ဝက်ဒ်ဖို့ဒ်နှင့်ပွဲစဉ်မှ ဆာလက်ရဲ့တကိုယ်တော်အစွမ်းဖြင့်သွင်းတဲ့ဂိုးအပေါ်အံ့မခန်းတုံ့ပြန်လာခဲ့တဲ့ ကလော့ပ်

ဂျာဂင်ကလော့ပ်ဟာဝက်ဖို့ဒ်အား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှမိုဟာမက်ဆာလက်ရဲ့တကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးအပေါ်အံမခန်းတုံ့ပြန်မှုပြုလုပ်လာပါတယ်။

အီဂျစ်စူပါစတားမိုဟာမက်ဆာလက်ဟာဝက်ဖို့ဒ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလီဗာပူးအတွက်အဖွင့်ဂိုးအားဆာဒေယိုမာနေးသွင်းယူနိုင်အောင်လှပတဲ့ပေးပို့ချက်ဖြင့် ဖန်တီးမှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒုတိယပိုင်းမှာယခုရာသီရဲ့အကောင်းဆုံးဂိုးများထဲမှတစ်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဝက်ဖို့ဒ်ဧရိယာအတွင်းမှာဘောလုံးရရှိပြီးနောက်ဝိုင်းရံထားတဲ့ဝက်ဖို့ဒ်နောက်ခံလူများအကြားမှအနီးကပ်ဘောလုံးအထိမ်းအသိမ်း၊အလိမ်အခေါက်များဖြင့်ကျော်ဖြတ်ကာလှပတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

သူဟာနိုင်ငံတကာပွဲစဉ်များမတိုင်မီမန်စီးတီးနှင့်ပွဲတုန်းကမန်စီးတီးနောက်ခံလူများကိုအရှုးလုပ်ကာတကိုယ်တော်အစွမ်းဖြင့်အံ့မခန်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ဆက်တိုက်ဆိုသလိုနောက်ထပ်တကိုယ်တော်အစွမ်းဖြင့်ဂိုးတစ်ဂိုးထပ်မံသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဂျာဂင်ကလော့ပ်ဟာမိုဟာမက်ဆာလက်ဂိုးသွင်းယူမှုကိုကြည့်ပြီးနောက်အကြီးအကျယ်အံ့ဩနေခဲ့တာတွေ့ရပါတယ်။

ယင်းပွဲမှာဖာမီနိုကဟက်ထရစ်သွင်းယူကာဘောလုံးကိုအိမ်အပြန်မှာယူဆောင်သွားခဲ့ပေမယ့်လည်းမိုဟာမက်ဆာလက်ကိုလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်ငြင်းခုန်နေကြပြီဖြစ်ပါတယ်။

ကလော့ပ်ကလက်ရှိဘောလုံးလောကတွင်ဆာလက်လောက်ကောင်းတဲ့ကစားသမားမရှိကြောင်းရှင်းရှင်းလင်းလင်းပြသနေပြီဖြစ်ကြောင်းပြောကြားသွားပါတယ်။

ဆာလက်ဟာယခုရာသီမှာလီဗာပူးအတွက်ပရီးမီးယားလိဂ်ပွဲ၈ပွဲကစားရာမှာ၇ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ဝက်ဖို့ဒ်နှင့်ပွဲမှဂိုးနဲ့ပတ်သက်ပြီးအင်တာဗျူးတွင် ယင်းဂိုးကသူသွင်းသမျှဂိုးများတွင်အကောင်းဆုံးဂိုးလားလို့မေးခွန်းထုတ်လာမှုကိုဆာလက်ကလည်း “အခုသွင်းလိုက်တဲ့ဂိုးလား၊စီးတီးနဲ့ပွဲမှာသွင်းတဲ့ဂိုးကိုပြောတာလား။အရေးအကြီးဆုံးကအသင်းအတွက်ပါ။ အရေးအကြီးဆုံးကဂိုးကောင်းတွေသွင်းနေတာပါ။ကျွန်တော့်ဘက်ကတော့ရာနှုန်းပြည့် ပေးဆပ်ဖို့ကြိုးစားနေပါတယ်။အခုအချိန်မှာယုံကြည်မှုလည်းမြင့်နေပါတယ်။အသင်းကိုလည်းအရေးပါတဲ့အမှတ်တွေရအောင်ကူညီနေပါတယ်။ဒါကအရေးအကြီးဆုံးပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဝက္ဒ္ဖို႔ဒ္ႏွင့္ပြဲစဥ္မွ ဆာလက္ရဲ႕တကိုယ္ေတာ္အစြမ္းျဖင့္သြင္းတဲ့ဂိုးအေပၚအံ့မခန္းတုံ႔ျပန္လာခဲ့တဲ့ ကေလာ့ပ္

