ဝက်စ်ဟမ်းအသင်းပူးတွဲဥက္ကဌ ဒေးဗစ်ဂိုးလ်ကွယ်လွန်

ဝက်စ်ဟမ်းပူးတွဲဥက္ကဌဒေးဗစ်ဂိုးလ်ဟာအသက်၈၆နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာဗုဒ္ဓဟူးနေ့တုန်းကကာလတိုဖျားနာမှုဖြစ်ပြီးနောက်ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒေးဗစ်ဂိုးလ်ဟာပေါင်သန်း၅၀၀ကျော်ကြွယ်ဝချမ်းသာသူဖြစ်ပြီးအရှေ့လန်ဒန်ရှိ Boelyn Ground နှင့်ကိုက်အနည်းငယ်အကွာ Green Street တွင်ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။

သူဟာဝက်စ်ဟမ်းအသင်းကိုငယ်စဉ်ကတည်းကအားပေးလာခဲ့သူဖြစ်ပြီး၂၀၁၀ခုနှစ်တွင်ကာလရှည်ကြာစီးပွားရေးအတူလက်တွဲလုပ်ဆောင်လာတဲ့ဒေးဗစ်ဆူလေဗန်နှင့်ဝက်စ်ဟမ်းကိုဝယ်ယူခဲ့ပါတယ်။

သူဟာအင်္ဂလိပ်ဘောလုံးအမာခံပရိသတ်တစ်ဦးဖြစ်ပြီး၂၀၀၅ခုနှစ်တုန်းကဒုတိယ အက်ဖ်အေဖလားကိုလေလံတင်ရောင်းချရာတွင်နိုင်ငံခြားသားတစ်ဦးလက်ထဲသို့ရောက်သွားမည်ကိုစိုးရိမ်မှုကြောင့်ပေါင်၄၈၈၀၀၀ပေးပြီးဝယ်ယူခဲ့သူလည်းဖြစ်ပါတယ်။

သူ့ကို၁၉၃၆ခုနှစ်တွင်စတီဖီနီတွင်မွေးဖွားတာဖြစ်ပြီး အပ်တန်ပါ့ခ်အဖြစ်လူသိများတဲ့ Boelyn Ground အနီးရှိ 442 Green Street တွင်ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။

သူဟာငယ်စဉ်တုန်းကအလားအလာကောင်းတဲ့ဘောလုံးကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီးအသက်၁၃နှစ်မှအသက်၁၆နှစ်အတွင်းတွင်ကလပ်ရဲ့လူငယ်အသင်းအတွက်ကစားခဲ့ပါတယ်။

သူဟာ၂၀၀၉ခုနှစ်အထိဘာမင်ဂမ်စီးတီးဥက္ကဌအဖြစ်လည်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ဝက္စ္ဟမ္းအသင္းပူးတြဲဥကၠဌ ေဒးဗစ္ဂိုးလ္ကြယ္လြန္

ဝက္စ္ဟမ္းပူးတြဲဥကၠဌေဒးဗစ္ဂိုးလ္ဟာအသက္၈၆ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့ပါတယ္။

သူဟာဗုဒၶဟူးေန႔တုန္းကကာလတိုဖ်ားနာမႈျဖစ္ၿပီးေနာက္ကြယ္လြန္သြားခဲ့တာလည္းျဖစ္ပါတယ္။

ေဒးဗစ္ဂိုးလ္ဟာေပါင္သန္း၅၀၀ေက်ာ္ႂကြယ္ဝခ်မ္းသာသူျဖစ္ၿပီးအေရွ႕လန္ဒန္ရွိ Boelyn Ground ႏွင့္ကိုက္အနည္းငယ္အကြာ Green Street တြင္ႀကီးျပင္းလာခဲ့သူျဖစ္ပါတယ္။

သူဟာဝက္စ္ဟမ္းအသင္းကိုငယ္စဥ္ကတည္းကအားေပးလာခဲ့သူျဖစ္ၿပီး၂၀၁၀ခုႏွစ္တြင္ကာလရွည္ၾကာစီးပြားေရးအတူလက္တြဲလုပ္ေဆာင္လာတဲ့ေဒးဗစ္ဆူေလဗန္ႏွင့္ဝက္စ္ဟမ္းကိုဝယ္ယူခဲ့ပါတယ္။

သူဟာအဂၤလိပ္ေဘာလုံးအမာခံပရိသတ္တစ္ဦးျဖစ္ၿပီး၂၀၀၅ခုႏွစ္တုန္းကဒုတိယ အက္ဖ္ေအဖလားကိုေလလံတင္ေရာင္းခ်ရာတြင္ႏိုင္ငံျခားသားတစ္ဦးလက္ထဲသို႔ေရာက္သြားမည္ကိုစိုးရိမ္မႈေၾကာင့္ေပါင္၄၈၈၀၀၀ေပးၿပီးဝယ္ယူခဲ့သူလည္းျဖစ္ပါတယ္။

သူ႔ကို၁၉၃၆ခုႏွစ္တြင္စတီဖီနီတြင္ေမြးဖြားတာျဖစ္ၿပီး အပ္တန္ပါ့ခ္အျဖစ္လူသိမ်ားတဲ့ Boelyn Ground အနီးရွိ 442 Green Street တြင္ႀကီးျပင္းလာခဲ့သူျဖစ္ပါတယ္။

သူဟာငယ္စဥ္တုန္းကအလားအလာေကာင္းတဲ့ေဘာလုံးေက်ာင္းသားတစ္ဦးျဖစ္ခဲ့ၿပီးအသက္၁၃ႏွစ္မွအသက္၁၆ႏွစ္အတြင္းတြင္ကလပ္ရဲ႕လူငယ္အသင္းအတြက္ကစားခဲ့ပါတယ္။

သူဟာ၂၀၀၉ခုႏွစ္အထိဘာမင္ဂမ္စီးတီးဥကၠဌအျဖစ္လည္းေဆာင္႐ြက္ခဲ့သူျဖစ္ပါတယ္။