ဝက်စ်ဟမ်းနှင့်ပွဲစဉ်မှ ဆာကာရဲ့ဂိုးကို ခွင့်မပြုခဲ့မှုအပေါ် အာဆင်နယ်ပရိသတ်များ နားမလည်နိုင်အောင်ဖြစ်နေ

အာဆင်နယ်ပရိသတ်များဟာမနေ့ညတုန်းကဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင်ဘူကာယိုဆာကာရဲ့ဂိုးအားခွင့်မပြုခဲ့ခြင်းအပေါ်နားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။

ဆာကာဟာအာဆင်နယ်အတွက်စောစောစီးစီးဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့လည်းစည်းကြပ်ဒိုင်ကလူကျွံဘောအလံထောင်ထားခဲ့ပါတယ်။

ဒါပေမဲ့ပရိသတ်များကမာတင်အိုဒီဂတ်ကဘောလုံးပေးပို့လာချိန်တွင်ဆာကာနှင့်အက်ဒီနကီတာတို့မှာလူကျွံနေခြင်းမရှိရာ လူကျွံဘောအဖြစ်ဘာကြောင့်သတ်မှတ်ရသလဲနားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ဘယ်လိုဖြစ်ပြီးလူကျွံဘောသတ်မှတ်ရတာလဲ”လို့မေးခွန်းထုတ်သွားပါတယ်။

အခြားတစ်ဦးကလည်း “ဘယ်လိုဖြစ်ပြီးလူကျွံဘောဖြစ်သွားတာလဲသိရင်ရှင်းပြကြပါဦး။ဒါကလူမကျွံဘောဆိုတာရှင်းရှင်းလေးပါ”လို့ပြောကြားသွားပါတယ်။အခြားတစ်ဦးကလည်း “ဘယ်လိုလူကျွံတာလဲ။ဓာတ်ပုံတွေမှာတွေ့တာကတော့သူကအတွင်းမှာလေ။ပွဲကြေညာသူတောင်အသံတိတ်သွားတယ်။ပုံမှန်မဟုတ်ဘူး။ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော့်အတွက်မေးစရာရှိလာတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမဲ့အနှေးပြကွက်များအရလူကျွံဘောအဖြစ်သတ်မှတ်မှုမှာမှန်ကန်ကြောင်းတွေ့ရပါတယ်။VAR ကလည်းစည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့ပါတယ်။

အိုဒီဂတ်ကဘောလုံးပေးပို့လိုက်ချိန်တွင်ဆာကာရဲ့ဖနောင့်နဲ့ထိကာနကီတာထံသို့ရောက်သွားခဲ့တာဖြစ်ပါတယ်။ယင်းအချိန်တွင်နကီတာမှာလူကျွံနေခဲ့တာလည်းဖြစ်ပါတယ်။ဆာကာဟာနကီတာရဲ့ဖနောင့်ဖြင့်ပေါက်ချပေးလိုက်မှုကနေဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။

မနေ့ညကပွဲတွင်ဝက်စ်ဟမ်းဟာဘင်ရာမာရဲ့ပင်နယ်တီဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အာဆင်နယ်ဟာဒုတိယပိုင်းတွင်ဆာကာ၊မာတီနယ်လီ၊နကီတာတို့ရဲ့ဂိုးများဖြင့်ဝက်စ်ဟမ်းကို၃-၁ဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။

မနေ့ညကဝက်စ်ဟမ်းကိုအနိုင်ရတဲ့ပွဲကို၂၀၁၈ခုနှစ်၊မေလတုန်းကအာဆင်နယ်နည်းပြရာထူးမှထွက်ခွာပြီးနောက်အာစင်ဝင်းဂါး ပထမဆုံးအကြိမ်အဖြစ် အမ်မရိတ်သို့ကိုယ်တိုင်လာကာကြည့်ရှုအားပေးခဲ့တာလည်းတွေ့ရပါတယ်။

ZawGyi

ဝက္စ္ဟမ္းႏွင့္ပြဲစဥ္မွ ဆာကာရဲ႕ဂိုးကို ခြင့္မျပဳခဲ့မႈအေပၚ အာဆင္နယ္ပရိသတ္မ်ား နားမလည္ႏိုင္ေအာင္ျဖစ္ေန

