ဝက်စ်ဟမ်းနှင့်ပွဲတွင် နောက်ခံလူဖာဘင်ဟို လွဲချော်ရန် သေချာကြောင်း ကလော့ပ်အတည်ပြု

ဂျာဂင်ကလော့ပ်က ယနေ့ညတွင် ဝက်စ်ဟမ်းနှင့်ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်ဖာဘင်ဟိုလွဲချော်ရန်သေချာ ကြောင်းအတည်ပြုသွားပါတယ်။

အလယ်တန်းကစားသမားဟာယခုရာသီတွင်လီဗာပူးရဲ့ဗဟိုနောက်ခံလူများဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရမှုနဲ့အတူဗဟိုခံစစ်သမားအဖြစ်ကစားနေပြီးအရေးပါတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဖာဘင်ဟိုဟာကြွက်သားဒဏ်ရာပြဿနာကြောင့်ကြားရက်တုန်းကစပါးစ်အား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ကိုလွဲ ချော်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာယနေ့တွင်ဝက်စ်ဟမ်းအားအဝေးကွင်းသို့သွားရောက်ကစားမယ့်ပွဲတွင်ပါဝင်လာနိုင်မှာမဟုတ်ကြောင်းကလော့ပ်ကအတည်ပြုလာပါပြီ။

ကလော့ပ်က “ဒဏ်ရာအခြေအနေမဆိုးရွားဖို့တော့မျှော်လင့်နေပါတယ်။ဒဏ်ရာအခြေအနေအတိအကျမသိရ‌ သေးပါဘူး။ဒီအပတ်မှာမကစားဖို့တော့သေချာနေပါပြီ”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်ဖာဘင်ဟိုဟာလာမယ့်အပတ်မှာမန်စီးတီးကိုအန်ဖီးလ်ကွင်းမှာဧည့်ခံကစားရမယ့်ပရီးမီးယားလိဂ်ဖလား အတွက်အရေးပါတဲ့ပွဲစဉ်မှာတော့ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။

လက်ရှိအချိန်တွင်ဗဟိုနောက်ခံလူမာတစ်မှာလည်းဒဏ်ရာကြောင့်အနားယူနေရရာလီဗာပူးနည်းပြကလော့ပ်ဟာ ဗဟိုခံစစ်မှာအသင်းခေါင်းဆောင်ဟင်ဒါဆင်နှင့်လူငယ်ကစားသမားနတ်ဖီးလစ်တို့ကိုအသုံးပြုလာဖို့ရှိပါတယ်။

ZawGyi

ဝက္စ္ဟမ္းႏွင့္ပြဲတြင္ ေနာက္ခံလူဖာဘင္ဟို လြဲေခ်ာ္ရန္ ေသခ်ာေၾကာင္း ကေလာ့ပ္အတည္ျပဳ

ဂ်ာဂင္ကေလာ့ပ္က ယေန႔ညတြင္ ဝက္စ္ဟမ္းႏွင့္ကစားမယ့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္ဖာဘင္ဟိုလြဲေခ်ာ္ရန္ေသခ်ာ ေၾကာင္းအတည္ျပဳသြားပါတယ္။

အလယ္တန္းကစားသမားဟာယခုရာသီတြင္လီဗာပူးရဲ႕ဗဟိုေနာက္ခံလူမ်ားဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရမႈနဲ႔အတူဗဟိုခံစစ္သမားအျဖစ္ကစားေနၿပီးအေရးပါတဲ့ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဖာဘင္ဟိုဟာႂကြက္သားဒဏ္ရာျပႆနာေၾကာင့္ၾကားရက္တုန္းကစပါးစ္အား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ကိုလြဲ ေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာယေန႔တြင္ဝက္စ္ဟမ္းအားအေဝးကြင္းသို႔သြားေရာက္ကစားမယ့္ပြဲတြင္ပါဝင္လာႏိုင္မွာမဟုတ္ေၾကာင္းကေလာ့ပ္ကအတည္ျပဳလာပါၿပီ။

ကေလာ့ပ္က “ဒဏ္ရာအေျခအေနမဆိုး႐ြားဖို႔ေတာ့ေမွ်ာ္လင့္ေနပါတယ္။ဒဏ္ရာအေျခအေနအတိအက်မသိရ‌ ေသးပါဘူး။ဒီအပတ္မွာမကစားဖို႔ေတာ့ေသခ်ာေနပါၿပီ”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္ဖာဘင္ဟိုဟာလာမယ့္အပတ္မွာမန္စီးတီးကိုအန္ဖီးလ္ကြင္းမွာဧည့္ခံကစားရမယ့္ပရီးမီးယားလိဂ္ဖလား အတြက္အေရးပါတဲ့ပြဲစဥ္မွာေတာ့ပါဝင္လာႏိုင္ဖို႔ရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ဗဟိုေနာက္ခံလူမာတစ္မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရရာလီဗာပူးနည္းျပကေလာ့ပ္ဟာ ဗဟိုခံစစ္မွာအသင္းေခါင္းေဆာင္ဟင္ဒါဆင္ႏွင့္လူငယ္ကစားသမားနတ္ဖီးလစ္တို႔ကိုအသုံးျပဳလာဖို႔ရွိပါတယ္။