ဝင်ဘာလေမှယူရို၂၀၂၀ပွဲစဉ်များကို ပရိသတ်အပြည့်ဖြင့် ကစားနိုင်ဖွယ်ရှိ

ဝင်ဘာလေကွင်းတွင်ကစားမယ့်ယူရို၂၀၂၀ပွဲစဉ်များကိုပရိသတ်အပြည့်ဝင်ရောက်ကြည့်ရှုခွင့်ရရှိနိုင်ကြောင်းသိရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတွင်ပရိသတ်၅၈၀၀၀ကျော်အထိဝင်ဘာလေကွင်းအတွင်းသို့ဝင်ရောက်ကြည့်ခွင့်ပေးခဲ့ရာတွင်ကိုဗစ်တွေ့ရှိမှု၁၅ခုတည်းသာရှိနေရာရာနှုန်းပြည့်နီးပါးအောင်မြင်မှုရရှိနေပါတယ်။

The Evening Standard သတင်းစာကဝင်ဘာလေကွင်းတွင်ကျင်းပမယ့်ယူရို၂၀၂၀ပွဲစဉ်များကိုပရိသတ်၉၀၀၀၀အထိဝင်ရောက်ကြည့်ခွင့်ပေးနိုင်ကြောင်းဖော်ပြသွားပါတယ်။

အင်္ဂလန်ဟာဝင်ဘာလေကွင်းမှာယူရို၂၀၂၀အုပ်စုပွဲစဉ်များအဖြစ်ခရိုအေးရှား၊စကော့တလန်၊ချက်တို့နှင့်ရင်ဆိုင်ကစားရပါမယ်။

အကယ်၍ဝင်ဘာလေယူရို၂၀၂၀ပွဲစဉ်များကိုပရိသတ်အပြည့်ဝင်ရောက်ကြည့်ခွင့်မရရှိပါကတည်းအနည်းဆုံး၂၂၅၀၀(၂၅ရာခိုင်နှုန်း)ဝင်ရောက်ကြည့်ခွင့်ရရှိဖို့ရှိနေပါတယ်။

ZawGyi

ဝင္ဘာေလမွယူ႐ို၂၀၂၀ပြဲစဥ္မ်ားကို ပရိသတ္အျပည့္ျဖင့္ ကစားႏိုင္ဖြယ္ရွိ

ဝင္ဘာေလကြင္းတြင္ကစားမယ့္ယူ႐ို၂၀၂၀ပြဲစဥ္မ်ားကိုပရိသတ္အျပည့္ဝင္ေရာက္ၾကည့္ရႈခြင့္ရရွိႏိုင္ေၾကာင္းသိရပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတြင္ပရိသတ္၅၈၀၀၀ေက်ာ္အထိဝင္ဘာေလကြင္းအတြင္းသို႔ဝင္ေရာက္ၾကည့္ခြင့္ေပးခဲ့ရာတြင္ကိုဗစ္ေတြ႕ရွိမႈ၁၅ခုတည္းသာရွိေနရာရာႏႈန္းျပည့္နီးပါးေအာင္ျမင္မႈရရွိေနပါတယ္။

The Evening Standard သတင္းစာကဝင္ဘာေလကြင္းတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ပြဲစဥ္မ်ားကိုပရိသတ္၉၀၀၀၀အထိဝင္ေရာက္ၾကည့္ခြင့္ေပးႏိုင္ေၾကာင္းေဖာ္ျပသြားပါတယ္။

အဂၤလန္ဟာဝင္ဘာေလကြင္းမွာယူ႐ို၂၀၂၀အုပ္စုပြဲစဥ္မ်ားအျဖစ္ခ႐ိုေအးရွား၊စေကာ့တလန္၊ခ်က္တို႔ႏွင့္ရင္ဆိုင္ကစားရပါမယ္။

အကယ္၍ဝင္ဘာေလယူ႐ို၂၀၂၀ပြဲစဥ္မ်ားကိုပရိသတ္အျပည့္ဝင္ေရာက္ၾကည့္ခြင့္မရရွိပါကတည္းအနည္းဆုံး၂၂၅၀၀(၂၅ရာခိုင္ႏႈန္း)ဝင္ေရာက္ၾကည့္ခြင့္ရရွိဖို႔ရွိေနပါတယ္။