ဝက်စ်ဟမ်းစတားနှင့်ချစ်ကြိုက်နေမှုကို ဖခင်က ခွင့်ပြုချက်ပေးထားကြောင်း ဒါနီဒိုင်ယာဖွင့်ဟလာ

Love Island စတားဒါနီဒိုင်ယာကဝက်စ်ဟမ်းအမာခံပရိသတ်ဖြစ်တဲ့ဖခင်ဖြစ်သူက ဝက်စ်ဟမ်းစတားဂျာရော့ဒ်ဘိုဝန်နှင့်ချစ်ကြိုက်နေမှုကိုခွင့်ပြုကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒါနီရဲ့ဖခင်က EastEnders သရုပ်ဆောင်ဒန်နီဒိုင်ယာဖြစ်ပြီး သမီးဖြစ်သူနှင့်ဘိုင်ဝန်တို့ချစ်ကြိုက်နေမှုကိုလက်မထောင်ပြထားပြီးဖြစ်တဲ့အပြင်သမက်လောင်းကိုလည်း ချစ်စရာကောင်းတဲ့ကောင်လို့ပြောထားပါသေးတယ်။

ဒါနီက “သူကဝက်စ်ဟမ်းပရိသတ်ဆိုတော့ဝက်စ်ဟမ်းကစားသမားတိုင်းကိုအလေးထားသလိုတစ်ချို့ကိုလည်းစောင့်ကြည့်ပါတယ်။’အားလုံးငါ့သူငယ်ချင်းတွေချည်းပဲ၊ငါ့ဘက်ကတော့အဆင်ပြေ’၊’အိုကေဖေကြီးရေ’။အခုကအစောပိုင်းပဲရှိပါသေးတယ်။ဂျာရော့ဒ်ကချစ်စရာကောင်းတဲ့သူပါ။တစ်ယောက်နဲ့တစ်ယောက်နဲ့ပိုသိအောင်လုပ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဝက်စ်ဟမ်းပရိသတ်များကတော့ဘိုဝန်နှင့်ဒါနီတို့ချစ်ကြိုက်နေမှုကိုကန့်ကွက်နေကြပါတယ်။စပါးစ်ကို၁-၀ဂိုးမှာဝက်စ်ဟမ်းပရိသတ်များဟာ “Bowen’s on fire and he’s sh***ing Dani Dyer”ဆိုပြီး အော်ဟစ်သီဆိုနေကြပါတယ်။

ဝက်စ်ဟမ်းတောင်ပံကစားသမားဘိုဝန်ဟာမနေ့ညတုန်းကဗီလာကို၄-၁ဂိုးြဖင့်အနိုင်ရရှိတဲ့ပွဲမှာသူ့ရဲ့ယခုရာသီဒုတိယမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ဝက္စ္ဟမ္းစတားႏွင့္ခ်စ္ႀကိဳက္ေနမႈကို ဖခင္က ခြင့္ျပဳခ်က္ေပးထားေၾကာင္း ဒါနီဒိုင္ယာဖြင့္ဟလာ

Love Island စတားဒါနီဒိုင္ယာကဝက္စ္ဟမ္းအမာခံပရိသတ္ျဖစ္တဲ့ဖခင္ျဖစ္သူက ဝက္စ္ဟမ္းစတားဂ်ာေရာ့ဒ္ဘိုဝန္ႏွင့္ခ်စ္ႀကိဳက္ေနမႈကိုခြင့္ျပဳေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ဒါနီရဲ႕ဖခင္က EastEnders သ႐ုပ္ေဆာင္ဒန္နီဒိုင္ယာျဖစ္ၿပီး သမီးျဖစ္သူႏွင့္ဘိုင္ဝန္တို႔ခ်စ္ႀကိဳက္ေနမႈကိုလက္မေထာင္ျပထားၿပီးျဖစ္တဲ့အျပင္သမက္ေလာင္းကိုလည္း ခ်စ္စရာေကာင္းတဲ့ေကာင္လို႔ေျပာထားပါေသးတယ္။

ဒါနီက “သူကဝက္စ္ဟမ္းပရိသတ္ဆိုေတာ့ဝက္စ္ဟမ္းကစားသမားတိုင္းကိုအေလးထားသလိုတစ္ခ်ိဳ႕ကိုလည္းေစာင့္ၾကည့္ပါတယ္။’အားလုံးငါ့သူငယ္ခ်င္းေတြခ်ည္းပဲ၊ငါ့ဘက္ကေတာ့အဆင္ေျပ’၊’အိုေကေဖႀကီးေရ’။အခုကအေစာပိုင္းပဲရွိပါေသးတယ္။ဂ်ာေရာ့ဒ္ကခ်စ္စရာေကာင္းတဲ့သူပါ။တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ပိုသိေအာင္လုပ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဝက္စ္ဟမ္းပရိသတ္မ်ားကေတာ့ဘိုဝန္ႏွင့္ဒါနီတို႔ခ်စ္ႀကိဳက္ေနမႈကိုကန႔္ကြက္ေနၾကပါတယ္။စပါးစ္ကို၁-၀ဂိုးမွာဝက္စ္ဟမ္းပရိသတ္မ်ားဟာ “Bowen’s on fire and he’s sh***ing Dani Dyer”ဆိုၿပီး ေအာ္ဟစ္သီဆိုေနၾကပါတယ္။

ဝက္စ္ဟမ္းေတာင္ပံကစားသမားဘိုဝန္ဟာမေန႔ညတုန္းကဗီလာကို၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာသူ႔ရဲ႕ယခုရာသီဒုတိယေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။