ဝက်ဖို့ဒ်နှင့်ပွဲတွင် ပြိုင်ဘက်ဒဏ်ရာရရှိစဉ် အငြင်းပွားဖွယ်အနိုင်ဂိုးရယူခဲ့မှုအတွက် အာဆင်နယ်ဝေဖန်ပြစ်တင်ခံနေရ

အာဆင်နယ်ဟာမနေ့ညတုန်းကဝက်ဖို့ဒ်နှင့်ပွဲမှာအားကစားစိတ်ဓာတ်မရှိတဲ့လုပ်ရပ်ဖြင့်သွင်းယူတဲ့တစ်လုံးတည်းသောအငြင်းပွားဖွယ်အနိုင်ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဝက်ဖို့ဒ်ရဲ့ဒန်ဒန်နီရို့စ်ဟာကစားဖော်အိုဇန်ကျူဖန် ဒဏ်ရာရရှိသွားမှုနဲ့အတူ ဘောလုံးကိုအပြင်သို့ကန်ထုတ်ခဲ့ပါတယ်။ဒါပေမယ့်လည်းအာဆင်နယ်ဟာဘောလုံးပိုင်ဆိုင်မှုကိုဝက်ဖို့ဒ်အသင်းသို့ပြန်ပေးခဲ့ခြင်းမရှိပါဘူး။

အလက်ဇန္ဒားလာကာဇက်တီကတိုမီယာဆူထံလက်ပစ်ဘောမြှောက်ခဲ့ပါတယ်။ယင်းအချိန်တွင်အစ်မိုင်လာဆားမှာကွင်းမြက်ခင်းတွင်နာကျင်စွာလဲကျနေခဲ့ပါတယ်။

ယင်းနောက်ဘင်ဝှိုက်ထိုးဖောက်မှုကနေစမစ်ရိုးကဘောလုံးရရှိပြီးနောက်ဘီးကုပ်ထိပ်ကနေကန်သွင်းကာဂိုးရရှိသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့အားကစားစိတ်ဓာတ်မပီသတဲ့လုပ်ရပ်ဖြင့်အနိုင်ဂိုးရရှိသွားမှုအပေါ်ပရိသတ်များအကြီးအကျယ်ဝေဖန်လျက်ရှိနေပါတယ်။

ဝက်ဖို့ဒ်နည်းပြရေနီယာရီကလည်း “ဂိုးမတိုင်ခင်မတော်တဆဖြစ်တယ်။ကျွန်တော်တို့ဘောလုံးကိုအပြင်ကန်ထုတ်ခဲ့တယ်။အားလုံးကဘောလုံးကိုပြန်ပေးမယ်လို့မျှော်လင့်ထားခဲ့တာပါ။ဒါအပြုအမူကလေးစားမှုမရှိတဲ့အပြုအမူဖြစ်ပါတယ်။ကျွန်တော်တို့ဘောလုံးရတယ်။ဆားနဲ့တန်ပြန်တိုက်စစ်ဆင်တယ်။ကြီးမားတဲ့ပြစ်ဒဏ်ပါ”လို့ပြောကြားခဲ့ပါတယ်။

အာတီတာကတော့ “ကျွန်တော့်အသင်းနဲ့ကျွန်တော့်ကလပ်ကိုကာကွယ်ရပါမယ်။ကျွန်တော်တို့ကလည်းအရိုးသားဆုံးအသင်းပါ။တစ်ချို့ကာလမှာကျွန်တော်တို့အတွေ့အကြုံနုနယ်ပါတယ်။အခွင့်အရေးလိုချင်တဲ့စိတ်လုံးဝမရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ပွဲချိန်၅၆မိနစ်တွင်စမစ်ရိုးကဂိုးသွင်းလိုက်ပြီးနောက်ဝက်ဖို့ဒ်မှကူကာအထုတ်ခံရမှုနဲ့အတူ အာဆင်နယ်ဟာတစ်ယောက်အသာဖြင့်ကစားခဲ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်ဆာကာကဂိုးသွင်းခဲ့ပေမယ့် VAR ကခွင့်မပြုခဲ့သလို အူဘာမီယန်ပင်နယ်တီရခဲ့ပေမယ့်ဝက်ဖို့ဒ်ဂိုးသမားဖော်စတာကာကွယ်သွားခဲ့ပါတယ်။