အာဆင္နယ္ပရိသတ္မ်ားဟာမေန႔ညတုန္းကဝက္စ္ဟမ္းႏွင့္ပြဲစဥ္တြင္ဘူကာယိုဆာကာရဲ႕ဂိုးအားခြင့္မျပဳခဲ့ျခင္းအေပၚနားမလည္ႏိုင္ေအာင္ျဖစ္ေနၾကပါတယ္။

ဆာကာဟာအာဆင္နယ္အတြက္ေစာေစာစီးစီးဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့လည္းစည္းၾကပ္ဒိုင္ကလူကြၽံေဘာအလံေထာင္ထားခဲ့ပါတယ္။

ဒါေပမဲ့ပရိသတ္မ်ားကမာတင္အိုဒီဂတ္ကေဘာလုံးေပးပို႔လာခ်ိန္တြင္ဆာကာႏွင့္အက္ဒီနကီတာတို႔မွာလူကြၽံေနျခင္းမရွိရာ လူကြၽံေဘာအျဖစ္ဘာေၾကာင့္သတ္မွတ္ရသလဲနားမလည္ႏိုင္ေအာင္ျဖစ္ေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ဘယ္လိုျဖစ္ၿပီးလူကြၽံေဘာသတ္မွတ္ရတာလဲ”လို႔ေမးခြန္းထုတ္သြားပါတယ္။

အျခားတစ္ဦးကလည္း “ဘယ္လိုျဖစ္ၿပီးလူကြၽံေဘာျဖစ္သြားတာလဲသိရင္ရွင္းျပၾကပါဦး။ဒါကလူမကြၽံေဘာဆိုတာရွင္းရွင္းေလးပါ”လို႔ေျပာၾကားသြားပါတယ္။အျခားတစ္ဦးကလည္း “ဘယ္လိုလူကြၽံတာလဲ။ဓာတ္ပုံေတြမွာေတြ႕တာကေတာ့သူကအတြင္းမွာေလ။ပြဲေၾကညာသူေတာင္အသံတိတ္သြားတယ္။ပုံမွန္မဟုတ္ဘူး။ဒီပြဲနဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္အတြက္ေမးစရာရွိလာတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမဲ့အေႏွးျပကြက္မ်ားအရလူကြၽံေဘာအျဖစ္သတ္မွတ္မႈမွာမွန္ကန္ေၾကာင္းေတြ႕ရပါတယ္။VAR ကလည္းစည္းၾကပ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ကိုေထာက္ခံခဲ့ပါတယ္။

အိုဒီဂတ္ကေဘာလုံးေပးပို႔လိုက္ခ်ိန္တြင္ဆာကာရဲ႕ဖေနာင့္နဲ႔ထိကာနကီတာထံသို႔ေရာက္သြားခဲ့တာျဖစ္ပါတယ္။ယင္းအခ်ိန္တြင္နကီတာမွာလူကြၽံေနခဲ့တာလည္းျဖစ္ပါတယ္။ဆာကာဟာနကီတာရဲ႕ဖေနာင့္ျဖင့္ေပါက္ခ်ေပးလိုက္မႈကေနဂိုးသြင္းခဲ့တာလည္းျဖစ္ပါတယ္။

မေန႔ညကပြဲတြင္ဝက္စ္ဟမ္းဟာဘင္ရာမာရဲ႕ပင္နယ္တီျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့အာဆင္နယ္ဟာဒုတိယပိုင္းတြင္ဆာကာ၊မာတီနယ္လီ၊နကီတာတို႔ရဲ႕ဂိုးမ်ားျဖင့္ဝက္စ္ဟမ္းကို၃-၁ျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။

မေန႔ညကဝက္စ္ဟမ္းကိုအႏိုင္ရတဲ့ပြဲကို၂၀၁၈ခုႏွစ္၊ေမလတုန္းကအာဆင္နယ္နည္းျပရာထူးမွထြက္ခြာၿပီးေနာက္အာစင္ဝင္းဂါး ပထမဆုံးအႀကိမ္အျဖစ္ အမ္မရိတ္သို႔ကိုယ္တိုင္လာကာၾကည့္ရႈအားေပးခဲ့တာလည္းေတြ႕ရပါတယ္။