ဝက်စ်ဟမ်းအတွက် ကစားနေစဉ် အဝတ်အစားလဲခန်းတွင် လင်ဂတ်ရဲ့အဖိုးတန်နာရီပျောက်ဆုံး

အင်္ဂလန်စတားဂျက်စီလင်ဂတ်ဟာဝက်စ်ဟမ်းအတွက်ပွဲတစ်ပွဲကစားနေစဉ်အတွင်းအဝတ်အစားလဲခန်းတွင်ချွတ်ထားတဲ့အဖိုးတန်နာရီပျောက်ဆုံးသွားပြီးနောက်ရဲကိုဖုန်းဆက်ခေါ်ခဲ့ရကြောင်းသိရပါတယ်။

သူခိုးဟာမေလ၉ရက်နေ့တုန်းကဝက်စ်ဟမ်းနှင့်အဲဗာတန်ပွဲကစားနေစဉ်အတွင်းဝက်စ်ဟမ်းအဝတ်အစားလဲခန်းအတွင်းမှအသက်၂၈နှစ်ရှိလင်ဂတ်ရဲ့အဖိုးတန်နာရီကိုခိုးယူသွားခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်များနှင့်အင်္ဂလန်စတားတို့ဟာအစောင့်အကြပ်ထူထပ်စွာချထားတဲ့အဝတ်အစားလဲခန်းအတွင်းသို့သူခိုးကအောင်မြင်စွာဝင်ရောက်ခိုးယူသွားခဲ့မှုအပေါ်စဉ်းစားမရအောင်ဖြစ်နေခဲ့ပါတယ်။

ဝက်စ်ဟမ်းကစားသမားများနှင့်ဝန်ထမ်းများဟာမေလ၉ရက်နေ့တုန်းကအဲဗာတန်နှင့်ပွဲအပြီးတွင်အဝတ်အစားလဲခန်းတွင်နာရီကိုပိုက်စိပ်တိုက်ရှာဖွေခဲ့သော်လည်းမတွေ့ရှိရပြီးနောက်ရဲစခန်းကိုအကြောင်းကြားခဲ့တာလည်းဖြစ်ပါတယ်။

လန်ဒန်ကွင်းရဲ့အခန်းများကိုကစားသမားများ၊စီနီယာဝန်ထမ်းများသာဝင်ရောက်ခွင့်ရရှိတာပါ။

ဒါ့အပြင်အခန်းများတွင်လည်းစီစီတီဗွီကင်မရာတပ်ဆင်ထားတဲ့အပြင်လုံခြုံရေးလည်းထူထပ်စွာချထားပါတယ်။

မန်ယူကနေဝက်စ်ဟမ်းသို့အငှားဖြင့်သွားရောက်ကစားခဲ့တဲ့လင်ဂတ်ဟာနာရီစုဆောင်းတတ်သူတစ်ဦးဖြစ်ပြီးယခုပျောက်ဆုံးသွားတဲ့နာရီမှာဆွစ်နာရီဖန်တီးသူရစ်ချက်မယ်လာဒီဇိုင်းဖန်တီးထားတဲ့နာရီဖြစ်ပါတယ်။

အင်္ဂလန်တွင်ဘောလုံးသမားများရဲ့သူခိုး၊ဖောက်ထွင်းသမား၊လုယက်သူများရဲ့ပစ်မှတ်ထားခြင်းခံနေရပြီးလတိုင်းလိုလိုလုယက်ခိုးယူခြင်းတို့ခံနေရပါတယ်။

ZawGyi

ဝက္စ္ဟမ္းအတြက္ ကစားေနစဥ္ အဝတ္အစားလဲခန္းတြင္ လင္ဂတ္ရဲ႕အဖိုးတန္နာရီေပ်ာက္ဆုံး

အဂၤလန္စတားဂ်က္စီလင္ဂတ္ဟာဝက္စ္ဟမ္းအတြက္ပြဲတစ္ပြဲကစားေနစဥ္အတြင္းအဝတ္အစားလဲခန္းတြင္ခြၽတ္ထားတဲ့အဖိုးတန္နာရီေပ်ာက္ဆုံးသြားၿပီးေနာက္ရဲကိုဖုန္းဆက္ေခၚခဲ့ရေၾကာင္းသိရပါတယ္။

သူခိုးဟာေမလ၉ရက္ေန႔တုန္းကဝက္စ္ဟမ္းႏွင့္အဲဗာတန္ပြဲကစားေနစဥ္အတြင္းဝက္စ္ဟမ္းအဝတ္အစားလဲခန္းအတြင္းမွအသက္၂၈ႏွစ္ရွိလင္ဂတ္ရဲ႕အဖိုးတန္နာရီကိုခိုးယူသြားခဲ့တာပါ။

ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အဂၤလန္စတားတို႔ဟာအေစာင့္အၾကပ္ထူထပ္စြာခ်ထားတဲ့အဝတ္အစားလဲခန္းအတြင္းသို႔သူခိုးကေအာင္ျမင္စြာဝင္ေရာက္ခိုးယူသြားခဲ့မႈအေပၚစဥ္းစားမရေအာင္ျဖစ္ေနခဲ့ပါတယ္။

ဝက္စ္ဟမ္းကစားသမားမ်ားႏွင့္ဝန္ထမ္းမ်ားဟာေမလ၉ရက္ေန႔တုန္းကအဲဗာတန္ႏွင့္ပြဲအၿပီးတြင္အဝတ္အစားလဲခန္းတြင္နာရီကိုပိုက္စိပ္တိုက္ရွာေဖြခဲ့ေသာ္လည္းမေတြ႕ရွိရၿပီးေနာက္ရဲစခန္းကိုအေၾကာင္းၾကားခဲ့တာလည္းျဖစ္ပါတယ္။

လန္ဒန္ကြင္းရဲ႕အခန္းမ်ားကိုကစားသမားမ်ား၊စီနီယာဝန္ထမ္းမ်ားသာဝင္ေရာက္ခြင့္ရရွိတာပါ။

ဒါ့အျပင္အခန္းမ်ားတြင္လည္းစီစီတီဗြီကင္မရာတပ္ဆင္ထားတဲ့အျပင္လုံၿခဳံေရးလည္းထူထပ္စြာခ်ထားပါတယ္။

မန္ယူကေနဝက္စ္ဟမ္းသို႔အငွားျဖင့္သြားေရာက္ကစားခဲ့တဲ့လင္ဂတ္ဟာနာရီစုေဆာင္းတတ္သူတစ္ဦးျဖစ္ၿပီးယခုေပ်ာက္ဆုံးသြားတဲ့နာရီမွာဆြစ္နာရီဖန္တီးသူရစ္ခ်က္မယ္လာဒီဇိုင္းဖန္တီးထားတဲ့နာရီျဖစ္ပါတယ္။

အဂၤလန္တြင္ေဘာလုံးသမားမ်ားရဲ႕သူခိုး၊ေဖာက္ထြင္းသမား၊လုယက္သူမ်ားရဲ႕ပစ္မွတ္ထားျခင္းခံေနရၿပီးလတိုင္းလိုလိုလုယက္ခိုးယူျခင္းတို႔ခံေနရပါတယ္။