ZawGyi

ဝက္ဖို႔ဒ္ႏွင့္ပြဲတြင္ ၿပိဳင္ဘက္ဒဏ္ရာရရွိစဥ္ အျငင္းပြားဖြယ္အႏိုင္ဂိုးရယူခဲ့မႈအတြက္ အာဆင္နယ္ေဝဖန္ျပစ္တင္ခံေနရ

အာဆင္နယ္ဟာမေန႔ညတုန္းကဝက္ဖို႔ဒ္ႏွင့္ပြဲမွာအားကစားစိတ္ဓာတ္မရွိတဲ့လုပ္ရပ္ျဖင့္သြင္းယူတဲ့တစ္လုံးတည္းေသာအျငင္းပြားဖြယ္အႏိုင္ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဝက္ဖို႔ဒ္ရဲ႕ဒန္ဒန္နီ႐ို႕စ္ဟာကစားေဖာ္အိုဇန္က်ဴဖန္ ဒဏ္ရာရရွိသြားမႈနဲ႔အတူ ေဘာလုံးကိုအျပင္သို႔ကန္ထုတ္ခဲ့ပါတယ္။ဒါေပမယ့္လည္းအာဆင္နယ္ဟာေဘာလုံးပိုင္ဆိုင္မႈကိုဝက္ဖို႔ဒ္အသင္းသို႔ျပန္ေပးခဲ့ျခင္းမရွိပါဘူး။

အလက္ဇႏၵားလာကာဇက္တီကတိုမီယာဆူထံလက္ပစ္ေဘာေျမႇာက္ခဲ့ပါတယ္။ယင္းအခ်ိန္တြင္အစ္မိုင္လာဆားမွာကြင္းျမက္ခင္းတြင္နာက်င္စြာလဲက်ေနခဲ့ပါတယ္။

ယင္းေနာက္ဘင္ဝႈိက္ထိုးေဖာက္မႈကေနစမစ္႐ိုးကေဘာလုံးရရွိၿပီးေနာက္ဘီးကုပ္ထိပ္ကေနကန္သြင္းကာဂိုးရရွိသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕အားကစားစိတ္ဓာတ္မပီသတဲ့လုပ္ရပ္ျဖင့္အႏိုင္ဂိုးရရွိသြားမႈအေပၚပရိသတ္မ်ားအႀကီးအက်ယ္ေဝဖန္လ်က္ရွိေနပါတယ္။

ဝက္ဖို႔ဒ္နည္းျပေရနီယာရီကလည္း “ဂိုးမတိုင္ခင္မေတာ္တဆျဖစ္တယ္။ကြၽန္ေတာ္တို႔ေဘာလုံးကိုအျပင္ကန္ထုတ္ခဲ့တယ္။အားလုံးကေဘာလုံးကိုျပန္ေပးမယ္လို႔ေမွ်ာ္လင့္ထားခဲ့တာပါ။ဒါအျပဳအမူကေလးစားမႈမရွိတဲ့အျပဳအမူျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ေဘာလုံးရတယ္။ဆားနဲ႔တန္ျပန္တိုက္စစ္ဆင္တယ္။ႀကီးမားတဲ့ျပစ္ဒဏ္ပါ”လို႔ေျပာၾကားခဲ့ပါတယ္။

အာတီတာကေတာ့ “ကြၽန္ေတာ့္အသင္းနဲ႔ကြၽန္ေတာ့္ကလပ္ကိုကာကြယ္ရပါမယ္။ကြၽန္ေတာ္တို႔ကလည္းအ႐ိုးသားဆုံးအသင္းပါ။တစ္ခ်ိဳ႕ကာလမွာကြၽန္ေတာ္တို႔အေတြ႕အႀကဳံႏုနယ္ပါတယ္။အခြင့္အေရးလိုခ်င္တဲ့စိတ္လုံးဝမရွိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ပြဲခ်ိန္၅၆မိနစ္တြင္စမစ္႐ိုးကဂိုးသြင္းလိုက္ၿပီးေနာက္ဝက္ဖို႔ဒ္မွကူကာအထုတ္ခံရမႈနဲ႔အတူ အာဆင္နယ္ဟာတစ္ေယာက္အသာျဖင့္ကစားခဲ့ရပါတယ္။

အဆိုပါပြဲစဥ္တြင္ဆာကာကဂိုးသြင္းခဲ့ေပမယ့္ VAR ကခြင့္မျပဳခဲ့သလို အူဘာမီယန္ပင္နယ္တီရခဲ့ေပမယ့္ဝက္ဖို႔ဒ္ဂိုးသမားေဖာ္စတာကာကြယ္သြားခဲ့ပါတယ္။