ဝက်စ်ဟမ်း ဥရောပဝင်ခွင့်ရရင် လင်ဂတ်အတွက် ပေါင် ၄ သန်းအထိ ရရှိလာမယ့် မန်ယူ

မန်ယူဟာဝက်စ်ဟမ်းအသင်းသို့ဂျက်စီလင်ဂတ်အားအငှားချလိုက်မှုအတွက်ပေါင်၄သန်းအထိရရှိလာနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်လက်ရွေးစင်အလယ်တန်းတိုက်စစ်သမားဟာသောကြာနေ့တုန်းကမန်ယူမှဝက်စ်ဟမ်းသို့ ရာသီအကုန်အထိအငှားစာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

မန်ယူဟာလင်ဂတ်အငှားအတွက်ငှားရမ်းခပေါင်၁.၅သန်းရရှိမှာဖြစ်တဲ့အပြင်ဝက်စ်ဟမ်းကကစားသမားရဲ့တစ်ပတ်လုပ်ခပေါင်၁သိန်းကိုလည်းပေးရပါမယ်။ဒါ့အပြင်ယင်းအငှားစာချုပ်အတွင်းမှာဝက်စ်ဟမ်းသာဥရောပဝင်ခွင့်ရရှိရင် အပိုဆုကြေးပေါင်၅သန်းရရှိမယ့်အချက်ကိုလည်းမန်ယူကထည့်သွင်းချုပ်ဆိုထားပါတယ်။

လင်ဂတ်ဟာယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှကစားခွင့်မရဘဲကာရာဘောင်းဖလားနှစ်ပွဲနှင့် အက်ဖ်အေဖလားပွဲနှစ်ပွဲတည်းသာကစားခွင့်ရထားပါတယ်။

သူဟာဝက်စ်ဟမ်းမှာကျောနံပါတ်၁၁ကိုဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ဝက်စ်ဟမ်းဟာယနေ့ညမှာလီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲကစားရမှာဖြစ်ပြီးယင်းပွဲမှာတော့လင်ဂတ်ပါဝင်လာဖို့မရှိသေးပါဘူး။

ZawGyi

ဝက္စ္ဟမ္း ဥေရာပဝင္ခြင့္ရရင္ လင္ဂတ္အတြက္ ေပါင္ ၄ သန္းအထိ ရရွိလာမယ့္ မန္ယူ

မန္ယူဟာဝက္စ္ဟမ္းအသင္းသို႔ဂ်က္စီလင္ဂတ္အားအငွားခ်လိုက္မႈအတြက္ေပါင္၄သန္းအထိရရွိလာႏိုင္မယ့္ အခြင့္အေရးရွိေနပါတယ္။

အသက္၂၈ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္အလယ္တန္းတိုက္စစ္သမားဟာေသာၾကာေန႔တုန္းကမန္ယူမွဝက္စ္ဟမ္းသို႔ ရာသီအကုန္အထိအငွားစာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

မန္ယူဟာလင္ဂတ္အငွားအတြက္ငွားရမ္းခေပါင္၁.၅သန္းရရွိမွာျဖစ္တဲ့အျပင္ဝက္စ္ဟမ္းကကစားသမားရဲ႕တစ္ပတ္လုပ္ခေပါင္၁သိန္းကိုလည္းေပးရပါမယ္။ဒါ့အျပင္ယင္းအငွားစာခ်ဳပ္အတြင္းမွာဝက္စ္ဟမ္းသာဥေရာပဝင္ခြင့္ရရွိရင္ အပိုဆုေၾကးေပါင္၅သန္းရရွိမယ့္အခ်က္ကိုလည္းမန္ယူကထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

လင္ဂတ္ဟာယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲတစ္ပြဲမွ်ကစားခြင့္မရဘဲကာရာေဘာင္းဖလားႏွစ္ပြဲႏွင့္ အက္ဖ္ေအဖလားပြဲႏွစ္ပြဲတည္းသာကစားခြင့္ရထားပါတယ္။

သူဟာဝက္စ္ဟမ္းမွာေက်ာနံပါတ္၁၁ကိုဝတ္ဆင္ကစားမွာျဖစ္ပါတယ္။ဝက္စ္ဟမ္းဟာယေန႔ညမွာလီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲကစားရမွာျဖစ္ၿပီးယင္းပြဲမွာေတာ့လင္ဂတ္ပါဝင္လာဖို႔မရွိေသးပါဘူး။