
ချဲလ်ဆီးဟာငွေကြေးပိုမိုရရှိလာမဲ့စပွန်ဆာစာချုပ်ချုပ်ဆိုရန်အတွက် ကလပ်ရဲ့အဓိကစပွန်ဆာ Three နှင့်လမ်းခွဲလာတော့မှာဖြစ်ကြောင်းသိရပါတယ်။
အမေရိကန်အသင်းပိုင်ရှင်တော့ဒ်ဘိုလေးဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကကစားသမားအမြောက်အမြားတို့ကိုငွေကြေးများစွာသုံးပြီးခေါ်မှုပြုလုပ်ပြီးနောက်အသင်းရဲ့ဝင်ငွေတိုးတက်လာရေးအတွက်လုပ်ဆောင်ရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။
ယခုအခါတော့ဒ်ဘိုလေးဟာအပြောင်းအရွှေ့ဈေးကွက်တွင်ငွေများစွာသုံးပြီးတဲ့နောက်ဘဏ္ဍာရေးစည်းမျဉ်းများနှင့်ကိုက်ညီလာစေရေးအတွက်ကလပ်ဝင်ငွေတိုးလာစေရေးအာရုံစိုက်လုပ်ဆောင်လာပြီဖြစ်ပါတယ်။
The Telegraph ရဲ့ဖော်ပြချက်အရဘိုလေးဟာ အင်္ကျီရင်ဘတ်စပွန်ဆာ Three နှင့်လမ်းခွဲပြီးငွေကြေးပိုမိုရရှိမဲ့အဓိကစပွန်ဆာနှင့်အစားထိုးလာတော့မှာဖြစ်ကြောင်းသိရပါတယ်။
ဖုန်းကုမ္ပဏီဟာ၂၀၂၀ခုနှစ်ကတည်းကတစ်နှစ်ပေါင်သန်း၄၀ဖြင့်ချဲလ်ဆီးအင်္ကျီရင်ဘတ်စပွန်ဆာရယူလာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့တော့ဒ်ဘိုလေးဟာယခုရာသီအကုန်တွင် Three နှင့်လမ်းခွဲရန်စီစဉ်နေပါတယ်။
Three ဟာလွန်ခဲ့တဲ့နှစ်တုန်းကရုရား-ယူကရိန်းစစ်ပွဲကြောင့်အေဘရာမိုဗစ်ချ် ဆန်ရှင်အလုပ်ခံရတုန်းကချဲလ်ဆီးကိုစပွန်ဆာပေးမှုရပ်ဆိုင်းကြောင်းကြေညာခဲ့ဖူးပါတယ်။
ZawGyi
ဝင္ေငြတိုးလာေရးအတြက္ တစ္ႏွစ္ေပါင္သန္း ၄၀ ေပးေနတဲ့ Three ႏွင့္လမ္းခြဲေတာ့မဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးဟာေငြေၾကးပိုမိုရရွိလာမဲ့စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္ ကလပ္ရဲ႕အဓိကစပြန္ဆာ Three ႏွင့္လမ္းခြဲလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
အေမရိကန္အသင္းပိုင္ရွင္ေတာ့ဒ္ဘိုေလးဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကကစားသမားအေျမာက္အျမားတို႔ကိုေငြေၾကးမ်ားစြာသုံးၿပီးေခၚမႈျပဳလုပ္ၿပီးေနာက္အသင္းရဲ႕ဝင္ေငြတိုးတက္လာေရးအတြက္လုပ္ေဆာင္ရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။
ယခုအခါေတာ့ဒ္ဘိုေလးဟာအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေငြမ်ားစြာသုံးၿပီးတဲ့ေနာက္ဘ႑ာေရးစည္းမ်ဥ္းမ်ားႏွင့္ကိုက္ညီလာေစေရးအတြက္ကလပ္ဝင္ေငြတိုးလာေစေရးအာ႐ုံစိုက္လုပ္ေဆာင္လာၿပီျဖစ္ပါတယ္။
The Telegraph ရဲ႕ေဖာ္ျပခ်က္အရဘိုေလးဟာ အက်ႌရင္ဘတ္စပြန္ဆာ Three ႏွင့္လမ္းခြဲၿပီးေငြေၾကးပိုမိုရရွိမဲ့အဓိကစပြန္ဆာႏွင့္အစားထိုးလာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ဖုန္းကုမၸဏီဟာ၂၀၂၀ခုႏွစ္ကတည္းကတစ္ႏွစ္ေပါင္သန္း၄၀ျဖင့္ခ်ဲလ္ဆီးအက်ႌရင္ဘတ္စပြန္ဆာရယူလာခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ေတာ့ဒ္ဘိုေလးဟာယခုရာသီအကုန္တြင္ Three ႏွင့္လမ္းခြဲရန္စီစဥ္ေနပါတယ္။
Three ဟာလြန္ခဲ့တဲ့ႏွစ္တုန္းက႐ုရား-ယူကရိန္းစစ္ပြဲေၾကာင့္ေအဘရာမိုဗစ္ခ်္ ဆန္ရွင္အလုပ္ခံရတုန္းကခ်ဲလ္ဆီးကိုစပြန္ဆာေပးမႈရပ္ဆိုင္းေၾကာင္းေၾကညာခဲ့ဖူးပါတယ္။