ဝက်ဖို့ဒ်နှင့်ပွဲတွင် ဗန်ဒီဘိခ်၊ဆန်ချိုနှင့်လင်ဂတ်တို့ကို ဆိုးလ်ရှားအရဲစွန့်အသုံးပြုလာနိုင်

အိုလီဂန်းနားဆိုးလ်ရှားဟာဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင်ဂျက်စီလင်ဂတ်၊ဒွန်နီဗန်ဒီဘိခ်နှင့်ဂျာဒွန်ဆန်ချိုတို့မှနှစ်ဦးကိုပွဲထွက်ကစားသမားအဖြစ်အရဲစွန့်အသုံးပြုလာနိုင်ကြောင်းသိရပါတယ်။

အဆိုပါကစားသမားသုံးဦးတို့ဟာလက်ရွေးစင်အသင်းတွင်ရွေးချယ်ခြင်းမခံရမှုနဲ့အတူအနားယူခွင့်အပြည့်အဝရရှိခဲ့ကြပြီးအသင်းနှင့်အတူလေ့ကျင့်ခန်းများပုံမှန်ဆင်းနေခဲ့ကြပါတယ်။

နောက်ဆုံး၁၂ပွဲတွင်၆ပွဲရှုံးနိမ့်မှုကြောင့်ဖိအားများနှင့်ရင်ဆိုင်နေတဲ့ဆိုးလ်ရှားဟာလာမယ့်အပတ်အင်္ဂါနေ့တွင်စပိန်သို့သွားရောက်ကာဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရေးအရေးပါတဲ့ပွဲရင်ဆိုင်ကစားရပါမယ်။

ဒါကြောင့်ဆိုးလ်ရှားဟာဝက်ဖို့ဒ်နှင့်ပွဲတွင်နိုင်ငံတကာပွဲစဉ်များကြောင့်ပွဲပန်းလာတဲ့အဓိကကစားသမားများကိုအနားပေးပြီးဗန်ဒီဘိခ်၊ဂျက်စီလင်ဂတ်နှင့်ဆန်ချိုတို့သုံးဦးမှနှစ်ဦးကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုရန်စီစဉ်နေပါတယ်။

အထူးသဖြင့်ဆိုးလ်ရှားဟာဗန်ဒီဘိခ်နှင့်ဂျက်စီလင်ဂတ်တို့ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုဖွယ်ရှိပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားဟာအင်္ဂလန်အသင်းတွင်ရွေးချယ်ခြင်းမခံရတဲ့ရပ်ရှ်ဖို့ဒ်နှင့်မေဆင်ဂရင်းဝုဒ်တို့ကိုလည်းစနေနေ့ဝက်ဖို့ဒ်နှင့်ပွဲတွင်အသုံးပြုသွားပါမယ်။

ZawGyi

ဝက္ဖို႔ဒ္ႏွင့္ပြဲတြင္ ဗန္ဒီဘိခ္၊ဆန္ခ်ိဳႏွင့္လင္ဂတ္တို႔ကို ဆိုးလ္ရွားအရဲစြန႔္အသုံးျပဳလာႏိုင္

အိုလီဂန္းနားဆိုးလ္ရွားဟာဝက္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္ဂ်က္စီလင္ဂတ္၊ဒြန္နီဗန္ဒီဘိခ္ႏွင့္ဂ်ာဒြန္ဆန္ခ်ိဳတို႔မွႏွစ္ဦးကိုပြဲထြက္ကစားသမားအျဖစ္အရဲစြန႔္အသုံးျပဳလာႏိုင္ေၾကာင္းသိရပါတယ္။

အဆိုပါကစားသမားသုံးဦးတို႔ဟာလက္ေ႐ြးစင္အသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံရမႈနဲ႔အတူအနားယူခြင့္အျပည့္အဝရရွိခဲ့ၾကၿပီးအသင္းႏွင့္အတူေလ့က်င့္ခန္းမ်ားပုံမွန္ဆင္းေနခဲ့ၾကပါတယ္။

ေနာက္ဆုံး၁၂ပြဲတြင္၆ပြဲရႈံးနိမ့္မႈေၾကာင့္ဖိအားမ်ားႏွင့္ရင္ဆိုင္ေနတဲ့ဆိုးလ္ရွားဟာလာမယ့္အပတ္အဂၤါေန႔တြင္စပိန္သို႔သြားေရာက္ကာဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္သို႔တက္ေရးအေရးပါတဲ့ပြဲရင္ဆိုင္ကစားရပါမယ္။

ဒါေၾကာင့္ဆိုးလ္ရွားဟာဝက္ဖို႔ဒ္ႏွင့္ပြဲတြင္ႏိုင္ငံတကာပြဲစဥ္မ်ားေၾကာင့္ပြဲပန္းလာတဲ့အဓိကကစားသမားမ်ားကိုအနားေပးၿပီးဗန္ဒီဘိခ္၊ဂ်က္စီလင္ဂတ္ႏွင့္ဆန္ခ်ိဳတို႔သုံးဦးမွႏွစ္ဦးကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳရန္စီစဥ္ေနပါတယ္။

အထူးသျဖင့္ဆိုးလ္ရွားဟာဗန္ဒီဘိခ္ႏွင့္ဂ်က္စီလင္ဂတ္တို႔ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳဖြယ္ရွိပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားဟာအဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံရတဲ့ရပ္ရွ္ဖို႔ဒ္ႏွင့္ေမဆင္ဂရင္းဝုဒ္တို႔ကိုလည္းစေနေန႔ဝက္ဖို႔ဒ္ႏွင့္ပြဲတြင္အသုံးျပဳသြားပါမယ္။