ဝင်ဘာလေနိုင်ပွဲအပြီးမှာ အန်ဒိုရာကစားသမားနှင့် ဘောင်းဘီလဲခဲ့တဲ့ ကီရန်ထရစ်ပီယာ

မျက်မှောက်ခေတ်ဘောလုံးလောကမှာကစားသမားတွေအကြားအင်္ကျီချင်းလဲကြတာ အစဉ်အလာတစ်ခုလိုတောင်ဖြစ်နေပြီဖြစ်ပါတယ်။

ဘောလုံးပွဲပြီးတိုင်းနှစ်ဖက်ကစားသမားတွေဟာအင်္ကျီချင်းလဲလှယ်တာတွေပြုလုပ်မှုကလည်းများပါတယ်။

ဒါပေမယ့်ဘောလုံးမှာဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကားရှိပါတယ်။အခုလည်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းကဝင်ဘာလေကွင်းမှာအင်္ဂလန်ကအန်ဒိုရာအသင်းကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာမထင်မှတ်ထားတာဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်ရဲ့နောက်တန်းအစွန်လူကီရန်ထရစ်ပီယာဟာအန်ဒိုရာကစားသမားတစ်ဦးနှင့်ဘောင်းဘီလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။

သူဟာပွဲပြီးချိန်မှာဝင်ဘာလေကွင်းဥမင်လှိုက်ခေါင်းသို့ဝင်ချိန်မှာပြိုင်ဘက်ကစားသမားတစ်ဦးကအမှတ်တရပစ္စည်းတစ်ခုပေးဖို့ပြောဆိုလာချိန်မှာဘောင်းဘီချွတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ထရစ်ပီယာကယင်းသို့အန်ဒိုရာကစားသမားနှင့်ဘောင်းဘီလဲလှယ်မှုအား ပေးစရာမရှိတော့လို့လုပ်ဆောင်ခြင်းဖြစ်ကြောင်းဆိုရှယ်မီဒီယာမှာဟာသနှောတင်သွားပါတယ်။

တကယ်တော့သူဟာဘောင်းဘီအပြင်အင်္ကျီကိုလည်းချွတ်ပေးခဲ့ပါသေးတယ်။သူဟာအတွင်းခံဘောင်းဘီ၊ဖိနပ်ဖြင့်အဝတ်အစားလဲခန်းအတွင်းသို့ဝင်သွားခဲ့တာတွေ့ရပါတယ်။

ထရစ်ပီယာဟာညာနောက်ခံလူတစ်ဦးဖြစ်ပေမယ့်လည်းအန်ဒိုရာပွဲမှာဘယ်နောက်ခံလူအဖြစ်ပါဝင်ကစားခဲ့ပါတယ်။

ZawGyi

ဝင္ဘာေလႏိုင္ပြဲအၿပီးမွာ အန္ဒိုရာကစားသမားႏွင့္ ေဘာင္းဘီလဲခဲ့တဲ့ ကီရန္ထရစ္ပီယာ

မ်က္ေမွာက္ေခတ္ေဘာလုံးေလာကမွာကစားသမားေတြအၾကားအက်ႌခ်င္းလဲၾကတာ အစဥ္အလာတစ္ခုလိုေတာင္ျဖစ္ေနၿပီျဖစ္ပါတယ္။

ေဘာလုံးပြဲၿပီးတိုင္းႏွစ္ဖက္ကစားသမားေတြဟာအက်ႌခ်င္းလဲလွယ္တာေတြျပဳလုပ္မႈကလည္းမ်ားပါတယ္။

ဒါေပမယ့္ေဘာလုံးမွာဘာမဆိုျဖစ္ႏိုင္တယ္ဆိုတဲ့စကားရွိပါတယ္။အခုလည္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

တနဂၤေႏြေန႔တုန္းကဝင္ဘာေလကြင္းမွာအဂၤလန္ကအန္ဒိုရာအသင္းကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားေျခစစ္ပြဲအၿပီးမွာမထင္မွတ္ထားတာျဖစ္လာခဲ့ပါတယ္။

အဂၤလန္ရဲ႕ေနာက္တန္းအစြန္လူကီရန္ထရစ္ပီယာဟာအန္ဒိုရာကစားသမားတစ္ဦးႏွင့္ေဘာင္းဘီလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။

သူဟာပြဲၿပီးခ်ိန္မွာဝင္ဘာေလကြင္းဥမင္လႈိက္ေခါင္းသို႔ဝင္ခ်ိန္မွာၿပိဳင္ဘက္ကစားသမားတစ္ဦးကအမွတ္တရပစၥည္းတစ္ခုေပးဖို႔ေျပာဆိုလာခ်ိန္မွာေဘာင္းဘီခြၽတ္ေပးခဲ့တာလည္းျဖစ္ပါတယ္။

ထရစ္ပီယာကယင္းသို႔အန္ဒိုရာကစားသမားႏွင့္ေဘာင္းဘီလဲလွယ္မႈအား ေပးစရာမရွိေတာ့လို႔လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းဆိုရွယ္မီဒီယာမွာဟာသေႏွာတင္သြားပါတယ္။

တကယ္ေတာ့သူဟာေဘာင္းဘီအျပင္အက်ႌကိုလည္းခြၽတ္ေပးခဲ့ပါေသးတယ္။သူဟာအတြင္းခံေဘာင္းဘီ၊ဖိနပ္ျဖင့္အဝတ္အစားလဲခန္းအတြင္းသို႔ဝင္သြားခဲ့တာေတြ႕ရပါတယ္။

ထရစ္ပီယာဟာညာေနာက္ခံလူတစ္ဦးျဖစ္ေပမယ့္လည္းအန္ဒိုရာပြဲမွာဘယ္ေနာက္ခံလူအျဖစ္ပါဝင္ကစားခဲ့ပါတယ္။