ဝက်စ်ဟမ်းရသွားတဲ့သုံးဂိုးလုံးတွင် အမှားများကျူးလွန်ခဲ့တဲ့ အလီဆင်ကို လီဗာပူးပရိသတ်များ ဝေဖန်လာ

လီဗာပူးဟာမနေ့ညတုန်းကဝက်စ်ဟမ်းကိုလန်ဒန်ကွင်းတွင်ရှုံးနိမ့်ကာယခုရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကြုံခဲ့ရပါတယ်။လီဗာပူးဟာဂိုးသမားအလစ်ဆင်ရဲ့အမှားသုံးကြိမ်ပြုလုပ်မှုကနေသုံးဂိုးပေးခဲ့ရပြီးဝက်စ်ဟမ်းကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးဟာဧပြီလ၆ရက်နေ့တုန်းကရီးရဲလ်မက်ဒရစ်အသင်းကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ပထမဆုံးရှုံးပွဲကြုံခဲ့ရတာဖြစ်ပြီးလီဗာပူးဟာ၂၅ပွဲဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးပရိသတ်များဟာယခုရာသီပထမဆုံးရှုံးပွဲကြုံတွေ့ရမှုနဲ့အတူ ဂိုးသမားအလစ်ဆင်ကိုအပြင်းအထန်ဝေဖန်မှုများပြုလုပ်နေကြပါတယ်။

အလစ်ဆင်ဟာဝက်စ်ဟမ်းမှပါဘလိုဖော်နယ်ရဲ့ထောင့်ကန်ဘောကိုတွက်ချက်မှုမှားကာကိုယ့်ဂိုးပေါက်ထည့်ပြန်ထည့်သလိုဖြစ်ခဲ့ပြီးဂိုးပေးခဲ့ပါတယ်။ယင်းဂိုးကိုပထမပိုင်းမပြီးခင်ထရန်းအလက်ဇန္ဒားအာနိုးကပြန်လည်ချေပခဲ့ပါတယ်။

ဒါပေမယ့်၆၇မိနစ်နဲ့၇၄မိနစ်တို့မှာဖော်နယ်နှင့်ဇူးမားတို့ကဝက်စ်ဟမ်းအတက်ဂိုးသွင်းခဲ့ကြပြီးလီဗာပူးအတွက်ဒုတိယချေပဂိုးကိုအိုရီဂီကသွင်းယူခဲ့ပါတယ်။

အလစ်ဆင်ဟာဖော်နယ်နှင့်ဇူးမားတို့ရဲ့ဂိုးကိုကာကွယ်နိုင်တဲ့အနေအထားမျိုးမှပေးခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်းလီဗာပူးပရိသတ်များကအလစ်ဆင်ကိုဝေဖန်နေကြတာဖြစ်ပါတယ်။လီဗာပူးပရိသတ်တစ်ဦးက “အလီဆင်ဟာကနေ့ပွဲမှာတစ်ပွဲလုံးအိပ်ပျော်နေခဲ့တယ်။ညံ့တယ်”လို့ဝေဖန်သွားသလိုပရိသတ်တစ်ဦးကလည်း “အလစ်ဆင်အတွက်လီဗာပူးကစားသမားဘဝတစ်လျှောက်အဆိုးရွားဆုံးပွဲပဲ”လို့ဆိုသွားပါတယ်။

လီဗာပူးဟာဝက်စ်ဟမ်းနှင့်ပွဲတွင်မရှုံးနိမ့်ပါက၁၉၈၂ခုနှစ်တုန်းကဘော့ဘ်ပိုင်စလေတက်ခဲ့တဲ့ကလပ်သမိုင်းတွင်ရှုံးပွဲမရှိမှတ်တမ်းအများဆုံးဖြစ်တဲ့၂၆ပွဲစံချိန်ကိုလိုက်မီမှာလည်းဖြစ်ပါတယ်။

ZawGyi

ဝက္စ္ဟမ္းရသြားတဲ့သုံးဂိုးလုံးတြင္ အမွားမ်ားက်ဴးလြန္ခဲ့တဲ့ အလီဆင္ကို လီဗာပူးပရိသတ္မ်ား ေဝဖန္လာ

