ဝင်းဂါးကို အမ်းမရိတ်သို့ တကျော့ပြန်ခေါ်ဆောင်လာနိုင်ရေး အာဆင်နယ်ဆွေးနွေးနေပြီ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာကဆရာဟောင်းအာစင်ဝင်းဂါးကို အာဆင်နယ်သို့တကျော့ပြန်ရောက်လာစေလိုကြောင်းနှင့်ပြန်ရောက်လာရေးအတွက်ဆွေးနွေးထားပြီးဖြစ်ကြောင်းလည်းပြောကြားလာပါတယ်။

ပြင်သစ်လူမျိုးနည်းပြဟာ၂၀၁၈ခုနှစ်၊မေလတုန်းက၂၂နှစ်ကြာကိုင်တွယ်ပြီးနောက်အာဆင်နယ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာအာဆင်နယ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ဖီဖာတွင်ကမ္ဘာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

အာစင်ဝင်းဂါးဟာအာဆင်နယ်နည်းပြရာထူးမှထွက်ခွာခဲ့ရပြီးနောက်အမ်းမရိတ်သို့တစ်ကြိမ်မျှခြေချခြင်းမရှိခဲ့ပါဘူး။

အာတီတာက “ဆက်သွယ်မှုတော့ရှိပါတယ်။ရုပ်ရှင်(ဝင်းဂါးရဲ့မှတ်တမ်းရုပ်)အတွက်ဆုံတော့သူ့ကိုပြောခဲ့ပါတယ်။သူ့ကိုတွေ့ဆုံစကားပြောခွင့်ရခဲ့တာအရမ်းကျေနပ်ပါတယ်။သူနဲ့နီးကပ်နိုင်ဖို့သူ့ကိုပြန်ခေါ်လာနိုင်ဖို့မျှော်လင့်နေပါတယ်။သူလုပ်ဆောင်ခဲ့တာတွေကြောင့်ဒီကလူအားလုံးချစ်ခင်လေးစားအားကျမှုရထားတဲ့သူအနေနဲ့ဒီနေရာသို့ပြန်လာချိန်မှာသူ့ဖန်တီးလို့ရတာဖန်တီးနိုင်မှာဖြစ်လို့အချိန်ကောင်းတစ်ခုဖြစ်လာမယ်လို့ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်အာတီတာကအသက်၇၂နှစ်အရွယ်ရှိအာစင်ဝင်းဂါးကိုဘယ်ရာထူးဖြင့်ပြန်လည်ခေါ်ယူမလဲဆိုတာမပြောကြားခဲ့ပါဘူး။၎င်းက “အခု တော့မပြောနိုင်သေးဘူး။ဒါပေမယ့်သူဒီမှာရှိရင်အများကြီးအကူအညီရမှာဖြစ်လို့သူ့ကိုရှိစေချင်တယ်။ကလပ်အတွက်လည်းအများကြီးအကူအညီဖြစ်စေမယ်”လို့ပြောကြားသွားပါတယ်။

အာစင်ဝင်းဂါးဟာအာဆင်နယ်နည်းပြအဖြစ်ဖြင့်ပရီးမီးယားလိဂ်ဖလား၃ကြိမ်၊အက်ဖ်အေဖလား၆ကြိမ်ဆွတ်ခူးနိုင်ခဲ့ကာ၂၀၁၄ခုနှစ်တုန်းကအာတီတာကိုအာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။သူဟာလက်ရှိအာဆင်နယ်အားကစားဒါရိုက်တာအဖြစ်ထမ်းဆောင်နေတဲ့အီဒူးကိုလည်းခေါ်ဆောင်ခဲ့သူဖြစ်သလိုအကယ်ဒမီမန်နေဂျာမာတီဆက်ကာကိုလည်းခေါ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ဝင္းဂါးကို အမ္းမရိတ္သို႔ တေက်ာ့ျပန္ေခၚေဆာင္လာႏိုင္ေရး အာဆင္နယ္ေဆြးေႏြးေနၿပီ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာကဆရာေဟာင္းအာစင္ဝင္းဂါးကို အာဆင္နယ္သို႔တေက်ာ့ျပန္ေရာက္လာေစလိုေၾကာင္းႏွင့္ျပန္ေရာက္လာေရးအတြက္ေဆြးေႏြးထားၿပီးျဖစ္ေၾကာင္းလည္းေျပာၾကားလာပါတယ္။

ျပင္သစ္လူမ်ိဳးနည္းျပဟာ၂၀၁၈ခုႏွစ္၊ေမလတုန္းက၂၂ႏွစ္ၾကာကိုင္တြယ္ၿပိးေနာက္အာဆင္နယ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

သူဟာအာဆင္နယ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ဖီဖာတြင္ကမာၻ႔ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။

အာစင္ဝင္းဂါးဟာအာဆင္နယ္နည္းျပရာထူးမွထြက္ခြာခဲ့ရၿပီးေနာက္အမ္းမရိတ္သို႔တစ္ႀကိမ္မွ်ေျခခ်ျခင္းမရွိခဲ့ပါဘူး။

အာတီတာက “ဆက္သြယ္မႈေတာ့ရွိပါတယ္။႐ုပ္ရွင္(ဝင္းဂါးရဲ႕မွတ္တမ္း႐ုပ္)အတြက္ဆုံေတာ့သူ႔ကိုေျပာခဲ့ပါတယ္။သူ႔ကိုေတြ႕ဆုံစကားေျပာခြင့္ရခဲ့တာအရမ္းေက်နပ္ပါတယ္။သူနဲ႔နီးကပ္ႏိုင္ဖို႔သူ႔ကိုျပန္ေခၚလာႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။သူလုပ္ေဆာင္ခဲ့တာေတြေၾကာင့္ဒီကလူအားလုံးခ်စ္ခင္ေလးစားအားက်မႈရထားတဲ့သူအေနနဲ႔ဒီေနရာသို႔ျပန္လာခ်ိန္မွာသူ႔ဖန္တီးလို႔ရတာဖန္တီးႏိုင္မွာျဖစ္လို႔အခ်ိနိေကာင္းတစ္ခုျဖစ္လာမယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္အာတီတာကအသက္၇၂ႏွစ္အ႐ြယ္ရွိအာစင္ဝင္းဂါးကိုဘယ္ရာထူးျဖင့္ျပန္လည္ေခၚယူမလဲဆိုတာမေျပာၾကားခဲ့ပါဘူး။၎က “အခု ေတာ့မေျပာႏိုင္ေသးဘူး။ဒါေပမယ့္သူဒီမွာရွိရင္အမ်ားႀကီးအကူအညီရမွာျဖစ္လို႔သူ႔ကိုရွိေစခ်င္တယ္။ကလပ္အတြက္လည္းအမ်ားႀကီးအကူအညီျဖစ္ေစမယ္”လို႔ေျပာၾကားသြားပါတယ္။

အာစင္ဝင္းဂါးဟာအာဆင္နယ္နည္းျပအျဖစ္ျဖင့္ပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊အက္ဖ္ေအဖလား၆ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ကာ၂၀၁၄ခုႏွစ္တုန္းကအာတီတာကိုအာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္ခဲ့ပါတယ္။သူဟာလက္ရွိအာဆင္နယ္အားကစားဒါ႐ိုက္တာအျဖစ္ထမ္းေဆာင္ေနတဲ့အီဒူးကိုလည္းေခၚေဆာင္ခဲ့သူျဖစ္သလိုအကယ္ဒမီမန္ေနဂ်ာမာတီဆက္ကာကိုလည္းေခၚေဆာင္ခဲ့သူျဖစ္ပါတယ္။