္ကမ္းလွမ္းမႈေၾကာင့္သေဘာတူညီမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။

ပါရာတီကာဟာဂ်ဴဗင္တပ္တြင္အားကစားဒါ႐ိုက္တာအျဖစ္လုပ္ေဆာင္ခဲ့သူျဖစ္ရာအီတလီေဘာလုံးေလာကအေၾကာင္းကြၽမ္းက်င္သူလည္းျဖစ္ပါတယ္။သူဟာအတၱလႏၲာမွအာဂ်င္တီးနားေနာက္ခံလူခရစၥတီယန္႐ိုမဲ႐ိုးကိုလည္းေခၚယူေပးထားၿပီးျဖစ္ပါတယ္။

ဒါ့အျပင္စပါးစ္ဟာဘိုေလာ့ဂ္နာမွဂ်ပန္လက္ေ႐ြးစင္ဗဟိုေနာက္ခံလူတာကီဟီ႐ိုတိုမီယာဆူကိုလည္းေခၚယူရန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

စပါးစ္ဟာကက္ဂလီယာရီမွဥ႐ုေဂြးအလယ္တန္းကစားသမားနာဟီတာနာဒက္ဇ္ကိုလည္းေခၚယူရန္ႀကိဳးပမ္းေနပါတယ္။