ဝက်စ်ဟမ်းသို့ အားကစားဒါရိုက်တာအဖြစ် ပြန်လာမယ့် မတ်နိုဘယ်

မတ်နိုဘယ်ဟာကစားသမားဘဝမှအနားယူပြီးလအနည်းငယ်အကြာမှာဘဲ ဒေးဗစ်မိုယက်စ်နှင့်တွဲအလုပ်လုပ်ရန်ဝက်စ်ဟမ်းသို့ အားကစားဒါရိုက်တာသို့ပြန်ရောက်လာတော့မှာဖြစ်ပါတယ်။

နိုဘယ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရာသီမသိမ်းမီတစ်ပွဲအလို အိမ်ကွင်းနောက်ဆုံးပွဲဖြစ်တဲ့ မန်စီးတီးနှင့်ပွဲအပြီးမှာကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။

နိုဘယ်ဟာဝက်စ်ဟမ်းတွင်၂၂နှစ်ကြာကျင်လည်ခဲ့ပြီးပထမအသင်းတွင်၁၈နှစ်ကြာကစားခဲ့သူလည်းဖြစ်ပါတယ်။သူဟာဝက်စ်ဟမ်းအတွက်ပြိုင်ပွဲအရပ်ရပ်တွင်ပွဲ၅၅၀ကစားခဲ့သူလည်းဖြစ်ပါတယ်။

ယခုအခါမှာတော့မတ်နိုဘယ်ဟာသူချစ်တဲ့ဝက်စ်ဟမ်းသို့ ကြီးမားတဲ့ရာထူးတစ်ခုဖြင့်ပြန်ရောက်လာတော့မှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းက၂၀၂၃ခုနှစ်၊ဇန်နဝါရီလမှစတင်ကာမတ်နိုဘယ်မှာအားကစားဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၃၅နှစ်ရှိမတ်နိုဘယ်ဟာအကယ်ဒမီဖွံ့ဖြိုးတိုးတက်ရေး၊ကစားသမားခေါ်ယူရေး၊ ကစားသမားနှင့်နည်းပြအကြားဖြေရှင်းပေးခြင်းတို့ကိုလုပ်ဆောင်လာပါမယ်။အထူးသဖြင့်သူဟာအကယ်ဒမီကစားသမားများကို ပထမအသင်းသို့တက်လှမ်းနိုင်ရေးအတွက်အဓိကထားလုပ်ဆောင်လာမှာလည်းဖြစ်ပါတယ်။

ZawGyi

ဝက္စ္ဟမ္းသို႔ အားကစားဒါ႐ိုက္တာအျဖစ္ ျပန္လာမယ့္ မတ္ႏိုဘယ္

မတ္ႏိုဘယ္ဟာကစားသမားဘဝမွအနားယူၿပီးလအနည္းငယ္အၾကာမွာဘဲ ေဒးဗစ္မိုယက္စ္ႏွင့္တြဲအလုပ္လုပ္ရန္ဝက္စ္ဟမ္းသို႔ အားကစားဒါ႐ိုက္တာသို႔ျပန္ေရာက္လာေတာ့မွာျဖစ္ပါတယ္။

ႏိုဘယ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကရာသီမသိမ္းမီတစ္ပြဲအလို အိမ္ကြင္းေနာက္ဆုံးပြဲျဖစ္တဲ့ မန္စီးတီးႏွင့္ပြဲအၿပီးမွာကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။

ႏိုဘယ္ဟာဝက္စ္ဟမ္းတြင္၂၂ႏွစ္ၾကာက်င္လည္ခဲ့ၿပီးပထမအသင္းတြင္၁၈ႏွစ္ၾကာကစားခဲ့သူလည္းျဖစ္ပါတယ္။သူဟာဝက္စ္ဟမ္းအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္ပြဲ၅၅၀ကစားခဲ့သူလည္းျဖစ္ပါတယ္။

ယခုအခါမွာေတာ့မတ္ႏိုဘယ္ဟာသူခ်စ္တဲ့ဝက္စ္ဟမ္းသို႔ ႀကီးမားတဲ့ရာထူးတစ္ခုျဖင့္ျပန္ေရာက္လာေတာ့မွာျဖစ္ပါတယ္။

ဝက္စ္ဟမ္းက၂၀၂၃ခုႏွစ္၊ဇန္နဝါရီလမွစတင္ကာမတ္ႏိုဘယ္မွာအားကစားဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၃၅ႏွစ္ရွိမတ္ႏိုဘယ္ဟာအကယ္ဒမီဖြံ႕ၿဖိဳးတိုးတက္ေရး၊ကစားသမားေခၚယူေရး၊ ကစားသမားႏွင့္နည္းျပအၾကားေျဖရွင္းေပးျခင္းတို႔ကိုလုပ္ေဆာင္လာပါမယ္။အထူးသျဖင့္သူဟာအကယ္ဒမီကစားသမားမ်ားကို ပထမအသင္းသို႔တက္လွမ္းႏိုင္ေရးအတြက္အဓိကထားလုပ္ေဆာင္လာမွာလည္းျဖစ္ပါတယ္။