
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဝက်စ်ဟမ်းနှင့်ပွဲတွင်လက်စွမ်းပြကစားသွားခဲ့တဲ့ဂိုးသမားဒီဂီယာကို ကြီးကျယ်တဲ့ဂိုးသမားတစ်ဦးအဖြစ်ချီးကျူးသွားခဲ့ပြီး စပိန်လက်ရွေးစင်ဂိုးသမားမှာခြေထောက်ကောင်းစွာအသုံးမပြုတတ်ဘူးလို့ပြောဆိုမှုကိုငြင်းဆိုသွားပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကစပိန်မီဒီယာများရဲ့ဖော်ပြချက်အရဒီဂီယာဟာစပိန်အသင်းရဲ့ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပဏာမလူစာရင်း၅၅ဦးစာရငး်တွင်ချန်လှပ်ခံခဲ့ရကြောင်းသိရပါတယ်။
ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလေးကြိမ်ရရှိထားတဲ့ဒီဂီယာဟာဘောလုံးပေးပို့မှုကောင်းစွာပြုလုပ်နိုင်ခြင်းမရှိမှုနှင့်အတူ စပိန်နည်းပြလူးဝစ်အန်းနရစ်ရဲ့ချန်လှပ်ခြင်းခံလာရတာဖြစ်ကြောင်းသိရပါတယ်။
ဒါပေမဲ့ဒီဂီယာဟာမနေ့ညတုန်းကဝက်စ်ဟမ်းကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင် မစ်ချဲလ်အန်တိုနီယို၊ ကတ်ဇူးမား၊ဒက်လန်းရိုက်စ်တို့ရဲ့ဂိုးရနိုင်တဲ့အခွင့်အရေးကိုကာကွယ်သွားခဲ့ပါတယ်။
အဲရစ်တန်ဟက်က “လူတိုင်းမှာကိုယ့်အမြင်နဲ့ကိုယ်ရှိတယ်။ကျွန်တော့်အတွက်ဂိုးသမားတစ်ဦးအတွက်ပထမဆုံးအရေးအကြီးဆုံးကဂိုးကိုကာကွယ်နိုင်ဖို့ပါ။ဂိုးမပေးရအောင်လုပ်ဖို့ပါ။ဒါပေမဲ့သူဟာဘောလုံးလည်းကောင်းကောင်းပေးနိုင်သူပါ။သူလုပ်နိုင်တယ်လို့ယုံကြည်တယ်။ဒီပွဲမှာသူဒါကိုသက်သေပြသွားတယ်”လို့ပြောကြားသွားပါတယ်။
ယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀ရရှိနေတဲ့ဒီဂီယာဟာကမ္ဘာ့ဂိုးသမားလောကတွင်လုပ်ခအများဆုံးဂိုးသမားအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။
သူဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။ယူနိုက်တက်ဟာဒီဂီယာရဲ့စာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မဲ့အချက်ကိုထည့်သွင်းထားရာစာချုပ်သက်တမ်းတိုးရေးပူပန်စရာမရှိပါဘူး။အဲရစ်တန်ဟက်ကကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ဒီဂီယာကိုစာချုပ်သစ်ချုပ်ဆိုရေးအပေါ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းဆိုသွားပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကဝက်စ်ဟမ်းနှင့်ပွဲတွင်မားကပ်စ်ရက်ဖို့ဒ်ရဲ့ပါဝါခေါင်းတိုက်ချက်ဂိုးဖြင့် ၁-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ယင်းဂိုးကရက်ဖို့ဒ်ရဲ့ယူနိုက်တက်အတွက်ဂိုးရာပြည့်ဂိုးလည်းဖြစ်ပါတယ်။သူဟာဝိန်းရွန်းနီနောက်ပိုင်းတွင်ယူနိုက်တက်အတွက်ဂိုးရာပြည့်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။
ZawGyi
ဝက္စ္ဟမ္းႏိုင္ပြဲမွ ဒီဂီယာရဲ႕လက္စြမ္းျပကစားသြားမႈကို အဲရစ္တန္ဟက္ ခ်ီးက်ဴး
