ဝက်စ်ဟမ်းရှယ်ယာ ၂၇ ရာခိုင်နှုန်းအား ဝယ်ယူရန် ချက်ဘီလျှံနာခရေတင်စကီးနီးစပ်နေပြီ

ချက်ဘီလျှံနာဒါနီရယ်ခရေတင်စကီးဟာဝက်စ်ဟမ်းအသင်းရဲ့ရှယ်ယာ၂၇ရာခိုင်နှုန်းအားဝယ်ယူရန်နီးစပ်နေကြောင်းသိရပါတယ်။ချက်ဘီလျှံနာဟာဝက်စ်ဟမ်းရဲ့ရှယ်ယာ၂၇ရာခိုင်နှုန်းကိုဦးစွာဝယ်ယူပြီးနောက်ပိုင်းတွင်အသင်းတစ်သင်းကိုထိန်းချုပ်နိုင်ရေးလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

ဘီလျှံနာဟာ Royal Mail နှင့် Sainsbury တို့ရဲ့အဓိကရှယ်ယာများကိုပိုင်ဆိုင်ထားပေမယ့်လည်းရပ်တန့်ခြင်းမရှိသေးဘဲဝက်စ်ဟမ်းရဲ့ရှယ်ယာများကိုလည်းဝယ်ယူရန်ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

သူဟာအနာဂတ်တွင်ဝက်စ်ဟမ်းကိုအပြီးသတ်ဝယ်ယူရေးရည်မှန်းချက်ဖြင့် ရှယ်ယာ၂၇ရာခိုင်နှုန်းကိုဦးစွာဝယ်ယူလာမှာလည်းဖြစ်ပါတယ်။

ခရေတင်စကီးဟာဝက်စ်ဟမ်းရှယ်ယာ၂၇ရာခိုင်နှုန်းအားဝယ်ယူရေးကို နိုဝင်ဘာလပထမအပတ်တွင်အပြီးသတ်ရန်စီစဉ်နေပြီးနိုဝင်ဘာလ၇ရက်နေ့ ဝက်စ်ဟမ်းနှင့်လီဗာပူးပွဲမတိုင်မီကြေညာရန်မျှော်လင့်နေပါတယ်။

ခရေတင်စကီးဟာနယူးကာဆယ်ကိုဆော်ဒီရင်းနှီးမြှပ်ရေးကုမ္ပဏီ Public Investment Fund ကဝယ်ယူလိုက်ပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာဘဲဝက်စ်ဟမ်းရှယ်ယာများကိုဝယ်ယူဖို့လုပ်လာတာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဝက်စ်ဟမ်းအသင်းရဲ့အဓိကရှယ်ယာများကိုဒေးဗစ်ဆူလေဗန်က၅၁.၅ရာခိုင်နှုန်းဖြင့်အများဆုံးပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ခရေတင်စကီးဟာချက်ထိပ်သီးကလပ်စပါးတာပရက်ကိုပူးတွဲပိုင်ဆိုင်သူလည်းဖြစ်ကာဥက္ကဌအဖြစ်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ZawGyi

ဝက္စ္ဟမ္းရွယ္ယာ ၂၇ ရာခိုင္ႏႈန္းအား ဝယ္ယူရန္ ခ်က္ဘီလွ်ံနာခေရတင္စကီးနီးစပ္ေနၿပီ

ခ်က္ဘီလွ်ံနာဒါနီရယ္ခေရတင္စကီးဟာဝက္စ္ဟမ္းအသင္းရဲ႕ရွယ္ယာ၂၇ရာခိုင္ႏႈန္းအားဝယ္ယူရန္နီးစပ္ေနေၾကာင္းသိရပါတယ္။ခ်က္ဘီလွ်ံနာဟာဝက္စ္ဟမ္းရဲ႕ရွယ္ယာ၂၇ရာခိုင္ႏႈန္းကိုဦးစြာဝယ္ယူၿပီးေနာက္ပိုင္းတြင္အသင္းတစ္သင္းကိုထိန္းခ်ဳပ္ႏိုင္ေရးလုပ္ေဆာင္သြားမွာလည္းျဖစ္ပါတယ္။

ဘီလွ်ံနာဟာ Royal Mail ႏွင့္ Sainsbury တို႔ရဲ႕အဓိကရွယ္ယာမ်ားကိုပိုင္ဆိုင္ထားေပမယ့္လည္းရပ္တန႔္ျခင္းမရွိေသးဘဲဝက္စ္ဟမ္းရဲ႕ရွယ္ယာမ်ားကိုလည္းဝယ္ယူရန္ႀကိဳးပမ္းလာခဲ့တာျဖစ္ပါတယ္။

သူဟာအနာဂတ္တြင္ဝက္စ္ဟမ္းကိုအၿပီးသတ္ဝယ္ယူေရးရည္မွန္းခ်က္ျဖင့္ ရွယ္ယာ၂၇ရာခိုင္ႏႈန္းကိုဦးစြာဝယ္ယူလာမွာလည္းျဖစ္ပါတယ္။

ခေရတင္စကီးဟာဝက္စ္ဟမ္းရွယ္ယာ၂၇ရာခိုင္ႏႈန္းအားဝယ္ယူေရးကို ႏိုဝင္ဘာလပထမအပတ္တြင္အၿပီးသတ္ရန္စီစဥ္ေနၿပီးႏိုဝင္ဘာလ၇ရက္ေန႔ ဝက္စ္ဟမ္းႏွင့္လီဗာပူးပြဲမတိုင္မီေၾကညာရန္ေမွ်ာ္လင့္ေနပါတယ္။

ခေရတင္စကီးဟာနယူးကာဆယ္ကိုေဆာ္ဒီရင္းႏွီးျမႇပ္ေရးကုမၸဏီ Public Investment Fund ကဝယ္ယူလိုက္ၿပီးရက္သတၱပတ္အနည္းငယ္အၾကာမွာဘဲဝက္စ္ဟမ္းရွယ္ယာမ်ားကိုဝယ္ယူဖို႔လုပ္လာတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဝက္စ္ဟမ္းအသင္းရဲ႕အဓိကရွယ္ယာမ်ားကိုေဒးဗစ္ဆူေလဗန္က၅၁.၅ရာခိုင္ႏႈန္းျဖင့္အမ်ားဆုံးပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

ခေရတင္စကီးဟာခ်က္ထိပ္သီးကလပ္စပါးတာပရက္ကိုပူးတြဲပိုင္ဆိုင္သူလည္းျဖစ္ကာဥကၠဌအျဖစ္ထမ္းေဆာင္ေနသူျဖစ္ပါတယ္။