ဝက်စ်ဟမ်းမှ ထွက်ခွာကာ အယ်အင်သို့ အလွတ်ပြောင်းရွှေ့ဖြင့် ယာမိုလန်ကို ပြောင်းရွှေ့

အင်ဒရေယာမိုလန်ကိုဟာဝက်စ်ဟမ်းမှထွက်ခွာကာအယ်အင်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

အသက်၃၂နှစ်ရှိယူကရိန်းတောင်ပံကစားသမားဟာယူအေအီးကလပ်နှင့်တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ယာမိုလန်ကိုဟာ၂၀၁၈ခုနှစ်တုန်းကဒေါ့မွန်မှဝက်စ်ဟမ်းသို့လေးနှစ်စာချုပ်ဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီး၈၆ပွဲကစားကာ၁၃ဂိုးသွင်းယူပေးခဲ့ပါတယ်။

သူဟာယခုနွေရာသီတွင်ဝက်စ်ဟမ်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ထွက်ခွာလာခဲ့သူလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းတွင်ကစားစဉ်အတွင်းယာမိုလန်ကိုရဲ့အကောင်းဆုံးရာသီမှာ၂၀၁၉-၂၀ရာသီတုန်းကဖြစ်ပြီးပရီးမီးယားလိဂ်ပွဲ၂၃ပွဲတွင်၅ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကဝက်စ်ဟမ်းအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃၂ပွဲကစားနိုင်ခဲ့ပါတယ်။

သူဟာယူကရိန်းအတွက်၁၀၉ပွဲကစားကာ၄၅ဂိုးသွင်းယူထားသူဖြစ်ပြီး ရှက်ဗ်ချင်ကို(၄၈ဂိုး)ပြီးလျှင်ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ZawGyi

ဝက္စ္ဟမ္းမွ ထြက္ခြာကာ အယ္အင္သို႔ အလြတ္ေျပာင္းေ႐ႊ႕ျဖင့္ ယာမိုလန္ကို ေျပာင္းေ႐ႊ႕

အင္ဒေရယာမိုလန္ကိုဟာဝက္စ္ဟမ္းမွထြက္ခြာကာအယ္အင္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

အသက္၃၂ႏွစ္ရွိယူကရိန္းေတာင္ပံကစားသမားဟာယူေအအီးကလပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာလည္းျဖစ္ပါတယ္။

ယာမိုလန္ကိုဟာ၂၀၁၈ခုႏွစ္တုန္းကေဒါ့မြန္မွဝက္စ္ဟမ္းသို႔ေလးႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းလာခဲ့သူျဖစ္ၿပီး၈၆ပြဲကစားကာ၁၃ဂိုးသြင္းယူေပးခဲ့ပါတယ္။

သူဟာယခုေႏြရာသီတြင္ဝက္စ္ဟမ္းႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ထြက္ခြာလာခဲ့သူလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းတြင္ကစားစဥ္အတြင္းယာမိုလန္ကိုရဲ႕အေကာင္းဆုံးရာသီမွာ၂၀၁၉-၂၀ရာသီတုန္းကျဖစ္ၿပီးပရီးမီးယားလိဂ္ပြဲ၂၃ပြဲတြင္၅ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကဝက္စ္ဟမ္းအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၂ပြဲကစားႏိုင္ခဲ့ပါတယ္။

သူဟာယူကရိန္းအတြက္၁၀၉ပြဲကစားကာ၄၅ဂိုးသြင္းယူထားသူျဖစ္ၿပီး ရွက္ဗ္ခ်င္ကို(၄၈ဂိုး)ၿပီးလွ်င္ဒုတိယဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။