
မီရှဲလ်အန်တိုနီယိုဟာဝက်စ်ဟမ်းသမိုင်းတွင်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပြီဖြစ်ပါတယ်။မီရှဲလ်အန်တိုနီယိုဟာဝက်စ်ဟမ်းရဲ့ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူဖြစ်လာမှုအားသူ့အရွယ်အစားရှိ သူ့အရုပ်ပါCardboard နှင့်အောင်ပွဲခံခဲ့ပါတယ်။
သူဟာလက်စတာအား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းယူနိုင်ပြီးနောက်ဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်သွင်းဂိုး၄၉ဂိုးရှိလာကာဂန္ထဝင်ကစားသမားဒီကာနီယိုအား၂ဂိုးဖြတ်ထားလိုက်နိုင်ပြီဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာလက်စတာအားဂိုးပြတ်အနိုင်ရရှိပြီးနောက်ပရီးမီးယားလိဂ်တွင်၂ပွဲဆက်အနိုင်ရရှိကာအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်လာနိုင်ပါတယ်။
အန်တိုနီယိုကသမိုင်းဝင်မှတ်တမ်းရေးထိုးနိုင်မှုကြောင့်ယင်းကဲ့သို့ထူးထူးခြားခြားသူ့အရုပ်ပါ Cardboard ဖြင့်အောင်ပွဲခံခဲ့တာလို့ဆိုထားပါတယ်။
ဒါပေမယ့်ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ကတော့အန်တိုနီယိုရဲ့အောင်ပွဲခံမှုအပေါ်မနှစ်သက်ကြောင်းဆိုသွားပါတယ်။
ZawGyi
ဝက်စ်ဟမ်းရဲ့ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ အန်တိုနီယို
သူဟာလက်စတာအား၎-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းယူနိုင်ပြီးနောက်ဝက်စ်ဟမ်းအတွက်ပရီးမီးယားလိဂ်သွင်းဂိုး၄၉ဂိုးရှိလာကာဂန္ထဝင်ကစားသမားဒီကာနီယိုအား၂ဂိုးဖြတ်ထားလိုက်နိုင်ပြီဖြစ်ပါတယ်။