ဝက်စ်ဟမ်းနိုင်ပွဲတွင် ယူနိုက်တက်ကစားသမားဖော်နှစ်ဦးအပေါ်တွင် အကြီးအကျယ်စိတ်ပျက်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဝက်စ်ဟမ်းအားအနိုင်ရရှိတဲ့ယူနိုက်တက်ရဲ့ပွဲစဉ်မှ ဟယ်ရီမက်ဂွိုင်းယားနှင့်မေဆင်ဂရင်းဝုဒ်တို့ရဲ့အပြုအမူများအပေါ်တွင် အကြီးအကျယ်စိတ်ပျက်ခဲ့ကြောင်းသိရပါတယ်။

ယူနိုက်တက်ဟာပြီးခဲ့တဲ့အပတ်စနေနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်ဝက်စ်ဟမ်းကိုနောက်ကျမိနစ်ဂိုးဖြင့် ၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာမားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့နောက်ကျဂိုးဖြင့်မဖြစ်မနေအနိုင်ရရှိရန်လိုအပ်နေတဲ့ပွဲတွင် ရမှတ်သုံးမှတ်အပြည့်အဝရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အနိုင်ရရှိခဲ့ပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာဟယ်ရီမက်ဂွိုင်းယားနှင့်မေဆင်ဂရင်းဝုဒ်တို့ကြောင့်မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာဟယ်ရီမက်ဂွိုင်းယားက ဘောလုံးကိုရင်ဘတ်နဲ့မထိန်းဘတ် ခေါင်းတိုက်ရှင်းထုတ်မှုအပေါ်တွင်လည်းကောင်း၊ ပွဲချိန်၅၆မိနစ်တွင်မေဆင်ဂရင်းဝုဒ်က သူ့ထံသို့ပေးပို့နိုင်ပေမဲ့တကိုယ်ကောင်းဆန်စွာကန်ခဲ့မှုအပေါ်တွင်လည်းကောင်း စိတ်ပျက်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာအမြင့်ဘောဖြတ်တင်ဘောများသာ ပြုလုပ်ခဲ့တဲ့ဒါလော့အပေါ်တွင်လည်းစိတ်ပျက်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဂိုးပေါက်ပျောက်ခဲ့ပေမဲ့လည်း ယူနိုက်တက်အတွက်ရပ်ရှ်ဖို့ဒ်ကအနိုင်ဂိုးသွင်းရာတွင်အဓိကနေရာမှ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပိုတွင်ရော်နယ်ဒိုဟာဘောလုံးရရှိပြီးနောက်မာရှယ်ကိုဘောလုံးချပေးခဲ့ပါတယ်။မာရှယ်ကတဆင့်ကာဗာနီကိုချပေးခဲ့ပြီး ဥရုဂွေးစတားရဲ့ဖြတ်တင်ဘောကနေရပ်ရှ်ဖို့ဒ်ကအနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ZawGyi

ဝက္စ္ဟမ္းႏိုင္ပြဲတြင္ ယူႏိုက္တက္ကစားသမားေဖာ္ႏွစ္ဦးအေပၚတြင္ အႀကီးအက်ယ္စိတ္ပ်က္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဝက္စ္ဟမ္းအားအႏိုင္ရရွိတဲ့ယူႏိုက္တက္ရဲ႕ပြဲစဥ္မွ ဟယ္ရီမက္ဂြိဳင္းယားႏွင့္ေမဆင္ဂရင္းဝုဒ္တို႔ရဲ႕အျပဳအမူမ်ားအေပၚတြင္ အႀကီးအက်ယ္စိတ္ပ်က္ခဲ့ေၾကာင္းသိရပါတယ္။

ယူႏိုက္တက္ဟာၿပီးခဲ့တဲ့အပတ္စေနေန႔တုန္းကအိုးထရက္ဖို႔ဒ္တြင္ဝက္စ္ဟမ္းကိုေနာက္က်မိနစ္ဂိုးျဖင့္ ၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယူႏိုက္တက္ဟာမားကပ္စ္ရပ္ရွ္ဖို႔ဒ္ရဲ႕ေနာက္က်ဂိုးျဖင့္မျဖစ္မေနအႏိုင္ရရွိရန္လိုအပ္ေနတဲ့ပြဲတြင္ ရမွတ္သုံးမွတ္အျပည့္အဝရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အႏိုင္ရရွိခဲ့ေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဟယ္ရီမက္ဂြိဳင္းယားႏွင့္ေမဆင္ဂရင္းဝုဒ္တို႔ေၾကာင့္မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ရပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရခရစၥတီယာႏိုေရာ္နယ္ဒိုဟာဟယ္ရီမက္ဂြိဳင္းယားက ေဘာလုံးကိုရင္ဘတ္နဲ႔မထိန္းဘတ္ ေခါင္းတိုက္ရွင္းထုတ္မႈအေပၚတြင္လည္းေကာင္း၊ ပြဲခ်ိန္၅၆မိနစ္တြင္ေမဆင္ဂရင္းဝုဒ္က သူ႔ထံသို႔ေပးပို႔ႏိုင္ေပမဲ့တကိုယ္ေကာင္းဆန္စြာကန္ခဲ့မႈအေပၚတြင္လည္းေကာင္း စိတ္ပ်က္ခဲ့ေၾကာင္းသိရပါတယ္။ ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအျမင့္ေဘာျဖတ္တင္ေဘာမ်ားသာ ျပဳလုပ္ခဲ့တဲ့ဒါေလာ့အေပၚတြင္လည္းစိတ္ပ်က္ခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂိုးေပါက္ေပ်ာက္ခဲ့ေပမဲ့လည္း ယူႏိုက္တက္အတြက္ရပ္ရွ္ဖို႔ဒ္ကအႏိုင္ဂိုးသြင္းရာတြင္အဓိကေနရာမွ ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုတြင္ေရာ္နယ္ဒိုဟာေဘာလုံးရရွိၿပီးေနာက္မာရွယ္ကိုေဘာလုံးခ်ေပးခဲ့ပါတယ္။မာရွယ္ကတဆင့္ကာဗာနီကိုခ်ေပးခဲ့ၿပီး ဥ႐ုေဂြးစတားရဲ႕ျဖတ္တင္ေဘာကေနရပ္ရွ္ဖို႔ဒ္ကအႏိုင္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။