ဝင်ဘာလေအောင်ပွဲအပြီးတွင် ကာစီနိုရုံမှာ ပေါင် ၃သောင်းထပ် ကံကောင်းခဲ့တဲ့ ဂျေမီဗာဒီ

ဂျေမီဗာဒီဟာဝင်လေကွင်းမှာအောင်ပွဲခံခဲ့ပြီးတဲ့နောက်ကာစီနိုရုံမှာလည်းပေါင်၃၀၀၀၀အထိအနိုင်ရရှိခဲ့ကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိဂျေမီဗာဒီဟာယခုလအစောပိုင်းတုန်းကဝင်ဘာလေကွင်းမှာမန်စီးတီးနှင့်ကစားရတဲ့ကွန်မြူနတီဒိုင်းပွဲစဉ်မှာအနိုင်ရရှိခဲ့ပါတယ်။

သူဟာလက်စတာဥက္ကဌအီယာဝတ်ဆရီဗာနာပရတ်ဟာစီစဉ်ပေးတဲ့ပါတီပွဲသို့တက်ရောက်ပြီးနောက်ကစားဖော်များနှင့်အတူလောင်းကစားလုပ်ခဲ့ပါတယ်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင်ဟာလန်ဒန်မေဖဲယားရှိ ပါ့ခ်လိန်းကာစီနိုကိုငှားရမ်းခဲ့တာဖြစ်ပြီးလောင်းကစားဖို့အတွက်ကစားသမားများကိုပေါင်၁၀၀၀စီပေးခဲ့ပါတယ်။

ကံကောင်းချင်တော့ဂျင်မီဗာဒီဟာကာစီနိုမှာအရမ်းကံကောင်းခဲ့ပြီးပေါင်၃၀၀၀၀အထိအနိုင်ရရှိခဲ့ပါတယ်။

ကွန်မြူနတီဒိုင်းရရှိလို့အရမ်းပျော်ရွှင်နေတဲ့ထိုင်းသူဌေးကတော့ကွန်မြူနတီဒိုင်းအောင်ပွဲပြုလုပ်ခဲ့ရာမှာပေါင်၂သိန်း ကုန်ကျခဲ့ပါတယ်။

ZawGyi






