ဝက်စ်ဟမ်းအတွက် ပထမဆုံးကစားတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ လင်ဂတ်

ဂျက်စီလင်ဂတ်ဟာမနေ့ညတုန်းကဗီလာနှင့်အဝေးကွင်းပွဲစဉ်မှာဝက်စ်ဟမ်းအတွက်ပထမဆုံးပွဲကိုကစားခဲ့ရာမှာ ဝက်စ်ဟမ်းအတွက်အနိုင်ဂိုး၂ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

လင်ဂတ်ဟာယခုရာသီပထမရာသီဝက်မှာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှကစားခွင့်မရရှိခဲ့ပြီးနောက် ဝက်စ်ဟမ်းသို့ခြောက်လအငှားစာချုပ်ဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာဒုတိယပိုင်းအစ၅၁မိနစ်မှာဆူဆစ်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးငါးမိနစ်အကြာတွင်လင်ဂတ်ကဒုတိယ ဂိုးကိုသွင်းယူခဲ့ပါတယ်။

လင်ဂတ်ဟာမီချယ်အန်တိုနီယိုရဲ့ဖြတ်တင်ဘောကိုရင်ဘတ်နဲ့တစ်ချက်ထိန်းကာလှပစွာသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာဝက်စ်ဟမ်းအတွက်ပထမဆုံးကစားတဲ့ပွဲမှာဂိုးသွင်းယူပြီးနောက်တော်တော်ပျော်ရွှင်နေတဲ့ပုံစံမျိုးဖြင့်အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။အသက်၂၈နှစ်ရှိကစားသမားကိုဝက်စ်ဟမ်းကစားဖော်များကလည်းဂုဏ်ပြုခဲ့ကြပါတယ်။

ပွဲချိန်၈၁မိနစ်မှာဝစ်ကင်ကဗီလာအတွက်ချေပဂိုးသွင်းယူခဲ့ပေမယ့်၂မိနစ်အကြာမှာလင်ဂတ်ကဘဲဝက်စ်ဟမ်းအတွက် အနိုင်သေချာစေမယ့်တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

ZawGyi

ဝက္စ္ဟမ္းအတြက္ ပထမဆုံးကစားတဲ့ပြဲမွာ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ လင္ဂတ္

ဂ်က္စီလင္ဂတ္ဟာမေန႔ညတုန္းကဗီလာႏွင့္အေဝးကြင္းပြဲစဥ္မွာဝက္စ္ဟမ္းအတြက္ပထမဆုံးပြဲကိုကစားခဲ့ရာမွာ ဝက္စ္ဟမ္းအတြက္အႏိုင္ဂိုး၂ဂိုးကိုသြင္းယူေပးခဲ့ပါတယ္။

လင္ဂတ္ဟာယခုရာသီပထမရာသီဝက္မွာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲတစ္ပြဲမွ်ကစားခြင့္မရရွိခဲ့ၿပီးေနာက္ ဝက္စ္ဟမ္းသို႔ေျခာက္လအငွားစာခ်ဳပ္ျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

ဝက္စ္ဟမ္းဟာဒုတိယပိုင္းအစ၅၁မိနစ္မွာဆူဆစ္ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးငါးမိနစ္အၾကာတြင္လင္ဂတ္ကဒုတိယ ဂိုးကိုသြင္းယူခဲ့ပါတယ္။

လင္ဂတ္ဟာမီခ်ယ္အန္တိုနီယိုရဲ႕ျဖတ္တင္ေဘာကိုရင္ဘတ္နဲ႔တစ္ခ်က္ထိန္းကာလွပစြာသြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။

သူဟာဝက္စ္ဟမ္းအတြက္ပထမဆုံးကစားတဲ့ပြဲမွာဂိုးသြင္းယူၿပီးေနာက္ေတာ္ေတာ္ေပ်ာ္႐ႊင္ေနတဲ့ပုံစံမ်ိဳးျဖင့္ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။အသက္၂၈ႏွစ္ရွိကစားသမားကိုဝက္စ္ဟမ္းကစားေဖာ္မ်ားကလည္းဂုဏ္ျပဳခဲ့ၾကပါတယ္။

ပြဲခ်ိန္၈၁မိနစ္မွာဝစ္ကင္ကဗီလာအတြက္ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္၂မိနစ္အၾကာမွာလင္ဂတ္ကဘဲဝက္စ္ဟမ္းအတြက္ အႏိုင္ေသခ်ာေစမယ့္တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။