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဝက္စ္ဟမ္းႏွင့္ပြဲတြင္လက္စြမ္းျပကစားသြားခဲ့တဲ့ဂိုးသမားဒီဂီယာကို ႀကီးက်ယ္တဲ့ဂိုးသမားတစ္ဦးအျဖစ္ခ်ီးက်ဴးသြားခဲ့ၿပီး စပိန္လက္ေ႐ြးစင္ဂိုးသမားမွာေျခေထာက္ေကာင္းစြာအသုံးမျပဳတတ္ဘူးလို႔ေျပာဆိုမႈကိုျငင္းဆိုသြားပါတယ္။
ၿပီးခဲ့တဲ့အပတ္တုန္းကစပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒီဂီယာဟာစပိန္အသင္းရဲ႕ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ပဏာမလူစာရင္း၅၅ဦးစာရငး္တြင္ခ်န္လွပ္ခံခဲ့ရေၾကာင္းသိရပါတယ္။
ယူႏိုက္တက္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုေလးႀကိမ္ရရွိထားတဲ့ဒီဂီယာဟာေဘာလုံးေပးပို႔မႈေကာင္းစြာျပဳလုပ္ႏိုင္ျခင္းမရွိမႈႏွင့္အတူ စပိန္နည္းျပလူးဝစ္အန္းနရစ္ရဲ႕ခ်န္လွပ္ျခင္းခံလာရတာျဖစ္ေၾကာင္းသိရပါတယ္။
ဒါေပမဲ့ဒီဂီယာဟာမေန႔ညတုန္းကဝက္စ္ဟမ္းကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ မစ္ခ်ဲလ္အန္တိုနီယို၊ ကတ္ဇူးမား၊ဒက္လန္း႐ိုက္စ္တို႔ရဲ႕ဂိုးရႏိုင္တဲ့အခြင့္အေရးကိုကာကြယ္သြားခဲ့ပါတယ္။
အဲရစ္တန္ဟက္က “လူတိုင္းမွာကိုယ့္အျမင္နဲ႔ကိုယ္ရွိတယ္။ကြၽန္ေတာ့္အတြက္ဂိုးသမားတစ္ဦးအတြက္ပထမဆုံးအေရးအႀကီးဆုံးကဂိုးကိုကာကြယ္ႏိုင္ဖို႔ပါ။ဂိုးမေပးရေအာင္လုပ္ဖို႔ပါ။ဒါေပမဲ့သူဟာေဘာလုံးလည္းေကာင္းေကာင္းေပးႏိုင္သူပါ။သူလုပ္ႏိုင္တယ္လို႔ယုံၾကည္တယ္။ဒီပြဲမွာသူဒါကိုသက္ေသျပသြားတယ္”လို႔ေျပာၾကားသြားပါတယ္။
ယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀ရရွိေနတဲ့ဒီဂီယာဟာကမာၻ႔ဂိုးသမားေလာကတြင္လုပ္ခအမ်ားဆုံးဂိုးသမားအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။
သူဟာယခုရာသီအကုန္တြင္ယူႏိုက္တက္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။ယူႏိုက္တက္ဟာဒီဂီယာရဲ႕စာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မဲ့အခ်က္ကိုထည့္သြင္းထားရာစာခ်ဳပ္သက္တမ္းတိုးေရးပူပန္စရာမရွိပါဘူး။အဲရစ္တန္ဟက္ကကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ဒီဂီယာကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအေပၚဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။
ယူႏိုက္တက္ဟာမေန႔ညတုန္းကဝက္စ္ဟမ္းႏွင့္ပြဲတြင္မားကပ္စ္ရက္ဖို႔ဒ္ရဲ႕ပါဝါေခါင္းတိုက္ခ်က္ဂိုးျဖင့္ ၁-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။ယင္းဂိုးကရက္ဖို႔ဒ္ရဲ႕ယူႏိုက္တက္အတြက္ဂိုးရာျပည့္ဂိုးလည္းျဖစ္ပါတယ္။သူဟာဝိန္း႐ြန္းနီေနာက္ပိုင္းတြင္ယူႏိုက္တက္အတြက္ဂိုးရာျပည့္သြင္းယူႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။