ဝင်ဘာလေကွင်းတွင် ပေါင်သန်း ၉၀ တန် Team CR 7 နှင့် Team Messi ပွဲကစားရန် အလွန်နီးစပ်ခဲ့

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ဟာဝင်ဘာလေကွင်းတွင်ပေါင်သန်း၉၀တန်အောစတားပွဲစဉ်ကစားရန်အလွန်နီးစပ်တဲ့အနေအထားသို့ရောက်ခဲ့ဖူးကြောင်းသိရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေးပြီးခဲ့တဲ့လတုန်းက ပရီးမီးယားလိဂ်အော့စတာပွဲအဖြစ် မြောက်ပိုင်းအောစတားနှင့်တောင်ပိုင်းအောစတားအသင်းကစားကာ ငွေရှာသင့်ကြောင်းပြောဆိုခဲ့ဖူးပါတယ်။

အဆိုပါစနစ်မှာအမေရိကန်အားကစားလောကတွင်အခြေတည်လာခဲ့တာကြာမြင့်ပြီဖြစ်ပြီးအင်္ဂလန်မှာတော့ မရှိတော့ပါဘူး။

ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းက Messi Vs Ronaldo ပွဲဖြစ်ရန်အလွန်နီးစပ်ခဲ့ဖူးပါတယ်။မျိုးဆက်တစ်ခုရဲ့အကောင်းဆုံးကစားသမားတွေဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ဟာသူတို့စိတ်ကြိုက်အသင်းတစ်သင်းစီ ရွေးချယ်ပြီး ထိပ်တိုက်ရင်ဆိုင်တွေ့ကြမယ့်ပွဲဖြစ်ပါတယ်။

၂၀၁၄ခုနှစ်တုန်းကသန်းကြွယ်သူဌေးရောဘတ်ဘွန်နီယာဟာ တစ်ကမ္ဘာလုံးစိတ်ဝင်တစားစောင့်ကြည့်ကြမယ့် Messi Vs Ronaldo ပွဲကိုစီစဉ်ရန်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

သူဟာယင်းပွဲအတွက်စုစုပေါင်းအသုံးစရိတ်ပေါင်သန်း၉၀သုံးရန်စီစဉ်ခဲ့ပါတယ်။ယင်းပွဲကိုဝင်ဘာလေမှာကစားရန်စီစဉ်ထားပြီး မက်ဆီကသူ့စပွန်ဆာ Adidas ဝတ်စုံဖြင့်လည်းကောင်း၊ရော်နယ်ဒိုကသူ့စပွန်ဆာ Nike ဝတ်စုံဝတ်ဆင်ပြီးလည်းကောင်းယှဉ်ပြိုင်ရပါမယ်။

ယင်းပွဲကို၂၀၁၇ခုနှစ်မှာကစားကာ ၂နှစ်လျှင် တစ်ကြိမ်ကစားရန်စီစဉ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲအတွက် ရီးရဲလ်မက်ဒရစ်စတားများပါဝင်မှုအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဌပီရက်ဇ်ကလည်းပေါင်၂၁သန်းအထိတောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့အဆိုပါပွဲစဉ်မှာရင်းနှီးမြှပ်နှံသူများအကြားသဘောတူညီမှုမရရှိမှု၊နိုင်ငံရေးပါဝင်ပတ်သက်လာမှုတို့ကြောင့်ဖြစ်မြောက်လာခဲ့ခြင်းမရှိပါဘူး။

ZawGyi

ဝင္ဘာေလကြင္းတြင္ ေပါင္သန္း ၉၀ တန္ Team CR 7 ႏွင့္ Team Messi ပြဲကစားရန္ အလြန္နီးစပ္ခဲ့

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ဟာဝင္ဘာေလကြင္းတြင္ေပါင္သန္း၉၀တန္ေအာစတားပြဲစဥ္ကစားရန္အလြန္နီးစပ္တဲ့အေနအထားသို႔ေရာက္ခဲ့ဖူးေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတာ့ဒ္ဘိုေလးၿပီးခဲ့တဲ့လတုန္းက ပရီးမီးယားလိဂ္ေအာ့စတာပြဲအျဖစ္ ေျမာက္ပိုင္းေအာစတားႏွင့္ေတာင္ပိုင္းေအာစတားအသင္းကစားကာ ေငြရွာသင့္ေၾကာင္းေျပာဆိုခဲ့ဖူးပါတယ္။

အဆိုပါစနစ္မွာအေမရိကန္အားကစားေလာကတြင္အေျခတည္လာခဲ့တာၾကာျမင့္ၿပီျဖစ္ၿပီးအဂၤလန္မွာေတာ့ မရွိေတာ့ပါဘူး။

ဒါေပမဲ့လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းက Messi Vs Ronaldo ပြဲျဖစ္ရန္အလြန္နီးစပ္ခဲ့ဖူးပါတယ္။မ်ိဳးဆက္တစ္ခုရဲ႕အေကာင္းဆုံးကစားသမားေတြျဖစ္ၾကတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ဟာသူတို႔စိတ္ႀကိဳက္အသင္းတစ္သင္းစီ ေ႐ြးခ်ယ္ၿပီး ထိပ္တိုက္ရင္ဆိုင္ေတြ႕ၾကမယ့္ပြဲျဖစ္ပါတယ္။

၂၀၁၄ခုႏွစ္တုန္းကသန္းႂကြယ္သူေဌးေရာဘတ္ဘြန္နီယာဟာ တစ္ကမာၻလုံးစိတ္ဝင္တစားေစာင့္ၾကည့္ၾကမယ့္ Messi Vs Ronaldo ပြဲကိုစီစဥ္ရန္ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

သူဟာယင္းပြဲအတြက္စုစုေပါင္းအသုံးစရိတ္ေပါင္သန္း၉၀သုံးရန္စီစဥ္ခဲ့ပါတယ္။ယင္းပြဲကိုဝင္ဘာေလမွာကစားရန္စီစဥ္ထားၿပီး မက္ဆီကသူ႔စပြန္ဆာ Adidas ဝတ္စုံျဖင့္လည္းေကာင္း၊ေရာ္နယ္ဒိုကသူ႔စပြန္ဆာ Nike ဝတ္စုံဝတ္ဆင္ၿပီးလည္းေကာင္းယွဥ္ၿပိဳင္ရပါမယ္။

ယင္းပြဲကို၂၀၁၇ခုႏွစ္မွာကစားကာ ၂ႏွစ္လွ်င္ တစ္ႀကိမ္ကစားရန္စီစဥ္ထားခဲ့တာလည္းျဖစ္ပါတယ္။

ယင္းပြဲအတြက္ ရီးရဲလ္မက္ဒရစ္စတားမ်ားပါဝင္မႈအတြက္ ရီးရဲလ္မက္ဒရစ္ဥကၠဌပီရက္ဇ္ကလည္းေပါင္၂၁သန္းအထိေတာင္းဆိုခဲ့ပါတယ္။

ဒါေပမဲ့အဆိုပါပြဲစဥ္မွာရင္းႏွီးျမႇပ္ႏွံသူမ်ားအၾကားသေဘာတူညီမႈမရရွိမႈ၊ႏိုင္ငံေရးပါဝင္ပတ္သက္လာမႈတို႔ေၾကာင့္ျဖစ္ေျမာက္လာခဲ့ျခင္းမရွိပါဘူး။