ဝက်စ်ဟမ်းပရိသတ်များရဲ့ဆဲဆိုမှုကို အလှပဆုံးတုံ့ပြန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ

မန်ယူကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာဟာမနေ့ညတုန်းကလန်ဒန်ကွင်းမှာနောက်ကျဂိုးဖြင့်နိုင်ပွဲရရှိပြီးနောက်သူ့ကိုဆဲဆိုမှုများပြုလုပ်ခဲ့ကြတဲ့ဝက်စ်ဟမ်းပရိသတ်များကိုအလှပဆုံးပညာသားပါပါတုံ့ပြန်မှုပြုလုပ်ခဲ့ကြောင်း အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရသိရပါတယ်။

ယင်းဗီဒီယိုဖိုင်မှာကမ္ဘာ့ဖလားဆုရှင်ဟာဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်စဉ်မှာသူ့ကိုဆဲဆိုမှုပြုလုပ်ကြတဲ့ဝက်စ်ဟမ်းပရိသတ်များအားအသာတကြည်နားထောင်ကာလှပစွာတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ပေါလ်ပေါ့ဘာကိုမန်ယူလက်ထောက်နည်းပြမိုက်ကယ်ကာရစ်နှင့်ကစားဖော်ဘရူနိုဖာနန်ဒက်စ်တို့ကဥမင်လှိုဏ်ခေါင်းအတွင်းသို့ဆွဲခေါ်သွားခဲ့တာတွေ့ရပါတယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီမှာမန်ယူရဲ့အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြနေသူဖြစ်ပြီးပရီးမီးယားလိဂ်ပွဲ၅ပွဲကစားပြီးချိန်မှာဖန်တီးမှု၇ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။

မန်ယူဟာဝက်စ်ဟမ်းနှင့်ပွဲစဉ်မှာဘင်ရာမာရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးနဲ့ချေပဂိုးရခဲ့ပါတယ်။မန်ယူအတွက်အနိုင်ဂိုးကိုပွဲပြီးခါနီးမှာလင်ဂတ်ကသွင်းယူခဲ့ပါတယ်။ဒါ့အပြင်မန်ယူဟာပွဲပြီးခါနီးမှာပင်နယ်တီပေးခဲ့ရပေမယ့်ဒီဂီယာကာကွယ်ခဲ့လို့အနိုင်ရခဲ့တာပါ။

ZawGyi

ဝက္စ္ဟမ္းပရိသတ္မ်ားရဲ႕ဆဲဆိုမႈကို အလွပဆုံးတုံ႔ျပန္ခဲ့တဲ့ ေပါလ္ေပါ့ဘာ

မန္ယူကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာဟာမေန႔ညတုန္းကလန္ဒန္ကြင္းမွာေနာက္က်ဂိုးျဖင့္ႏိုင္ပြဲရရွိၿပီးေနာက္သူ႔ကိုဆဲဆိုမႈမ်ားျပဳလုပ္ခဲ့ၾကတဲ့ဝက္စ္ဟမ္းပရိသတ္မ်ားကိုအလွပဆုံးပညာသားပါပါတုံ႔ျပန္မႈျပဳလုပ္ခဲ့ေၾကာင္း အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရသိရပါတယ္။

ယင္းဗီဒီယိုဖိုင္မွာကမာၻ႔ဖလားဆုရွင္ဟာဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္စဥ္မွာသူ႔ကိုဆဲဆိုမႈျပဳလုပ္ၾကတဲ့ဝက္စ္ဟမ္းပရိသတ္မ်ားအားအသာတၾကည္နားေထာင္ကာလွပစြာတုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။ေပါလ္ေပါ့ဘာကိုမန္ယူလက္ေထာက္နည္းျပမိုက္ကယ္ကာရစ္ႏွင့္ကစားေဖာ္ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဆြဲေခၚသြားခဲ့တာေတြ႕ရပါတယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီမွာမန္ယူရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ေျခစြမ္းျပေနသူျဖစ္ၿပီးပရီးမီးယားလိဂ္ပြဲ၅ပြဲကစားၿပီးခ်ိန္မွာဖန္တီးမႈ၇ႀကိမ္အထိျပဳလုပ္ထားႏိုင္ပါတယ္။

မန္ယူဟာဝက္စ္ဟမ္းႏွင့္ပြဲစဥ္မွာဘင္ရာမာရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးနဲ႔ေခ်ပဂိုးရခဲ့ပါတယ္။မန္ယူအတြက္အႏိုင္ဂိုးကိုပြဲၿပီးခါနီးမွာလင္ဂတ္ကသြင္းယူခဲ့ပါတယ္။ဒါ့အျပင္မန္ယူဟာပြဲၿပီးခါနီးမွာပင္နယ္တီေပးခဲ့ရေပမယ့္ဒီဂီယာကာကြယ္ခဲ့လို႔အႏိုင္ရခဲ့တာပါ။