ဝက်ဖို့ဒ်ကို ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲအပြီးတွင် ယူနိုက်တက်ကစားသမားအချို့ ငိုကြွေးခဲ့ကြ

မန်ချက်စတာယူနိုက်တက်ကစားသမားအချို့နှင့်နည်းပြအဖွဲ့ဝင်အချို့တို့ဟာအဆင့်၁၆နေရာမှာဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက် ငိုကြွေးခဲ့ကြကြောင်းသိရပါတယ်။

မန်ယူဟာဝက်ဖို့ဒ်ကိုအနိုင်ရမယ်လို့ရေပန်းစားခဲ့ပေမယ့်လည်း၄-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးတွင်အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူနည်းပြရာထူးမှ၄၈နာရီအတွင်းထုတ်ပယ်ခံရလိမ့်မယ်လို့သတင်းထွက်လာပါတယ်။

မန်ယူဘုတ်အဖွဲ့ဟာစနေနေ့ညနေပိုင်းတုန်းကအရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီးအသက်၄၈နှစ်ရှိဆိုးလ်ရှားကိုထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာကမန်ယူကစားသမားအများစုတို့ဟာဝက်ဖို့ဒ်နှင့်ပွဲမှာဆိုးလ်ရှားရဲ့နောက်ဆုံးပွဲအဖြစ်ယုံကြည်နေခဲ့ကြပြီးကစားသမားအချို့ဟာဆိုးလ်ရှားအတွက်စိတ်မကောင်းဖြစ်ကာငိုကြွေးခဲ့ကြပါတယ်။

ဒါ့အပြင် The Sun ရဲ့ဖော်ပြချက်အရဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်တို့ဟာဝက်ဖို့ဒ်ရှုံးပွဲအပြီးတွင်ကစားသမားများနှင့်ဝန်ထမ်းများကိုနှုတ်ဆက်မှုပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။

ZawGyi

ဝက္ဖို႔ဒ္ကို ၄-၁ ျဖင့္ ရႈံးနိမ့္တဲ့ပြဲအၿပီးတြင္ ယူႏိုက္တက္ကစားသမားအခ်ိဳ႕ ငိုေႂကြးခဲ့ၾက

မန္ခ်က္စတာယူႏိုက္တက္ကစားသမားအခ်ိဳ႕ႏွင့္နည္းျပအဖြဲ႕ဝင္အခ်ိဳ႕တို႔ဟာအဆင့္၁၆ေနရာမွာဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ ငိုေႂကြးခဲ့ၾကေၾကာင္းသိရပါတယ္။

မန္ယူဟာဝက္ဖို႔ဒ္ကိုအႏိုင္ရမယ္လို႔ေရပန္းစားခဲ့ေပမယ့္လည္း၄-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ပြဲအၿပီးတြင္အိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူနည္းျပရာထူးမွ၄၈နာရီအတြင္းထုတ္ပယ္ခံရလိမ့္မယ္လို႔သတင္းထြက္လာပါတယ္။

မန္ယူဘုတ္အဖြဲ႕ဟာစေနေန႔ညေနပိုင္းတုန္းကအေရးေပၚအစည္းအေဝးေခၚခဲ့ၿပီးအသက္၄၈ႏွစ္ရွိဆိုးလ္ရွားကိုထုတ္ပယ္ရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။

မန္ခ်က္စတာညေနခင္းသတင္းစာကမန္ယူကစားသမားအမ်ားစုတို႔ဟာဝက္ဖို႔ဒ္ႏွင့္ပြဲမွာဆိုးလ္ရွားရဲ႕ေနာက္ဆုံးပြဲအျဖစ္ယုံၾကည္ေနခဲ့ၾကၿပီးကစားသမားအခ်ိဳ႕ဟာဆိုးလ္ရွားအတြက္စိတ္မေကာင္းျဖစ္ကာငိုေႂကြးခဲ့ၾကပါတယ္။

ဒါ့အျပင္ The Sun ရဲ႕ေဖာ္ျပခ်က္အရဆိုးလ္ရွားရဲ႕နည္းျပအဖြဲ႕ဝင္တို႔ဟာဝက္ဖို႔ဒ္ရႈံးပြဲအၿပီးတြင္ကစားသမားမ်ားႏွင့္ဝန္ထမ္းမ်ားကိုႏႈတ္ဆက္မႈျပဳလုပ္ခဲ့ၾကေၾကာင္းသိရပါတယ္။