လီဗာပူးဟာမေန႔ညတုန္းကဝက္စ္ဟမ္းကိုလန္ဒန္ကြင္းတြင္ရႈံးနိမ့္ကာယခုရာသီပထမဆုံးပရီးမီးယားလိဂ္ရႈံးပြဲႀကဳံခဲ့ရပါတယ္။လီဗာပူးဟာဂိုးသမားအလစ္ဆင္ရဲ႕အမွားသုံးႀကိမ္ျပဳလုပ္မႈကေနသုံးဂိုးေပးခဲ့ရၿပီးဝက္စ္ဟမ္းကို၃-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးဟာဧၿပီလ၆ရက္ေန႔တုန္းကရီးရဲလ္မက္ဒရစ္အသင္းကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ပထမဆုံးရႈံးပြဲႀကဳံခဲ့ရတာျဖစ္ၿပီးလီဗာပူးဟာ၂၅ပြဲဆက္တိုက္ရႈံးပြဲမရွိမွတ္တမ္းရပ္တန႔္သြားခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးပရိသတ္မ်ားဟာယခုရာသီပထမဆုံးရႈံးပြဲႀကဳံေတြ႕ရမႈနဲ႔အတူ ဂိုးသမားအလစ္ဆင္ကိုအျပင္းအထန္ေဝဖန္မႈမ်ားျပဳလုပ္ေနၾကပါတယ္။

အလစ္ဆင္ဟာဝက္စ္ဟမ္းမွပါဘလိုေဖာ္နယ္ရဲ႕ေထာင့္ကန္ေဘာကိုတြက္ခ်က္မႈမွားကာကိုယ့္ဂိုးေပါက္ထည့္ျပန္ထည့္သလိုျဖစ္ခဲ့ၿပီးဂိုးေပးခဲ့ပါတယ္။ယင္းဂိုးကိုပထမပိုင္းမၿပီးခင္ထရန္းအလက္ဇႏၵားအာႏိုးကျပန္လည္ေခ်ပခဲ့ပါတယ္။

ဒါေပမယ့္၆၇မိနစ္နဲ႔၇၄မိနစ္တို႔မွာေဖာ္နယ္ႏွင့္ဇူးမားတို႔ကဝက္စ္ဟမ္းအတက္ဂိုးသြင္းခဲ့ၾကၿပီးလီဗာပူးအတြက္ဒုတိယေခ်ပဂိုးကိုအိုရီဂီကသြင္းယူခဲ့ပါတယ္။

အလစ္ဆင္ဟာေဖာ္နယ္ႏွင့္ဇူးမားတို႔ရဲ႕ဂိုးကိုကာကြယ္ႏိုင္တဲ့အေနအထားမ်ိဳးမွေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလီဗာပူးပရိသတ္မ်ားကအလစ္ဆင္ကိုေဝဖန္ေနၾကတာျဖစ္ပါတယ္။လီဗာပူးပရိသတ္တစ္ဦးက “အလီဆင္ဟာကေန႔ပြဲမွာတစ္ပြဲလုံးအိပ္ေပ်ာ္ေနခဲ့တယ္။ညံ့တယ္”လို႔ေဝဖန္သြားသလိုပရိသတ္တစ္ဦးကလည္း “အလစ္ဆင္အတြက္လီဗာပူးကစားသမားဘဝတစ္ေလွ်ာက္အဆိုး႐ြားဆုံးပြဲပဲ”လို႔ဆိုသြားပါတယ္။

လီဗာပူးဟာဝက္စ္ဟမ္းႏွင့္ပြဲတြင္မရႈံးနိမ့္ပါက၁၉၈၂ခုႏွစ္တုန္းကေဘာ့ဘ္ပိုင္စေလတက္ခဲ့တဲ့ကလပ္သမိုင္းတြင္ရႈံးပြဲမရွိမွတ္တမ္းအမ်ားဆုံးျဖစ္တဲ့၂၆ပြဲစံခ်ိန္ကိုလိုက္မီမွာလည္းျဖစ္ပါတယ္။