ဂ်ာဂင္ကေလာ့ပ္ဟာဝက္ဖို႔ဒ္အား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွမိုဟာမက္ဆာလက္ရဲ႕တကိုယ္ေတာ္အစြမ္းျဖင့္သြင္းယူတဲ့ဂိုးအေပၚအံမခန္းတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

အီဂ်စ္စူပါစတားမိုဟာမက္ဆာလက္ဟာဝက္ဖို႔ဒ္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလီဗာပူးအတြက္အဖြင့္ဂိုးအားဆာေဒယိုမာေနးသြင္းယူႏိုင္ေအာင္လွပတဲ့ေပးပို႔ခ်က္ျဖင့္ ဖန္တီးမႈျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ဒုတိယပိုင္းမွာယခုရာသီရဲ႕အေကာင္းဆုံးဂိုးမ်ားထဲမွတစ္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

သူဟာဝက္ဖို႔ဒ္ဧရိယာအတြင္းမွာေဘာလုံးရရွိၿပီးေနာက္ဝိုင္းရံထားတဲ့ဝက္ဖို႔ဒ္ေနာက္ခံလူမ်ားအၾကားမွအနီးကပ္ေဘာလုံးအထိမ္းအသိမ္း၊အလိမ္အေခါက္မ်ားျဖင့္ေက်ာ္ျဖတ္ကာလွပတဲ့ဂိုးတစ္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

သူဟာႏိုင္ငံတကာပြဲစဥ္မ်ားမတိုင္မီမန္စီးတီးႏွင့္ပြဲတုန္းကမန္စီးတီးေနာက္ခံလူမ်ားကိုအရႈးလုပ္ကာတကိုယ္ေတာ္အစြမ္းျဖင့္အံ့မခန္းဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ဆက္တိုက္ဆိုသလိုေနာက္ထပ္တကိုယ္ေတာ္အစြမ္းျဖင့္ဂိုးတစ္ဂိုးထပ္မံသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာဂင္ကေလာ့ပ္ဟာမိုဟာမက္ဆာလက္ဂိုးသြင္းယူမႈကိုၾကည့္ၿပီးေနာက္အႀကီးအက်ယ္အံ့ဩေနခဲ့တာေတြ႕ရပါတယ္။

ယင္းပြဲမွာဖာမီႏိုကဟက္ထရစ္သြင္းယူကာေဘာလုံးကိုအိမ္အျပန္မွာယူေဆာင္သြားခဲ့ေပမယ့္လည္းမိုဟာမက္ဆာလက္ကိုလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္ျငင္းခုန္ေနၾကၿပီျဖစ္ပါတယ္။

ကေလာ့ပ္ကလက္ရွိေဘာလုံးေလာကတြင္ဆာလက္ေလာက္ေကာင္းတဲ့ကစားသမားမရွိေၾကာင္းရွင္းရွင္းလင္းလင္းျပသေနၿပီျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ဆာလက္ဟာယခုရာသီမွာလီဗာပူးအတြက္ပရီးမီးယားလိဂ္ပြဲ၈ပြဲကစားရာမွာ၇ဂိုးသြင္းယူၿပီး၄ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။

ဝက္ဖို႔ဒ္ႏွင့္ပြဲမွဂိုးနဲ႔ပတ္သက္ၿပီးအင္တာဗ်ဴးတြင္ ယင္းဂိုးကသူသြင္းသမွ်ဂိုးမ်ားတြင္အေကာင္းဆုံးဂိုးလားလို႔ေမးခြန္းထုတ္လာမႈကိုဆာလက္ကလည္း “အခုသြင္းလိုက္တဲ့ဂိုးလား၊စီးတီးနဲ႔ပြဲမွာသြင္းတဲ့ဂိုးကိုေျပာတာလား။အေရးအႀကီးဆုံးကအသင္းအတြက္ပါ။ အေရးအႀကီးဆုံးကဂိုးေကာင္းေတြသြင္းေနတာပါ။ကြၽန္ေတာ့္ဘက္ကေတာ့ရာႏႈန္းျပည့္ ေပးဆပ္ဖို႔ႀကိဳးစားေနပါတယ္။အခုအခ်ိန္မွာယုံၾကည္မႈလည္းျမင့္ေနပါတယ္။အသင္းကိုလည္းအေရးပါတဲ့အမွတ္ေတြရေအာင္ကူညီေနပါတယ္။ဒါကအေရးအႀကီးဆုံးပါ”လို႔ေျပာၾကားသြားပါတယ္။