ဝက်စ်ဟမ်းရှယ်ယာ ၂၇ ရာခိုင်နှုန်းကို ပေါင်သန်း ၁၅၀ ဖြင့် ချက်ဘီလျှံနာဝယ်ယူ

ချက်ဘီလျှံနာဒါနီရယ်ခရေတင်စကီးဟာဝက်စ်ဟမ်းအသင်းရှယ်ယာပေါင်သန်း၁၅၀ဖိုးဝယ်ယူလိုက်ပါတယ်။

အသက်၄၆နှစ်ရှိခရေတင်စကီးဟာဝက်စ်ဟမ်းတွင်ပထမဆုံးရင်းနှီးမြှပ်နှံမှုအနေဖြင့်ရှယ်ယာ၂၇ရာခိုင်နှုန်းကိုဝယ်ယူလိုက်တာဖြစ်ပြီးအနာဂတ်တွင်အသင်းကိုအပြီးတိုင်ဝယ်ယူရေးလုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။

ချက်စီးပွားရေးလုပ်ငန်းရှင်ဟာ Sainbury’s နှင့် Royal Mail တို့ရဲ့အဓိကရှယ်ယာတစ်ဦးလည်းဖြစ်ကာလန်ဒန်အခြေစိုက်ကလပ်တွင်ဘုတ်အဖွဲ့ဝင်နေရာတစ်နေရာရယူသွားပါမယ်။

သူဟာဝက်စ်ဟမ်းအသင်းကိုပရီးမီးယားလိဂ်ရဲ့ကလပ်ကြီးများထဲမှတစ်ခုအထိဖြစ်လာတဲ့အထိလုပ်ဆောင်သွားရန်ရည်ရွယ်ထားပါတယ်။

သူဟာဘောလုံးလောကနှင့်စိမ်းတဲ့သူမဟုတ်ပါဘူး။သူဟာချက်ထိပ်သီးကလပ်စပါတာပရက်တွင်ဥက္ကဌအဖြစ်ဆောင်ရွက်လာခဲ့တာ၁၇နှစ်တိုင်တိုင်ရှိပြီလည်းဖြစ်ပါတယ်။

ZawGyi





